Samsung ရဲ့ Galaxy M62 နဲ့ပတ်သက်တဲ့သတင်းတွေကတော့ ပိုပြီးစိတ်ဝင်စားဖို့ကောင်းလာတာကို တွေ့ရပါတယ်။ ကနဦးသတင်းတွေအရ ဒီဟန်းဆက်ဟာ Storage ပမာဏအများဆုံး M စီးရီးဝင်စမတ်ဖုန်း ဖြစ်လာမယ်လို့ သိရပါတယ်။ ထောက်ပံ့ထားမယ့်ပမာဏကတော့ 256GB လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်မှာတော့ Galaxy M62 ကို FCC မှာ 7,000mAh ဘက်ထရီနဲ့ Certified ဖြစ်လာတာကို တွေ့မြင်လိုက်ရပါတယ်။ ထွက်ပေါ်လာတဲ့အချက်အလက်တွေအရ Galaxy M62 ဟာ Galaxy F62 နဲ့ဆင်တူနေတာလည်း ဖြစ်ပါတယ်။ ဒါမှမဟုတ် တစ်ထေရာတည်း တူညီနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် မော်ဒယ်နံပါတ် SM-M625F နဲ့ Device ကတော့ Galaxy Note 10 နဲ့ Note 10+ တို့မှာအသုံးပြုထားတဲ့ Exynos 9825 chipset ကိုပဲ သုံးထားတာဖြစ်ကြောင်း Geekbench ကတစ်ဆင့် သိလာရပြီ ဖြစ်ပါတယ်။ ဒီ 7nm chipset မှာ M4 Core နှစ်ခု (2.73 GHz) နဲ့ Cortex-A75 Cores (2.4 GHz) နှစ်ခု၊ A55s (2.0 GHz) လေးခု၊ Mali-G76 MP12 CPU နဲ့ Built-in LTE modem တို့ ပါဝင်ပါတယ်။

တွဲဖက်ထားတဲ့ RAM က 6GB ဖြစ်ပြီး Galaxy M62 ကို Android 11 မောင်းနှင်ထားတာလည်း တွေ့မြင်ရပါတယ်။ FCC ရဲ့ စာရွက်စာတမ်းတွေအရ ပြီးခဲ့တဲ့ စက်တင်ဘာကမိတ်ဆက်ခဲ့တဲ့ Galaxy M51 နဲ့တူညီတဲ့ ဘက်ထရီပမာဏဖြစ်ကြောင်းလည်း သိရှိခဲ့ရပြီး ဖြစ်ပါတယ်။ ဒါ့အပြင် Galaxy M62 ဟာ အစောပိုင်းသတင်းအချို့မှာဖော်ပြထားသလို တက်ဘလက်မဟုတ်ဘဲ မိုလ်ဘိုင်းဖုန်းအဖြစ်သာ ထွက်ပေါ်လာဖွယ်ရှိပါတယ်။

Ref: GSM Arena