[Zawgyi]

လြန္ခဲ့တဲ့ ၂၀၀၉ ခုႏွစ္တုန္းက 4.3-inch HTC HD2 စထြက္ခ်ိန္မွာ လူ အေတာ္မ်ားမ်ားက စမတ္ဖုန္းတစ္လုံးရဲ႕ မ်က္ႏွာျပင္က အဲဒီေလာက္ မႀကီးသင့္ပါဘူးလို႔ ေျပာၾကပါတယ္။ ဒါေပမယ့္ ေနာက္ထပ္ႏွစ္နည္းနည္းၾကာသြားေတာ့ Samsung Galaxy Note 5.3-inch နဲ႔ မ်က္ႏွွာျပင္ဆိုက္ အႀကီးႀကီးကို ထုတ္ခဲ့ပါေတာ့တယ္။

ဆိုလိုတာက လူေတြရဲ႕ စိတ္ထဲမွာ မ်က္ႏွာျပင္ႀကီးတဲ့ဖုန္းက သိပ္မလိုအပ္ဘူးလို စစခ်င္းမွာ ေတြးတတ္ၾကေပမယ့္ တကယ္တမ္းမွာေတာ့ မ်က္ႏွာျပင္ႀကီးတဲ့ စမတ္ဖုန္းက ပိုၿပီးသုံးစြြဲရေကာင္းသလို ပိုၿပီးေတာ့လည္း ဆြဲေဆာင္မႈရွိတာပါပဲ။ ဒါေၾကာင့္လည္း လက္တစ္ဝါးစာေလာက္ iPhone ေတြလည္း ေျပာင္းလဲသြားခဲ့ရပါၿပီ။ အခုဆိုရင္ Galaxy Note 9 က 6.4-inch ေတာင္ ျဖစ္ေနပါၿပီ။

ဒါျဖင့္ရင္ ေနာက္ထြက္လာမယ့္ Galaxy Note 10 အေနနဲ႔ 6.4-inch ထက္ ပိုၿပီး ႀကီးလာရင္ေရာ ပိုလြန္းတယ္လို႔ ေျပာရမွာလား။ ကိုရီးယားကေန ထြက္ေပၚလာတဲ့ ေကာလာဟလတစ္ခုရွိပါတယ္။ Galaxy Note 10 ဟာ 6.66-inch မ်က္ႏွာျပင္ 4K resolution နဲ႔ ျဖစ္လိမ့္မယ္တဲ့။ US ကို ပို႔ထားတဲ့ Handset ရဲ႕ Code name က “DaVinci” လို႔ေတာင္ ေျပာထားပါေသးတယ္။

ေက်ာဘက္မွာ ကင္မရာသုံးလုံး တပ္ဆင္ေပးထားသလို၊ New Qualcomm Snapdragon 8150 ကို သုံးထားၿပီး 5G လည္း သုံးလို႔ရႏိုင္တယ္လို႔ ဆိုထားတဲ့ ဒီသတင္းက အေထာက္အထားအတိအက်နဲ႔ မဟုတ္ေပမယ့္ စိတ္ဝင္စားစရာေတာ့ ေကာင္းပါတယ္။ အထူးသျဖင့္ Samsung Galaxy F foldable က 7.3-inch ဆိုေတာ့ 6.6-inch ဆိုတာ ဘာမွမဟုတ္ေတာ့သလိုပါပဲ။ (႐ုပ္ပုံမ်ားသည္ နမူနာပုံမ်ားသာျဖစ္ၿပီး Noet 10 အစစ္အမွန္ပုံမ်ား မဟုတ္ပါ)

Ref: Phonearena

 

[Unicode]

လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်တုန်းက 4.3-inch HTC HD2 စထွက်ချိန်မှာ လူ အတော်များများက စမတ်ဖုန်းတစ်လုံးရဲ့ မျက်နှာပြင်က အဲဒီလောက် မကြီးသင့်ပါဘူးလို့ ပြောကြပါတယ်။ ဒါပေမယ့် နောက်ထပ်နှစ်နည်းနည်းကြာသွားတော့ Samsung Galaxy Note 5.3-inch နဲ့ မျက်နှှာပြင်ဆိုက် အကြီးကြီးကို ထုတ်ခဲ့ပါတော့တယ်။

ဆိုလိုတာက လူတွေရဲ့ စိတ်ထဲမှာ မျက်နှာပြင်ကြီးတဲ့ဖုန်းက သိပ်မလိုအပ်ဘူးလို စစချင်းမှာ တွေးတတ်ကြပေမယ့် တကယ်တမ်းမှာတော့ မျက်နှာပြင်ကြီးတဲ့ စမတ်ဖုန်းက ပိုပြီးသုံးစွွဲရကောင်းသလို ပိုပြီးတော့လည်း ဆွဲဆောင်မှုရှိတာပါပဲ။ ဒါကြောင့်လည်း လက်တစ်ဝါးစာလောက် iPhone တွေလည်း ပြောင်းလဲသွားခဲ့ရပါပြီ။ အခုဆိုရင် Galaxy Note 9 က 6.4-inch တောင် ဖြစ်နေပါပြီ။

ဒါဖြင့်ရင် နောက်ထွက်လာမယ့် Galaxy Note 10 အနေနဲ့ 6.4-inch ထက် ပိုပြီး ကြီးလာရင်ရော ပိုလွန်းတယ်လို့ ပြောရမှာလား။ ကိုရီးယားကနေ ထွက်ပေါ်လာတဲ့ ကောလာဟလတစ်ခုရှိပါတယ်။ Galaxy Note 10 ဟာ 6.66-inch မျက်နှာပြင် 4K resolution နဲ့ ဖြစ်လိမ့်မယ်တဲ့။ US ကို ပို့ထားတဲ့ Handset ရဲ့ Code name က “DaVinci” လို့တောင် ပြောထားပါသေးတယ်။

ကျောဘက်မှာ ကင်မရာသုံးလုံး တပ်ဆင်ပေးထားသလို၊ New Qualcomm Snapdragon 8150 ကို သုံးထားပြီး 5G လည်း သုံးလို့ရနိုင်တယ်လို့ ဆိုထားတဲ့ ဒီသတင်းက အထောက်အထားအတိအကျနဲ့ မဟုတ်ပေမယ့် စိတ်ဝင်စားစရာတော့ ကောင်းပါတယ်။ အထူးသဖြင့် Samsung Galaxy F foldable က 7.3-inch ဆိုတော့ 6.6-inch ဆိုတာ ဘာမှမဟုတ်တော့သလိုပါပဲ။ (ရုပ်ပုံများသည် နမူနာပုံများသာဖြစ်ပြီး Noet 10 အစစ်အမှန်ပုံများ မဟုတ်ပါ)

Ref: Phonearena