Zawgyi

Samsung ကေန ဒီႏွစ္အတြက္ ဒုတိယေျမာက္ Flagship Series ဖုန္းေတြျဖစ္လာမယ့္ Galaxy Note 10 နဲ႔ Note 10 Pro စမတ္ဖုန္းေတြကို မၾကာခင္အခ်ိန္အတြင္းမွာ မိတ္ဆက္လာေတာ့မွာျဖစ္ပါတယ္။ လက္ရွိသိထားရတဲ့သတင္းေတြအရဆုိရင္ Samsung ကေန ဒီ Galaxy Note 10 Series ဖုန္းေတြကို မႏွစ္တုန္းက Galaxy Note 9 ထက္ေတာင္ ေစာျပီး လာမယ့္ ၾသဂုတ္လ ၇ ရက္ေန႔မွာ မိတ္ဆက္လာေတာ့မွာပဲျဖစ္ပါတယ္။

အခုအခ်ိန္္္မွာဆုိရင္ တရားဝင္မိတ္ဆက္ဖုိ႔ နီးစပ္လာတာနဲ႔အမွ် Samsung Galaxy Note 10 ဖုန္းေတြရဲ႕ Renders ေတြ၊ Screen Protector ေတြနဲ႔ Case ေတြကို ေတြ႕လာရျပီျဖစ္ျပီး အခုလည္း ေနာက္ထပ္ Galaxy Note 10 ဖုန္းေတြမွာ ပါဝင္လာမယ့္ နည္းပညာတစ္ခုက ထပ္မံေပါက္ၾကားလာခဲ့ပါတယ္။

ဒီနည္းပညာကေတာ့ Sound on Display နည္းပညာပဲျဖစ္ျပီးေတာ့ Samsung နဲ႔ ပတ္သတ္တဲ့သတင္းေတြကို အျမဲတမ္း Leak လုပ္တတ္တဲ့ Ice Universe ကေန ေျပာၾကားခဲ့တာျဖစ္တဲ့အတြက္ တကယ္ပါဝင္လာဖုိ႔မ်ားေနပါတယ္။

Sound on Display နည္းပညာက ဖုန္းေျပာတဲ့အခ်ိန္မွာ Earpiece အစား Display ကေန အသံထြက္ေစတဲ့နည္းပညာတစ္ခုျဖစ္ျပီးေတာ့ ယခုႏွစ္အေစာပိုင္းတုန္းကလည္း Huawei P30 Pro ဖုန္းမွာ အသံုးျပဳခဲ့ပါေသးတယ္။ ျဖစ္ႏုိင္တာတစ္ခုက Samsung အေနနဲ႔ Galaxy Note 10 Series ဖုန္းေတြကို ေဘာင္မတရားေသးငယ္ေအာင္ျပဳလုပ္လုိက္တဲ့အတြက္ Earpiece Speaker ထည့္ဖုိ႔ ေနရာမက်န္ေတာ့ဘဲ ဒီနည္းလမ္းကို အသံုးျပဳလုိက္ရရတဲ့ပံုစံပါပဲ။


အခုလုိမ်ိဳး Sound on Display နည္းပညာကို Samsung Galaxy Note 10 ေရာ Note 10 Pro ဖုန္းေတြမွာပါ အသံုးျပဳလာမွာျဖစ္ျပီးေတာ့ Samsung အေနနဲ႔ အခုလုိ Earpiece Speaker မပါေတာ့တဲ့အတြက္ Stereo Speaker Setup ကို ဘယ္လုိရေအာင္ လုပ္လာမလဲဆုိတာ ဆက္ျပီးေစာင့္ၾကည့္ရမွာပါ။

Ref – GSM Arena

Unicoode

Samsung ကနေ ဒီနှစ်အတွက် ဒုတိယမြောက် Flagship Series ဖုန်းတွေဖြစ်လာမယ့် Galaxy Note 10 နဲ့ Note 10 Pro စမတ်ဖုန်းတွေကို မကြာခင်အချိန်အတွင်းမှာ မိတ်ဆက်လာတော့မှာဖြစ်ပါတယ်။ လက်ရှိသိထားရတဲ့သတင်းတွေအရဆိုရင် Samsung ကနေ ဒီ Galaxy Note 10 Series ဖုန်းတွေကို မနှစ်တုန်းက Galaxy Note 9 ထက်တောင် စောပြီး လာမယ့် သြဂုတ်လ ၇ ရက်နေ့မှာ မိတ်ဆက်လာတော့မှာပဲဖြစ်ပါတယ်။

အခုအချိန်မှာဆိုရင် တရားဝင်မိတ်ဆက်ဖို့ နီးစပ်လာတာနဲ့အမျှ Samsung Galaxy Note 10 ဖုန်းတွေရဲ့ Renders တွေ၊ Screen Protector တွေနဲ့ Case တွေကို တွေ့လာရပြီဖြစ်ပြီး အခုလည်း နောက်ထပ် Galaxy Note 10 ဖုန်းတွေမှာ ပါဝင်လာမယ့် နည်းပညာတစ်ခုက ထပ်မံပေါက်ကြားလာခဲ့ပါတယ်။

ဒီနည်းပညာကတော့ Sound on Display နည်းပညာပဲဖြစ်ပြီးတော့ Samsung နဲ့ ပတ်သတ်တဲ့သတင်းတွေကို အမြဲတမ်း Leak လုပ်တတ်တဲ့ Ice Universe ကနေ ပြောကြားခဲ့တာဖြစ်တဲ့အတွက် တကယ်ပါဝင်လာဖို့များနေပါတယ်။

Sound on Display နည်းပညာက ဖုန်းပြောတဲ့အချိန်မှာ Earpiece အစား Display ကနေ အသံထွက်စေတဲ့နည်းပညာတစ်ခုဖြစ်ပြီးတော့ ယခုနှစ်အစောပိုင်းတုန်းကလည်း Huawei P30 Pro ဖုန်းမှာ အသုံးပြုခဲ့ပါသေးတယ်။ ဖြစ်နိုင်တာတစ်ခုက Samsung အနေနဲ့ Galaxy Note 10 Series ဖုန်းတွေကို ဘောင်မတရားသေးငယ်အောင်ပြုလုပ်လိုက်တဲ့အတွက် Earpiece Speaker ထည့်ဖို့ နေရာမကျန်တော့ဘဲ ဒီနည်းလမ်းကို အသုံးပြုလိုက်ရရတဲ့ပုံစံပါပဲ။


အခုလိုမျိုး Sound on Display နည်းပညာကို Samsung Galaxy Note 10 ရော Note 10 Pro ဖုန်းတွေမှာပါ အသုံးပြုလာမှာဖြစ်ပြီးတော့ Samsung အနေနဲ့ အခုလို Earpiece Speaker မပါတော့တဲ့အတွက် Stereo Speaker Setup ကို ဘယ်လိုရအောင် လုပ်လာမလဲဆိုတာ ဆက်ပြီးစောင့်ကြည့်ရမှာပါ။

Ref – GSM Arena