Samsung ကနေ လာမယ့်သြဂုတ်လ ၅ ရက်နေ့မှာ Galaxy Unpacked Event နဲ့အတူ Galaxy Note 20 Series ဖုန်းသစ်တွေကို မိတ်ဆက်သွားမှာဖြစ်ပါတယ်။ အဆိုပါ Galaxy Note 20 Series ဖုန်းတွေဟာ ယခုနှစ်အစောပိုင်းတုန်းက မိတ်ဆက်ခဲ့တဲ့ Galaxy S20 Series ဖုန်းတွေလိုမျိုးပဲ 120Hs Refresh Rate ကို Support ပေးလာမှာပါ။

ဒါပေမယ့်လည်း Galaxy S20 Series ဖုန်းတွေမှာ အဝေဖန်ခံခဲ့ရတဲ့ပြဿနာတစ်ခုဖြစ်တဲ့ 120Hz Refresh Rate ကို QHD+ Resolution မှာ အသုံးပြုမရတာက လာမယ့် Galaxy Note 20 Series ဖုန်းတွေမှာလည်း ဆက်လက်ကြုံတွေ့ဦးမယ့်ပုံစံပါပဲ။

ဘာကြောင့်လဲဆိုရင် နာမည်ကြီး Leaker တစ်ဦးဖြစ်တဲ့ Ice Universe ကနေ Galaxy Note 20 Ultra လို့ယူဆရတဲ့ဖုန်းရဲ့ Display Refresh Rate ပြောင်းလဲတဲ့ Screenshot ဓါတ်ပုံကို ဖော်ပြခဲ့တာကြောင့်ပါ။ အဆိုပါ Screenshot ဓါတ်ပုံအရ Galaxy Note 20 Ultra ဖုန်းဟာလည်း အစောပိုင်း Galaxy S20 Series လိုမျိုးပဲ 120Hz Refresh Rate ကို Full HD+ Resolution ဆင်းသုံးမှပဲအသုံးပြုနိုင်မယ်လို့ ဖော်ပြထားပါတယ်။

လောလောဆယ်မှာ OPPO ၊ OnePlus လိုမျိုး ကုမ္ပဏီတွေကထုတ်လုပ်ထားတဲ့ Flagship ဖုန်းတွေဟာ QHD+ Resolution မှာလည်း 120Hz Refresh Rate ကို Support ပေးနိုင်နေပါတယ်။ အဲ့ဒီအတွက် Display Panel နည်းပညာပိုင်းကိုပါ အဆင့်မြှင့်တင်ထားတဲ့ Galaxy Note 20 Series မှာ 120Hz Refresh Rate ကို အသုံးပြုချင်တယ်ဆိုရင် Resolution ကို လျော့ချဖို့လိုအပ်နေတာကတော့ အားနည်းချက်တစ်ခုဖြစ်လာနိုင်ပါတယ်။

Ref – Giz China