Samsung Galaxy Note 20 Ultra စမတ်ဖုန်းဟာ လက်ရှိအချိန်မှာ Samsung ရဲ့ အကောင်းဆုံး Flagship ဖုန်းလို့ပြောရင်လည်းမမှားပါဘူး။ Samsung ဟာ Galaxy Note 20 Ultra မှာ S20 Ultra ရဲ့ 108MP Primary Sensor ကိုပဲ အသုံးပြုထားခဲ့ပေမယ့် Autofocus ပိုင်းကို Laser Autofocus စနစ်နဲ့ ပိုကောင်းအောင်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း Camera ပိုင်းကို စစ်ဆေးတိုင်းတာတဲ့ Website တစ်ခုဖြစ်တဲ့ DxOMark ကတော့ Galaxy Note 20 Ultra ကို Galaxy S20 Ultra ထက်တောင် အမှတ်ပိုနည်းတဲ့ စုစုပေါင်း ၁၂၁ မှတ်ပဲ ပေးခဲ့တာဖြစ်ပါတယ်။ အခုလည်း DxOMark ကနေ Galaxy Note 20 Ultra ရဲ့ Audio ပိုင်းရမှတ်ကို ထုတ်ပြန်ခဲ့ပြီး Camera လိုမျိုးပဲ Galaxy S20 Ultra ထက် ၁ မှတ်ပိုနည်းတဲ့ စုစုပေါင်းရမှတ် ၆၈ မှတ်ပဲရရှိခဲ့တာဖြစ်ပါတယ်။

အသေးစိတ်အနေနဲ့ကတော့ Samsung Galaxy Note 20 Ultra ဟာ Audio Playback ပိုင်းမှာ ၆၉ မှတ်နဲ့ Recording ပိုင်းမှာ ၆၇ မှတ်အသီးသီးရရှိခဲ့တာဖြစ်ပါတယ်။ Audio Playback ပိုင်းမှာဆိုရင် Artifacts နေရာမှာ ရမှတ် ၉၀ နဲ့ အမြင့်ဆုံးရရှိခဲ့ပေမယ့် ကျန်တဲ့အပိုင်းတွေအပါအဝင် Audio Recording ပိုင်းမှာ တော်တော်လေးကို အခြေအနေမကောင်းခဲ့ဘူးလို့ ဖော်ပြခဲ့ပါတယ်။

ဒီလိုမျိုး ရမှတ် ၆၈ မှတ်ပဲရရှိခဲ့တာက လက်ရှိ Audio ပိုင်းအကောင်းဆုံးဖုန်းဖြစ်နေတဲ့ Xiaomi Mi 10 Pro ရဲ့ ရမှတ် ၇၆ မှတ်နဲ့ ယှဥ်ရင်အားနည်းတယ်လို့ပြောလို့ရပြီးတော့ iPhone 11 Series ၊ iPhone XS Max နဲ့ iPhone SE တွေထက်တောင် အားနည်းနေတာဖြစ်ပါတယ်။ တခြားသော OnePlus 8 နဲ့ Google Pixel 4 လိုမျိုးဖုန်းတွေနဲ့တော့ တူညီတဲ့ရမှတ်ကို ရရှိထားတယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် Samsung Galaxy Note 20 Ultra စမတ်ဖုန်းဟာ DxOMark အရတော့ Camera ပိုင်းမှာရော၊ Audio ပိုင်းမှာပါ Galaxy S20 Ultra လောက်တောင် မကောင်းဘူးလို့ပဲ သတ်မှတ်ရမှာပါ။

Ref – Gizmo China