Zawgyi

Samsung ရဲ႕ Galaxy Note 10 Series စမတ္ဖုန္းေတြက လာမယ့္ ၾသဂုတ္လ ၇ ရက္ေန႔ဆိုရင္ တရားဝင္မိတ္ဆက္ေတာ့မွာျဖစ္ပါတယ္။ အခုအခ်ိန္မွာလည္း ဒီ Galaxy Note 10 Series ဖုန္းေတြရဲ႕ Leaks ဓါတ္ပံုေတြ သတင္းေတြအမ်ားအျပားထြက္ေပၚေနျပီးေတာ့ အခုလည္း Camera နဲ႔ သက္ဆုိင္တဲ့ သတင္းတစ္ခုထြက္ရွိလာျပီျဖစ္ပါတယ္။

အခုသတင္းကေတာ့ Samsung ကေန Galaxy Note 10 စမတ္ဖုန္းေတြမွာ လက္ရွိ S10 Series ဖုန္းေတြမွာပါဝင္ေနသလုိ Primary ၊ Ultrawide နဲ႔ Telephoto Sensor ေတြအျပင္ 3D ToF Sensor ကိုပါ ထည့္သြင္းလာဖုိ႔ရွိေနတာျဖစ္ပါတယ္။ ဒါကလည္း တစ္ခုထဲမဟုတ္ဘဲ ၂ ခုေလာက္အထိကို ပါဝင္လာႏုိင္ပါတယ္။

Samsung ဟာ ဒီ 3D ToF Camera Sensor ေတြကို အခုမွ အသံုးျပဳလာတာမဟုတ္ဘဲ Samsung Galaxy S10 5G ၊ Galaxy A80 လုိဖုန္းေတြမွာလည္း အသံုးျပဳခဲ့ျပီးျဖစ္ပါတယ္။ အဆိုပါ 3D ToF Sneosr ေတြက Background Bokeh ၊ AR Application နဲ႔ Face Recognition အတြက္အဓိက အသံုးျပဳတာလည္းျဖစ္ပါတယ္။

ဒါေပမယ့္အခု Samsung ကေန Galaxy Note 10 အတြက္ ToF Sensor ေတြကို Lens Maker ကုမၸဏီျဖစ္တဲ့ KOLEN ဆီမွာ အပ္ထားတာ ျဖစ္ပါတယ္။ KOLEN ဟာ Samsung နဲ႔ပူးတြဲလုပ္ေဆာင္ဖို႔အတြက္ Vietnam မွာ စက္႐ုံတည္ဖို႔တင္ ေဒၚလာ ၂၁.၆ သန္း ရင္းႏွီးျမဳပ္ႏွံထားတာ ျဖစ္ပါတယ္။ ဒါ့အျပင္ Production Capacity ကိုလည္း Sensors စုစုေပါင္း ၁၃ သန္းထုတ္လုပ္ရာကေန ၂၅ သန္းအထိ တိုးျမႇင့္မယ္လို႔ သိရပါတယ္။

ဒီ 3D ToF Sensor ေတြဟာ Galaxy Note 10+ ဖုန္းမွာ ပါဝင္လာဖို႔ကေတာ့ က်ိန္းေသေနျပီျဖစ္ျပီး တခ်ိဳ႕ကေျပာၾကားခ်က္ေတြအရလည္း ဖုန္းရဲ႕ အေရွ႕ဘက္ Selfie Camera ေဘးမွာပါ ေနာက္ထပ္ 3D ToF Sensor တစ္ခုကို ထည့္သြင္းလာႏုိင္တယ္လုိ႔ ယူဆရပါတယ္။

ဘာပဲျဖစ္ျဖစ္ ဒီ Galaxy Note 10 Series ဖုန္းေတြက ကင္မရာပိုင္းမွာလည္း Improvement ၾကီးၾကီးမားမားရွိလာဦးမွာပါ။

Ref – GSM Arena

Unicode

Samsung ရဲ့ Galaxy Note 10 Series စမတ်ဖုန်းတွေက လာမယ့် သြဂုတ်လ ၇ ရက်နေ့ဆိုရင် တရားဝင်မိတ်ဆက်တော့မှာဖြစ်ပါတယ်။ အခုအချိန်မှာလည်း ဒီ Galaxy Note 10 Series ဖုန်းတွေရဲ့ Leaks ဓါတ်ပုံတွေ သတင်းတွေအများအပြားထွက်ပေါ်နေပြီးတော့ အခုလည်း Camera နဲ့ သက်ဆိုင်တဲ့ သတင်းတစ်ခုထွက်ရှိလာပြီဖြစ်ပါတယ်။

အခုသတင်းကတော့ Samsung ကနေ Galaxy Note 10 စမတ်ဖုန်းတွေမှာ လက်ရှိ S10 Series ဖုန်းတွေမှာပါဝင်နေသလို Primary ၊ Ultrawide နဲ့ Telephoto Sensor တွေအပြင် 3D ToF Sensor ကိုပါ ထည့်သွင်းလာဖို့ရှိနေတာဖြစ်ပါတယ်။ ဒါကလည်း တစ်ခုထဲမဟုတ်ဘဲ ၂ ခုလောက်အထိကို ပါဝင်လာနိုင်ပါတယ်။

Samsung ဟာ ဒီ 3D ToF Camera Sensor တွေကို အခုမှ အသုံးပြုလာတာမဟုတ်ဘဲ Samsung Galaxy S10 5G ၊ Galaxy A80 လိုဖုန်းတွေမှာလည်း အသုံးပြုခဲ့ပြီးဖြစ်ပါတယ်။ အဆိုပါ 3D ToF Sneosr တွေက Background Bokeh ၊ AR Application နဲ့ Face Recognition အတွက်အဓိက အသုံးပြုတာလည်းဖြစ်ပါတယ်။

ဒါပေမယ့်အခု Samsung ကနေ Galaxy Note 10 အတွက် ToF Sensor တွေကို Lens Maker ကုမ္ပဏီဖြစ်တဲ့ KOLEN ဆီမှာ အပ်ထားတာ ဖြစ်ပါတယ်။ KOLEN ဟာ Samsung နဲ့ပူးတွဲလုပ်ဆောင်ဖို့အတွက် Vietnam မှာ စက်ရုံတည်ဖို့တင် ဒေါ်လာ ၂၁.၆ သန်း ရင်းနှီးမြုပ်နှံထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် Production Capacity ကိုလည်း Sensors စုစုပေါင်း ၁၃ သန်းထုတ်လုပ်ရာကနေ ၂၅ သန်းအထိ တိုးမြှင့်မယ်လို့ သိရပါတယ်။

ဒီ 3D ToF Sensor တွေဟာ Galaxy Note 10+ ဖုန်းမှာ ပါဝင်လာဖို့ကတော့ ကျိန်းသေနေပြီဖြစ်ပြီး တချို့ကပြောကြားချက်တွေအရလည်း ဖုန်းရဲ့ အရှေ့ဘက် Selfie Camera ဘေးမှာပါ နောက်ထပ် 3D ToF Sensor တစ်ခုကို ထည့်သွင်းလာနိုင်တယ်လို့ ယူဆရပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီ Galaxy Note 10 Series ဖုန်းတွေက ကင်မရာပိုင်းမှာလည်း Improvement ကြီးကြီးမားမားရှိလာဦးမှာပါ။

Ref – GSM Arena