[Zawgyi]

ၾသဂုတ္လ ၇ ရက္က နီးလာပါၿပီ။ Samsung က အဲဒီေန႔မွာ က်င္းပမယ့္  Galaxy Unpacked Event မွာ Note 10 Series ေတြကို ေၾကညာေတာ့မွာပါ။ Note 10 နဲ႔ Note 10+ ရဲ႕ သတင္းေတြ ေပါက္ၾကားထြက္ေပၚခဲ့ၿပီးပါၿပီ။ ဒါေပမယ့္ အခုက်မွ 5G Model ရဲ႕ ပထမဆံုး ဓါတ္ပံု ထြက္ေပၚလာတာပါ။ Evan Blass က Verizon ရဲ႕ Press Image ကို  မွ်ေ၀လိုက္တာပါ။

ပံုမွာ Galaxy Note 10+ 5G ရဲ႕ အေရွ႕ဘက္ကို ျပသထားၿပီး သူ႔ရဲ႕ အေရွ႕မွာ Note 10 ရဲ႕ အေနာက္ဘက္ကို ျမင္ရပါတယ္။ Note 10+ 5G ရဲ႕ ဒီဇိုင္းဟာ Galaxy Note 10+ နဲ႔ တူၿပီး Infinity-O Display အသစ္ ပါလာပါတယ္။ အလယ္မွာ Punch Hole Camera ျမွပ္ႏွံထားပါတယ္။

ပံုမွာ Verizon ကေန  Galaxy Note 10+ 5G ကို ႀကိဳတင္မွာယူသူေတြဟာ Note 10 ကို အခမဲ့ လက္ေဆာင္ရရွိမယ္လို႔ ေရးသားထားပါတယ္။ Verizon ရဲ႕ Unlimited Plans တစ္ခုခုကို ၀ယ္ယူ အသံုးျပဳမွသာ လက္ေဆာင္ရမွာ ျဖစ္ပါတယ္။ လက္ေဆာင္ရမယ့္ ဖုန္းအတြက္ စာခ်ဳပ္ေနာက္တစ္ခု ခ်ဳပ္ရမွာက ထူးျခားပါတယ္။

အရင္ ေပါက္ၾကားထြက္ခဲ့ဖူးတဲ့ သတင္းေတြအရ Galaxy Note 10+ 5G မွာ 12GB RAM , 512GB Storage  ထည့္သြင္းေပးထားမွာ ျဖစ္ပါတယ္။ အျခား Specs ေတြက Note 10+ နဲ႔ တူမယ္လို႔ထင္ပါတယ္။ သူ႔မွာ ၆.၈ လက္မ QHD+ Display ပါလာႏိုင္ပါတယ္။ ႏုိင္ငံအေပၚ မူတည္ၿပီး Exynos 9825 သို႔မဟုတ္ Snapdragon 855+  ထည့္သြင္းထားမွာပါ။ 4300mAh Battery ပါလာႏုိင္ၿပီး 45W Fast Charging ကို ေထာက္ပံ့ထားမွာပါ။ ဒါေပမယ့္ Samsung က ဘူးထဲမွာ 25W Charger သာ ထည့္ထားမွာပါ။

Ref : gsmarena

[Unicode]

Samsung Galaxy Note 10+ 5G ရဲ့ ဓါတ်ပုံ ထွက်ပေါ်လာ

သြဂုတ်လ ၇ ရက်က နီးလာပါပြီ။ Samsung က အဲဒီနေ့မှာ ကျင်းပမယ့် Galaxy Unpacked Event မှာ Note 10 Series တွေကို ကြေညာတော့မှာပါ။ Note 10 နဲ့ Note 10+ ရဲ့ သတင်းတွေ ပေါက်ကြားထွက်ပေါ်ခဲ့ပြီးပါပြီ။ ဒါပေမယ့် အခုကျမှ 5G Model ရဲ့ ပထမဆုံး ဓါတ်ပုံ ထွက်ပေါ်လာတာပါ။ Evan Blass က Verizon ရဲ့ Press Image ကို မျှဝေလိုက်တာပါ။

ပုံမှာ Galaxy Note 10+ 5G ရဲ့ အရှေ့ဘက်ကို ပြသထားပြီး သူ့ရဲ့ အရှေ့မှာ Note 10 ရဲ့ အနောက်ဘက်ကို မြင်ရပါတယ်။ Note 10+ 5G ရဲ့ ဒီဇိုင်းဟာ Galaxy Note 10+ နဲ့ တူပြီး Infinity-O Display အသစ် ပါလာပါတယ်။ အလယ်မှာ Punch Hole Camera မြှပ်နှံထားပါတယ်။

ပုံမှာ Verizon ကနေ Galaxy Note 10+ 5G ကို ကြိုတင်မှာယူသူတွေဟာ Note 10 ကို အခမဲ့ လက်ဆောင်ရရှိမယ်လို့ ရေးသားထားပါတယ်။ Verizon ရဲ့ Unlimited Plans တစ်ခုခုကို ဝယ်ယူ အသုံးပြုမှသာ လက်ဆောင်ရမှာ ဖြစ်ပါတယ်။ လက်ဆောင်ရမယ့် ဖုန်းအတွက် စာချုပ်နောက်တစ်ခု ချုပ်ရမှာက ထူးခြားပါတယ်။

အရင် ပေါက်ကြားထွက်ခဲ့ဖူးတဲ့ သတင်းတွေအရ Galaxy Note 10+ 5G မှာ 12GB RAM , 512GB Storage ထည့်သွင်းပေးထားမှာ ဖြစ်ပါတယ်။ အခြား Specs တွေက Note 10+ နဲ့ တူမယ်လို့ထင်ပါတယ်။ သူ့မှာ ၆.၈ လက်မ QHD+ Display ပါလာနိုင်ပါတယ်။ နိုင်ငံအပေါ် မူတည်ပြီး Exynos 9825 သို့မဟုတ် Snapdragon 855+ ထည့်သွင်းထားမှာပါ။ 4300mAh Battery ပါလာနိုင်ပြီး 45W Fast Charging ကို ထောက်ပံ့ထားမှာပါ။ ဒါပေမယ့် Samsung က ဘူးထဲမှာ 25W Charger သာ ထည့်ထားမှာပါ။

Ref : gsmarena