Samsung ကနေလာမယ့် သြဂုတ်လ ၅ ရက်နေ့မှာ Galaxy Unpacked Event ကို ပြုလုပ်သွားတော့မှာဖြစ်ပါတယ်။ အဆိုပါ Event မှာ အဓိကအနေနဲ့ Galaxy Note 20 Series ဖုန်းတွေကို တရားဝင်မိတ်ဆက်သွားမှာပါ။

Samsung Galaxy Note 20 Series ဖုန်းတွေနဲ့ပတ်သက်ပြီးတော့ လက်ရှိအချိန်မှာသတင်းတွေအမြောက်အများထွက်ပေါ်နေပြီးဖြစ်သလို အခုလည်း Vietnam Retailer တစ်ဦးဆီကနေ စျေးနှုန်းတွေပါ ပေါက်ကြားလာခဲ့ပါတယ်။

ယခုထွက်ပေါ်လာတဲ့စျေးနှုန်းတွေအရ Galaxy Note 20 Series ဖုန်းတွေဟာ Vietnam နိုင်ငံအတွက် Galaxy Note 20 ၊ Galaxy Note 20 Ultra (LTE) နဲ့ Galaxy Note 20 Ultra (5G) ဆိုပြီး Version ၃ မျိုးရောင်းချသွားမယ်လို့ သိရပါတယ်။ ဒါပေမယ့် Vietnam မှာ ရောင်းချသွားမယ့် Version က Qualcomm Snapdragon 865+ ဖြစ်မလား၊ Exynox 990 Chipset Version ဖြစ်မလားဆိုတာကိုတေ့ာ ဖော်ပြခဲ့ခြင်းမရှိပါဘူး။

စျေးနှုန်းအရဆိုရင်တော့ အဆိုပါ Vietnam Retailer ရဲ့ ဖော်ပြချက်အရ Galaxy Note 20 ဟာ 22,990,000 VND (မြန်မာငွေ ၁၃ သိန်းခွဲဝန်းကျင်) ၊ Galaxy Note 20 Ultra (LTE) ကတော့ 25,990,000 VND (မြန်မာငွေ ၁၅ သိန်းခွဲဝန်းကျင်) နဲ့ Galaxy Note 20 Ultra (5G) ကတော့ 29,990,000 VND (မြန်မာငွေ ၁၇ သိန်းခွဲဝန်းကျင်) ရှိမယ်လို့ သိရပါတယ်။ ဒါက ပြီးခဲ့တဲ့ Galaxy Note 10 Series နဲ့ယှဥ်ရင် မသိမသာပိုများနေတာလည်းဖြစ်ပါတယ်။

Samsung Galaxy Note 20 Series ဖုန်းတွေဟာ 6.9″ QHD+ AMOLED Display ကိုအသုံးပြုထားမှာဖြစ်ပြီးတော့ Camera ပိုင်းအနေနဲ့လည်း အမြင့်ဆုံး 108MP Primary Sensor ၊ 13MP Telephoto Sensor နဲ့ 12MP Ultrawide Sensor တွေပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ Battery အနေနဲ့ကတော့ 4500mAh Battery ပါဝင်မှာဖြစ်ပြီး 45W Fast Charging ကို Support ပြုလုပ်လာနိုင်ခြေရှိနေပါတယ်။

Color ပိုင်းအနေနဲ့ကတော့ Galaxy Note 20 ဖုန်းမှာ Mint Green ၊ Bronze Gold နဲ့ Grey ဆိုပြီး ရွေးချယ်နိုင်မှာဖြစ်ပြီး Galaxy Note 20 Ultra ဖုန်းမှာတော့ Milky Black ၊ White Crystal နဲ့ Gold Bronze ဆိုပြီး ရောင်းချသွားမယ်လို့ သိရပါတယ်။

Ref – Giz China