[Unicode]

Samsung Galaxy Note 10 Lite ရဲ့ သတင်းအချက်အလက်တွေ မကြာခဏ ပေါက်ကြားထွက်ပေါ်နေတဲ့အတွက် မကြာခင်မှာ ကြေညာတော့မယ်လို့ ထင်ပါတယ်။ အခုလည်း Winfuture.de က အဲဒီဖုန်းရဲ့ Specs အပြည့်အစုံနဲ့ ဓါတ်ပုံတွေကို ဖွလိုက်ပါတယ်။ Galaxy Note 10 Lite မှာ ၆.၇ လက်မ Super AMOLED HD+ မျက်နှာပြင် ထည့်သွင်းထားမှာ ဖြစ်ပြီး မူလ Note 10 ဖုန်းမှာလို Infinity-O မျက်နှာပြင် ဒီဇိုင်းကို သုံးထားပါတယ်။ မျက်နှာပြင်အောက်မှာ လက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။

၂၀၁၈ ထုတ် Galaxy S9 Series နဲ့ Galaxy Note 9 တွေမှာ ပါတဲ့ Exynos 9810 Chipset ကို Galaxy Note 10 Lite မှာ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ လာမယ့်လမှာ ကြေညာမယ်လို့ သတင်းထွက်နေပြီး Note 10 Lite ဟာ Galaxy S10 Lite ထက် ဈေးသက်သာနိုင်ပါတယ်။ Exynos 9810 ကို သုံးထားလို့ ဒီလို ဈေးသက်သာတာ ဖြစ်ပြီး S10 Lite မှာ Snapdragon 855 ကို ထည့်ထားမှာပါ။

Note 10 Lite မှာ 6GB RAM နဲ့ 128GB Storage ပါလာပြီး microSD Card စိုက်နိုင်ပါတယ်။ Android 10 အခြေပြု One UI 2.0 မောင်းနှင်ထားပြီး အရွယ်ကြီး 4,500mAh ဘက်ထရီ ပါပါတယ်။ 25W Fast Charging နည်းပညာ ထည့်ထားပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၃ လုံးပါလာပြီး 12MP Main , 12MP Telephoto နဲ့ 12MP Wide-angle တွေ ဖြစ်ပါတယ်။ 60fps UHD ဗီဒီယိုတွေနဲ့ Super Slow-motion ဗီဒီယိုတွေ ဖမ်းယူပေးနိုင်ပါတယ်။ 32MP ဆဲလ်ဖီး ကင်မရာ ထည့်ထားပါတယ်။

Bluetooth 5.1 ပါတဲ့ S Pen ထည့်ထားမယ်လို့ အရင်က သတင်းပေးထားပါတယ်။ အခုသတင်းအသစ်အရ Bluetooth 5.0 ပဲပါမယ်လို့ သိရပါတယ်။ NFC, Dual-band WiFi နဲ့ 3.5mm Audio Jack တွေ ထည့်ထားမှာပါ။ အနောက်ဥရောပမှာ ၆၀၉ ယူရိုနဲ့ ရောင်းနိုင်ပြီး မြန်မာငွေ ၁၀ သိန်းလောက်ရှိနိုင်ပါတယ်။ Aura Black, Aura Red နဲ့ Aura Glowpress အရောင်တွေ ထုတ်လုပ်ထားနိုင်ပြီး လာမယ့်လ ၁၀ ရက်နေ့မှာ ကြေညာမယ်လို့ သတင်းထွက်နေပါတယ်။

Ref : gizmochina

[Zawgyi]

Samsung Galaxy Note 10 Lite ရဲ႕ Full Specs နဲ႔ ဓါတ္ပံုေတြ ထြက္ေပၚလာ

Samsung Galaxy Note 10 Lite ရဲ႕ သတင္းအခ်က္အလက္ေတြ မၾကာခဏ ေပါက္ၾကားထြက္ေပၚေနတဲ့အတြက္ မၾကာခင္မွာ ေၾကညာေတာ့မယ္လို႔ ထင္ပါတယ္။ အခုလည္း Winfuture.de က အဲဒီဖုန္းရဲ႕ Specs အျပည့္အစံုနဲ႔ ဓါတ္ပံုေတြကို ဖြလိုက္ပါတယ္။ Galaxy Note 10 Lite မွာ ၆.၇ လက္မ Super AMOLED HD+ မ်က္ႏွာျပင္ ထည့္သြင္းထားမွာ ျဖစ္ၿပီး မူလ Note 10 ဖုန္းမွာလို Infinity-O မ်က္ႏွာျပင္ ဒီဇိုင္းကို သံုးထားပါတယ္။ မ်က္ႏွာျပင္ေအာက္မွာ လက္ေဗြရာ ကိရိယာ ျမွပ္ႏွံထားပါတယ္။

၂၀၁၈ ထုတ္ Galaxy S9 Series နဲ႔ Galaxy Note 9 ေတြမွာ ပါတဲ့ Exynos 9810 Chipset ကို Galaxy Note 10 Lite မွာ ထည့္သြင္းထားမွာ ျဖစ္ပါတယ္။ လာမယ့္လမွာ ေၾကညာမယ္လို႔ သတင္းထြက္ေနၿပီး Note 10 Lite ဟာ Galaxy S10 Lite ထက္ ေစ်းသက္သာႏုိင္ပါတယ္။ Exynos 9810 ကို သံုးထားလို႔ ဒီလို ေစ်းသက္သာတာ ျဖစ္ၿပီး S10 Lite မွာ Snapdragon 855 ကို ထည့္ထားမွာပါ။

Note 10 Lite မွာ 6GB RAM နဲ႔ 128GB Storage ပါလာၿပီး microSD Card စိုက္ႏုိင္ပါတယ္။ Android 10 အေျချပဳ One UI 2.0 ေမာင္းႏွင္ထားၿပီး အရြယ္ႀကီး 4,500mAh ဘက္ထရီ ပါပါတယ္။ 25W Fast Charging နည္းပညာ ထည့္ထားပါတယ္။ အေနာက္ဘက္မွာ ကင္မရာ ၃ လံုးပါလာၿပီး 12MP Main , 12MP Telephoto နဲ႔ 12MP Wide-angle ေတြ ျဖစ္ပါတယ္။ 60fps UHD ဗီဒီယိုေတြနဲ႔ Super Slow-motion ဗီဒီယိုေတြ ဖမ္းယူေပးႏုိင္ပါတယ္။ 32MP ဆဲလ္ဖီး ကင္မရာ ထည့္ထားပါတယ္။

Bluetooth 5.1 ပါတဲ့ S Pen ထည့္ထားမယ္လို႔ အရင္က သတင္းေပးထားပါတယ္။ အခုသတင္းအသစ္အရ Bluetooth 5.0 ပဲပါမယ္လို႔ သိရပါတယ္။ NFC, Dual-band WiFi နဲ႔ 3.5mm Audio Jack ေတြ ထည့္ထားမွာပါ။ အေနာက္ဥေရာပမွာ ၆၀၉ ယူရိုနဲ႔ ေရာင္းႏိုင္ၿပီး ျမန္မာေငြ ၁၀ သိန္းေလာက္ရွိႏုိင္ပါတယ္။ Aura Black, Aura Red နဲ႔ Aura Glowpress အေရာင္ေတြ ထုတ္လုပ္ထားႏုိင္ၿပီး လာမယ့္လ ၁၀ ရက္ေန႔မွာ ေၾကညာမယ္လို႔ သတင္းထြက္ေနပါတယ္။

Ref : gizmochina