Zawgyi

Samsung ရဲ႕ႏွစ္စဥ္မိတ္ဆက္ေနၾက Flagship Series ဖုန္း ၂ မ်ိဳးထဲက Galaxy Note Series ဖုန္းသစ္တစ္မ်ိဳးကေတာ့ အခုအခ်ိန္မွာ မိတ္ဆက္မယ့္အခ်ိန္ကို တရားဝင္ေၾကညာလုိက္ပါျပီ။ ဒါကေတာ့ Samsung Galaxy Note 10 Series ဖုန္းေတြပဲျဖစ္ပါတယ္။

Samsung က အခုသတင္းကို တရားဝင္ Teaser ဓါတ္ပံုတစ္ခုနဲ႔အတူ ေဖာ္ျပခဲ့တာျဖစ္ျပီးေတာ့ အဆိုပါ ဓါတ္ပံုမွာ S Pen နဲ႔ Selfie Camera ပံုကိုပဲ ထည့္သြင္းထားခဲ့တာျဖစ္ပါတယ္။ အဲ့ဒီအတြက္ S Pen မွာ Selfie Camera ကို ထည့္သြင္းလာႏုိင္မလား… ဒါမွမဟုတ္ Infinity-O Selfie Camera နဲ႔အတူ S Pen ကို အဆင့္ျမွင့္တင္မႈေတြျပဳလုပ္လာႏုိင္ဦးမလားဆိုတာက စိတ္ဝင္စားဖုိ႔ေကာင္းေနပါတယ္။

Samsung ဟာ အခု Galaxy Note 10 အတြက္ Galaxy Unpacked Event ကို New York ျမိဳ႕မွာျပဳလုပ္သြားမွာျဖစ္ျပီးေတာ့ Samsung Official Website နဲ႔ Social Media Page ေတြမွာလည္း Live ၾကည့္ရႈႏုိင္မွာျဖစ္ပါတယ္။

Samsung ဟာ ဒီႏွစ္မွာ ယခင္ႏွစ္ေတြနဲ႔ မတူညီဘဲ Galaxy Note 10 နဲ႔ Note 10 Pro ဆုိျပီး ၂ မ်ိဳး မိတ္ဆက္လာမယ္လုိ႔ သိရတဲ့အတြက္ Galaxy Note 10 ေနာက္မွာ ဆက္တုိက္မိတ္ဆက္လာမယ့္ Apple iPhone 11 ၊ Google Pixel 4 နဲ႔ Huawei Mate 30 Pro ဖုန္းေတြနဲ႔လည္း ဆက္တုိက္ယွဥ္ျပိဳင္ရဖြယ္ရွိေနပါတယ္။

Ref : CNet

Unicode

Samsung ရဲ့နှစ်စဉ်မိတ်ဆက်နေကြ Flagship Series ဖုန်း ၂ မျိုးထဲက  Galaxy Note Series ဖုန်းသစ်တစ်မျိုးကတော့ အခုအချိန်မှာ မိတ်ဆက်မယ့်အချိန်ကို တရားဝင်ကြေညာလိုက်ပါပြီ။ ဒါကတော့ Samsung Galaxy Note 10 Series ဖုန်းတွေပဲဖြစ်ပါတယ်။

Samsung က အခုသတင်းကို တရားဝင် Teaser ဓါတ်ပုံတစ်ခုနဲ့အတူ ဖော်ပြခဲ့တာဖြစ်ပြီးတော့ အဆိုပါ ဓါတ်ပုံမှာ S Pen နဲ့ Selfie Camera ပုံကိုပဲ ထည့်သွင်းထားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် S Pen မှာ Selfie Camera ကို ထည့်သွင်းလာနိုင်မလား… ဒါမှမဟုတ် Infinity-O Selfie Camera နဲ့အတူ S Pen ကို အဆင့်မြှင့်တင်မှုတွေပြုလုပ်လာနိုင်ဦးမလားဆိုတာက စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

Samsung ဟာ အခု Galaxy Note 10 အတွက် Galaxy Unpacked Event ကို New York မြို့မှာပြုလုပ်သွားမှာဖြစ်ပြီးတော့ Samsung Official Website နဲ့ Social Media Page တွေမှာလည်း Live ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Samsung ဟာ ဒီနှစ်မှာ ယခင်နှစ်တွေနဲ့ မတူညီဘဲ Galaxy Note 10 နဲ့ Note 10 Pro ဆိုပြီး ၂ မျိုး မိတ်ဆက်လာမယ်လို့ သိရတဲ့အတွက် Galaxy Note 10 နောက်မှာ ဆက်တိုက်မိတ်ဆက်လာမယ့် Apple iPhone 11 ၊ Google Pixel 4 နဲ့ Huawei Mate 30 Pro ဖုန်းတွေနဲ့လည်း ဆက်တိုက်ယှဉ်ပြိုင်ရဖွယ်ရှိနေပါတယ်။

Ref : CNet