[Zawgyi]

Samsung ရဲ႕ Galaxy M Series ထဲမွာ Premium-budget အတြက္ ရည္ၫႊန္းသင့္တယ္လို႔ နာမည္ထြက္ေနတဲ့ ေမာ္ဒယ္တစ္မ်ိဳး ရွိပါတယ္။ အဲဒါကေတာ့ Galaxy M90 ပဲ ျဖစ္ပါတယ္။ တကယ္တမ္းေတာ့ Galaxy M90 နဲ႔ ပတ္သက္တဲ့ အခ်က္အလက္ေတြက ဘာမွမ်ားမ်ားစားစား သိရေသးတာ မဟုတ္ပါဘူး။ ဒါေပမယ့္ မီဒီယာအခ်ိဳ႕ကေတာ့ အေတာ္ေလးကို အမႊန္းတင္ခ်င္ေနပုံပါပဲ။

@ishangarwal24 ဆိုသူကေတာ့ Galaxy M90 ကို လာမယ့္ ေအာက္တိုဘာနဲ႔ ႏိုဝင္ဘာလအတြင္းမွာ အႏၵိယေဈးကြက္အတြင္း ျဖန႔္ခ်ိမယ္လို႔ ဆိုလိုက္ပါတယ္။ ေမာ္ဒယ္နံပါတ္က SM-M905F ျဖစ္ၿပီးေတာ့ ကုဒ္နာမည္က R6 လို႔လည္း ေရးသားေဖာ္ျပခဲ့ပါေသးတယ္။

ဒါ့အျပင္ @ishangarwal24 က Galaxy M90 ဟာ Galaxy A90 နဲ႔ အေတာ္ေလးကို တူညီမယ္လို႔ ေမွ်ာ္လင့္ရေၾကာင္းလည္း ခန႔္မွန္းေရးသားထားပါေသးတယ္။ ဒီေကာလာဟလအတိုင္းသာ အမွန္ျဖစ္ခဲ့မယ္ဆိုရင္ေတာ့ Galaxy M90 ကို အေတာ္ေလးေကာင္းမြန္တဲ့ Spec ေတြနဲ႔ Mid-range ဖုန္းတစ္လုံးအျဖစ္ ျမင္ေတြ႕ရႏိုင္ပါတယ္။

Mysmartprice.com ကေတာ့ Samsung ဟာ Galaxy M90 ကို ၂၀၁၉ စတုတၳသုံးလပတ္အတြင္း အိႏၵိယေဈးကြက္မွာ ျဖန႔္ခ်ိမယ္လို႔ ေရးသားေဖာ္ျပထားပါေသးတယ္။ ဒီပါဝလီပြဲေတာ္လည္း ရွိေနခ်ိန္ျဖစ္တာေၾကာင့္ ႏိုဝင္ဘာလ မကုန္ခင္လည္း ျဖစ္ႏိုင္ပါတယ္။ ဒါေပမယ့္ သတင္းရင္းျမစ္ေတြအကုန္လုံးက Galaxy M90 နဲ႔ပတ္သက္တဲ့ အခ်က္အလက္ေတြကို ဘာတစ္ခုမွမေဖာ္ျပႏိုင္ေသးတဲ့အတြက္ သိပ္ၿပီးမခိုင္မာေသးတဲ့ ေကာလာဟလတစ္ခုအျဖစ္သာ ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

Ref: GSM Arena

[Unicode]

Samsung Galaxy M90 ကို ၂၀၁၉ စတုတ္ထသုံးလပတ်အတွင်း အိန္ဒိယဈေးကွက်မှာ ဖြန့်ချိဖွယ်ရှိ

Samsung ရဲ့ Galaxy M Series ထဲမှာ Premium-budget အတွက် ရည်ညွှန်းသင့်တယ်လို့ နာမည်ထွက်နေတဲ့ မော်ဒယ်တစ်မျိုး ရှိပါတယ်။ အဲဒါကတော့ Galaxy M90 ပဲ ဖြစ်ပါတယ်။ တကယ်တမ်းတော့ Galaxy M90 နဲ့ ပတ်သက်တဲ့ အချက်အလက်တွေက ဘာမှများများစားစား သိရသေးတာ မဟုတ်ပါဘူး။ ဒါပေမယ့် မီဒီယာအချို့ကတော့ အတော်လေးကို အမွှန်းတင်ချင်နေပုံပါပဲ။

တွစ်တာမှာရှိတဲ့ Leakster တွေအနက်က လူသိပ်မသိတဲ့ @ishangarwal24 ဆိုသူကတော့ Galaxy M90 ကို လာမယ့် အောက်တိုဘာနဲ့ နိုဝင်ဘာလအတွင်းမှာ အန္ဒိယဈေးကွက်အတွင်း ဖြန့်ချိမယ်လို့ ဆိုလိုက်ပါတယ်။ မော်ဒယ်နံပါတ်က SM-M905F ဖြစ်ပြီးတော့ ကုဒ်နာမည်က R6 လို့လည်း ရေးသားဖော်ပြခဲ့ပါသေးတယ်။

ဒါ့အပြင် @ishangarwal24 က Galaxy M90 ဟာ Galaxy A90 နဲ့ အတော်လေးကို တူညီမယ်လို့ မျှော်လင့်ရကြောင်းလည်း ခန့်မှန်းရေးသားထားပါသေးတယ်။ ဒီကောလာဟလအတိုင်းသာ အမှန်ဖြစ်ခဲ့မယ်ဆိုရင်တော့ Galaxy M90 ကို အတော်လေးကောင်းမွန်တဲ့ Spec တွေနဲ့ Mid-range ဖုန်းတစ်လုံးအဖြစ် မြင်တွေ့ရနိုင်ပါတယ်။

Mysmartprice.com ကတော့ Samsung ဟာ Galaxy M90 ကို ၂၀၁၉ စတုတ္ထသုံးလပတ်အတွင်း အိန္ဒိယဈေးကွက်မှာ ဖြန့်ချိမယ်လို့ ရေးသားဖော်ပြထားပါသေးတယ်။ ဒီပါဝလီပွဲတော်လည်း ရှိနေချိန်ဖြစ်တာကြောင့် နိုဝင်ဘာလ မကုန်ခင်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သတင်းရင်းမြစ်တွေအကုန်လုံးက Galaxy M90 နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ဘာတစ်ခုမှမဖော်ပြနိုင်သေးတဲ့အတွက် သိပ်ပြီးမခိုင်မာသေးတဲ့ ကောလာဟလတစ်ခုအဖြစ်သာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Ref: GSM Arena