Samsung Galaxy Note 8 ကို အမေရိကန်ဒေါ်လာ ၉၀၀ ၀န်းကျင်နဲ့ စက်တင်ဘာလမှာ ရောင်းချမယ်လို့ အတွင်းသတင်းတွေ ထွက်ပေါ်နေပါတယ်။

သူ့မှာ Note တွေရဲ့ ထုံးစံအတိုင်း S Pen Styluses ပါဝင်ပြီး စခရင် အရွယ်အစားလည်း 6.3 လက်မရှိပြီး၊ အနောက်ကင်မရာ ၂လုံး နဲ့ ဘက်ထရီကလည်း 3300 mAh ပါဝင်မယ်လို့ သိရပါတယ်။

Samsung Galaxy S8 Plus တုန်းက မျက်နှာပြင် ၆.၂ လက်မနဲ့ ထုတ်လုပ်ခဲ့ပါတယ်။မနှစ်က Samsung Galaxy Note 7 မှာ ဘက်ထရီ ပြဿနာ ပေါ်တာကြောင့် အလုံးရေ ၃ သန်းလောက် ပြန်လည် သိမ်းဆည်းခဲ့ရပါတယ်။ ဒါကြောင့် ဒီတစ်ခေါက် Note 8 မှာလည်း ပိုပြီး အထူးဂရုစိုက် ထုတ်လုပ်ဖို့လည်း များပါတယ်။

ကင်မရာ

S8 ရဲ့ အောင်မြင်မှုရရှိတဲ့ အနောက်ဘက်မှာ ကင်မရာ ၂လုံးရဲ့ အရည်အသွေးကို ပေါင်းစပ်ထားတဲ့ Dual-Camera စနစ်ကို ဆက်သုံးဖို့လည်း ရှိနေပါတယ်။ LG V20 လိုမျိုး ကင်မရာ Lens ၂ မျိုးဖြစ်တဲ့ Wide Lens နဲ့ Telephoto Lens ၂ မျိုးပါမယ်လို့လည်း သတင်းထွက်နေပါတယ်။

Exynos 8895 နဲ့ Qualcomm Snapdragon 835 Chipsets နဲ့ RAM 6 GB လည်းပါဝင်မှာဖြစ်ပါတယ်။

S PEN

Note 8 မှာ ပါတဲ့ စာရေးတဲ့ Pen လေးက စာရေးနိုင်တာထက်ပိုပြီး စွမ်းဆောင်နိုင်မှုတွေ ဥပမာအားဖြင့် Speaker ပါဝင်လာမျိုးတွေလည်းဖြစ်နိုင်ပါတယ်။ PEN ရဲ့ ထိပ်ပိုင်းမှာလည်း Audio ဖမ်းနိုင်တဲ့ စကားပြောနိုင်တဲ့ စနစ်ပါဝင်ပြီး Pen ကနေ တစ်ဆင့် စကားသံပြန်ကြားနိုင်တဲ့ စနစ်ပါဝင်မယ်လို့လည်း သတင်းထွက်နေပါတယ်။ ဒါကြောင့် Pen ကို ကိုင်ပြီး ဖုန်းပြောသလိုလည်းပြောနိုင်မှာပါ။

Bixby Al Assistant

Samsung ရဲ့ တခြားဖုန်းတွေမှာ ပါဝင်တဲ့ ကိုယ်ရေး အရာရှိလိုမျိုး ကူညီပေးနိုင်တဲ့ Bixby Al Assistant ကို Amazon ရဲ့ Alexa၊ Google Assistant နဲ့ Apple က ထုတ်လုပ်တဲ့ Siri တို့နဲ့ ယှဉ်ပြိုင်နိုင်အောင် ပိုပြီး အဆင့်မြှင့်တင်ထားတယ်လို့လည်း သတင်းထွက်နေပါတယ်။

Samsung ကုမ္ပဏီကိုတော့ ဆက်သွယ်လို့ မရပါဘူး။

(၎င်းသတင်းကို CNET နည်းပညာ သတင်းဌာနက ရေးသားတဲ့ ဆောင်းပါးကို ဘာသာပြန်ထားတာဖြစ်ပါတယ်။ Samsung Galaxy Note 8ရဲ့ ဓာတ်ပုံတွေက Note 8 ဖြစ်လာနိုင်တဲ့ ဒီဇိုင်းတွေကို မှန်းဆပြီး နည်းပညာ သတင်းဌာနတွေက ပုံဖော်ထားတဲ့ ဓာတ်ပုံတွေဖြစ်ပါတယ်။)