[Zawgyi]

မၾကာခင္ကမွ ေၾကညာထားတဲ့ Samsung Galaxy Note 10+ ဟာ DisplayMate ရဲ႕ A+ Rating ကို ရရွိသြားပါတယ္။ Samsung ရဲ႕ စြမ္းရည္ျမင့္ ဖုန္း အသစ္တိုင္းမွာ ပိုပိုေကာင္းလာတဲ့ OLED Display ေတြ ပါလာၾကပါတယ္။ ဒီတစ္ခါမွာလည္း Samsung ဟာ Note 10+ မွာ Dynamic AMOLED Display ထည့္သြင္းထားၿပီး DisplayMate က အေကာင္းဆံုး စမတ္ဖုန္း Display လို႔ သတ္မွတ္လိုက္ပါတယ္။

DisplayMate က Note 10+ ရဲ႕ Display ကို ထဲထဲ၀င္၀င္ စမ္းသပ္ခဲ့ၿပီး စံခ်ိန္ေပါင္း ၁၃ ခု ခ်ိဳးသြားတယ္လို႔ ေျပာပါတယ္။ Note 10+ ဟာ အျမင့္မားဆံုး Display Brightness အေနနဲ႔ 1,308 nits နဲ႔ OLED Smartphone အတြက္ အျမင့္မားဆံုး Full-screen Brightness ျဖစ္တဲ့ 793 nits ရသြားပါတယ္။ အေရာင္ တိက်မႈနဲ႔ ၾကည္လင္ျပတ္သားမႈ အပိုင္းမွာလည္း အျမင့္ဆံုး စံခ်ိန္တင္သြားပါတယ္။

DisplayMate က Note 10+ ဟာ လက္ရွိ On-screen Content ေတြအတြက္ သင့္ေတာ္တဲ့ Color Gamut ကို အလိုလို ေျပာင္းလဲေပးႏုိင္တဲ့ ICC Color Management ကို ပံ့ပိုးေပးတယ္လို႔ ေျပာပါတယ္။ Viewing Angles ေတြကေတာ့ သိပ္ျပည့္စံုျခင္း မရွိပါဘူး။ ၃၀ ဒီဂရီ ကေန ၾကည့္ရင္ အျဖဴ၊ အနီနဲ႔ အစိမ္းေရာင္ေတြဟာ အနည္းငယ္ ေျပာင္းသြားေပမယ့္ သိပ္ေတာ့ မသိသာပါဘူး။

Galaxy Note 10+ မွာ ၆.၉၈ လက္မ QHD+ Dynamic AMOLED Display ထည့္သြင္းထားၿပီး Punch-hole Selfie Camera ပါပါတယ္။ ရိုးရိုး Note 10 မွာလည္း Dynamic AMOLED Display ပါေပမယ့္ အရြယ္အစား ပိုေသးတဲ့  ၆.၃ လက္မနဲ႔ အရည္အေသြးပိုနိမ့္တဲ့ FHD+ Resolution သာ ပါပါတယ္။

Ref : indiatoday

[Unicode]

DisplayMate ရဲ့ အကောင်းဆုံး Display ဖြစ်လာတဲ့ Samsung Galaxy Note 10+

မကြာခင်ကမှ ကြေညာထားတဲ့ Samsung Galaxy Note 10+ ဟာ DisplayMate ရဲ့ A+ Rating ကို ရရှိသွားပါတယ်။ Samsung ရဲ့ စွမ်းရည်မြင့် ဖုန်း အသစ်တိုင်းမှာ ပိုပိုကောင်းလာတဲ့ OLED Display တွေ ပါလာကြပါတယ်။ ဒီတစ်ခါမှာလည်း Samsung ဟာ Note 10+ မှာ Dynamic AMOLED Display ထည့်သွင်းထားပြီး DisplayMate က အကောင်းဆုံး စမတ်ဖုန်း Display လို့ သတ်မှတ်လိုက်ပါတယ်။

DisplayMate က Note 10+ ရဲ့ Display ကို ထဲထဲဝင်ဝင် စမ်းသပ်ခဲ့ပြီး စံချိန်ပေါင်း ၁၃ ခု ချိုးသွားတယ်လို့ ပြောပါတယ်။ Note 10+ ဟာ အမြင့်မားဆုံး Display Brightness အနေနဲ့ 1,308 nits နဲ့ OLED Smartphone အတွက် အမြင့်မားဆုံး Full-screen Brightness ဖြစ်တဲ့ 793 nits ရသွားပါတယ်။ အရောင် တိကျမှုနဲ့ ကြည်လင်ပြတ်သားမှု အပိုင်းမှာလည်း အမြင့်ဆုံး စံချိန်တင်သွားပါတယ်။

DisplayMate က Note 10+ ဟာ လက်ရှိ On-screen Content တွေအတွက် သင့်တော်တဲ့ Color Gamut ကို အလိုလို ပြောင်းလဲပေးနိုင်တဲ့ ICC Color Management ကို ပံ့ပိုးပေးတယ်လို့ ပြောပါတယ်။ Viewing Angles တွေကတော့ သိပ်ပြည့်စုံခြင်း မရှိပါဘူး။ ၃၀ ဒီဂရီ ကနေ ကြည့်ရင် အဖြူ၊ အနီနဲ့ အစိမ်းရောင်တွေဟာ အနည်းငယ် ပြောင်းသွားပေမယ့် သိပ်တော့ မသိသာပါဘူး။

Galaxy Note 10+ မှာ ၆.၉၈ လက်မ QHD+ Dynamic AMOLED Display ထည့်သွင်းထားပြီး Punch-hole Selfie Camera ပါပါတယ်။ ရိုးရိုး Note 10 မှာလည်း Dynamic AMOLED Display ပါပေမယ့် အရွယ်အစား ပိုသေးတဲ့ ၆.၃ လက်မနဲ့ အရည်အသွေးပိုနိမ့်တဲ့ FHD+ Resolution သာ ပါပါတယ်။

Ref : indiatoday