[Zawgyi]

Samsung က Galaxy Note 10 နဲ႔ Note 10+ ကို တရား၀င္ မိတ္ဆက္လိုက္ပါၿပီ။ Note 10+ က အရြယ္ပိုႀကီးၿပီး ၆.၈ လက္မ  Quad HD+ Curved Dynamic AMOLED Infinity-O Display (498ppi) ပါပါတယ္။ Note 10  မွာေတာ့ ၆.၃ လက္မ FHD+ Curved Dynamic AMOLED Infinity-O Displays (401ppi) ထည့္ထားပါတယ္။ S Pen က ပို အသံုး၀င္လာပါတယ္။ S Pen မွာ Accelerometer နဲ႔ Gyroscope ေတြပါၿပီး Motion Controller အေနနဲ႔ သံုးႏုိင္ပါတယ္။ S Pen ကို ဖုန္း မ်က္ႏွာျပင္ရဲ႕ အထက္မွာ ထားၿပီး UI ကို Navigate လုပ္တာကို Default Gesture အျဖစ္ သတ္မွတ္ထားပါတယ္။

Model  ၂ ခုစလံုးရဲ႕ အေနာက္ကင္မရာ ၃ လံုးက တူညီၾကပါတယ္။ ပင္မ ကင္မရာက 12MP ျဖစ္ၿပီး OIS , Dual Aperture (f/1.5 & f2.4) ေတြ ပါပါတယ္။ OIS ပါတဲ့ 12MP Telephoto Camera နဲ႔ 123° Ultra wide-angle 16MP Camera ေတြ ထည့္ထားပါတယ္။ Note 10+ ရဲ႕ အေနာက္မွာ 3D ToF Camera ၁ လံုး အပိုပါၿပီး 3D Scanner App နဲ႔ အရာ၀တၳဳေတြကို Scan လုပ္ျခင္းျဖင့္ 3D Model    ဖန္တီးေပးႏုိင္ပါတယ္။ Model  ၂ ခုစလံုးမွာ 10MP Punch Hole Selfie Camera ေတြ ပါပါတယ္။

Model   ၂ ခုစလံုးဟာ 4K Video ေတြ ရိုက္ကူးေပးႏုိင္ၿပီး Life Focus Video (Bokeh)  နဲ႔ ပိုေကာင္းလာတဲ့ The Super Steady လို လုပ္ေဆာင္ခ်က္ေတြ ပါပါတယ္။ Model   ၂ ခုစလံုးအတြက္ LTE နဲ႔ 5G Model ေတြ ထုတ္ထားပါတယ္။ ႏိုင္ငံအေပၚ မူတည္ၿပီး Exynos 9825 နဲ႔ Snapdragon 855 Chipset ေတြ ထည့္သြင္းထားမွာပါ။ Model  ၂ ခုစလံုးအတြက္ 256GB နဲ႔ 512GB Storage ေတြ ထုတ္ထားပါတယ္။ Note 10 မွာ 8GB RAM နဲ႔ သူ႔ရဲ႕ 5G Model မွာ 12GB RAM ပါပါတယ္။ Note 10+ မွာ 12GB RAM ထည့္ထားပါတယ္။ Plus Model မွာသာ microSD Slot ပါၿပီး 1TB အထိ ၀င္ဆန္႔ပါတယ္။

Plus Model မွာ အရြယ္ပိုႀကီးတဲ့ 4,300mAh Battery ပါၿပီး 45W Super Fast Charging ထည့္ထားပါတယ္။ မိနစ္ ၃၀ အားသြင္းတာနဲ႔ တစ္ေန႔လံုး သံုးႏုိင္တယ္လို႔ ကုမၸဏီက ေျပာပါတယ္။ Note 10 မွာ 25W Charging ပါတဲ့ 3,500mAh Battery ပါပါတယ္။ Model   ၂ ခုစလံုးမွာ Fast Wireless Charging နဲ႔ တျခား Device ေတြကို ႀကိဳးမဲ့အားသြင္းေပးႏုိင္တဲ့ Reverse Wireless Charging ေတြ ထည့္ထားပါတယ္။

ကြန္ျပဴတာမွာ ကစားေနတဲ့ ဂိမ္းကို ဖုန္းမွာ ဆက္ကစားႏုိင္တဲ့ PlayGalaxy Link လုပ္ေဆာင္ခ်က္က လန္းပါတယ္။ အပူေလွ်ာ့ခ်ေပးတဲ့ Vapor Chamber ကလည္း လက္ရွိ ဖုန္းေတြထဲမွာ အပါးလႊာဆံုး ျဖစ္ပါတယ္။ Model   ၂ ခုစလံုးကို ႀကိဳတင္မွာယူႏိုင္ၿပီ ျဖစ္ၿပီး ဒီလ ၂၃ ရက္မွာ ေရာင္းမွာပါ။ Aura Glow, Aura White နဲ႔ Aura Black စတဲ့ အေရာင္ ၃ ခုကို အေစာပိုင္းမွာ ေရာင္းခ်မွာပါ။ တခ်ိဳ႕ႏုိင္ငံေတြမွာ Note 10 ရဲ႕ Aura Pink နဲ႔ Note 10+ ရဲ႕ Aura Blue ကို ၀ယ္ယူႏုိင္မွာပါ။ အေမရိကန္မွာ Galaxy Note 10 ရဲ႕ တန္ဖုိးအနည္းဆံုး Model  ကို ၉၄၉ ေဒၚလာ နဲ႔ Note 10+ ရဲ႕ တန္ဖုိး အနည္းဆံုး Model ကို ၁၀၉၉ ေဒၚလာ သတ္မွတ္ထားပါတယ္။ လက္ရွိ ေငြလဲလွယ္ႏႈန္းအရ ျမန္မာေငြ ၁,၄၃၀,၀၀၀ နဲ႔ ၁,၆၅၀,၀၀၀ ေလာက္ အသီးသီး က်သင့္ႏိုင္ပါတယ္။

Ref : gsmarena

[Unicode]

S Pen အသစ်နဲ့ ပိုမြန်တဲ့ အားသွင်းစနစ်တွေ ပါလာတဲ့ Samsung Galaxy Note 10 နဲ့ Note 10+

Samsung က Galaxy Note 10 နဲ့ Note 10+ ကို တရားဝင် မိတ်ဆက်လိုက်ပါပြီ။ Note 10+ က အရွယ်ပိုကြီးပြီး ၆.၈ လက်မ Quad HD+ Curved Dynamic AMOLED Infinity-O Display (498ppi) ပါပါတယ်။ Note 10 မှာတော့ ၆.၃ လက်မ FHD+ Curved Dynamic AMOLED Infinity-O Displays (401ppi) ထည့်ထားပါတယ်။ S Pen က ပို အသုံးဝင်လာပါတယ်။ S Pen မှာ Accelerometer နဲ့ Gyroscope တွေပါပြီး Motion Controller အနေနဲ့ သုံးနိုင်ပါတယ်။ S Pen ကို ဖုန်း မျက်နှာပြင်ရဲ့ အထက်မှာ ထားပြီး UI ကို Navigate လုပ်တာကို Default Gesture အဖြစ် သတ်မှတ်ထားပါတယ်။

Model ၂ ခုစလုံးရဲ့ အနောက်ကင်မရာ ၃ လုံးက တူညီကြပါတယ်။ ပင်မ ကင်မရာက 12MP ဖြစ်ပြီး OIS , Dual Aperture (f/1.5 & f2.4) တွေ ပါပါတယ်။ OIS ပါတဲ့ 12MP Telephoto Camera နဲ့ 123° Ultra wide-angle 16MP Camera တွေ ထည့်ထားပါတယ်။ Note 10+ ရဲ့ အနောက်မှာ 3D ToF Camera ၁ လုံး အပိုပါပြီး 3D Scanner App နဲ့ အရာဝတ္ထုတွေကို Scan လုပ်ခြင်းဖြင့် 3D Model ဖန်တီးပေးနိုင်ပါတယ်။ Model ၂ ခုစလုံးမှာ 10MP Punch Hole Selfie Camera တွေ ပါပါတယ်။

Model ၂ ခုစလုံးဟာ 4K Video တွေ ရိုက်ကူးပေးနိုင်ပြီး Life Focus Video (Bokeh) နဲ့ ပိုကောင်းလာတဲ့ The Super Steady လို လုပ်ဆောင်ချက်တွေ ပါပါတယ်။ Model ၂ ခုစလုံးအတွက် LTE နဲ့ 5G Model တွေ ထုတ်ထားပါတယ်။ နိုင်ငံအပေါ် မူတည်ပြီး Exynos 9825 နဲ့ Snapdragon 855 Chipset တွေ ထည့်သွင်းထားမှာပါ။ Model ၂ ခုစလုံးအတွက် 256GB နဲ့ 512GB Storage တွေ ထုတ်ထားပါတယ်။ Note 10 မှာ 8GB RAM နဲ့ သူ့ရဲ့ 5G Model မှာ 12GB RAM ပါပါတယ်။ Note 10+ မှာ 12GB RAM ထည့်ထားပါတယ်။ Plus Model မှာသာ microSD Slot ပါပြီး 1TB အထိ ဝင်ဆန့်ပါတယ်။

Plus Model မှာ အရွယ်ပိုကြီးတဲ့ 4,300mAh Battery ပါပြီး 45W Super Fast Charging ထည့်ထားပါတယ်။ မိနစ် ၃၀ အားသွင်းတာနဲ့ တစ်နေ့လုံး သုံးနိုင်တယ်လို့ ကုမ္ပဏီက ပြောပါတယ်။ Note 10 မှာ 25W Charging ပါတဲ့ 3,500mAh Battery ပါပါတယ်။ Model ၂ ခုစလုံးမှာ Fast Wireless Charging နဲ့ တခြား Device တွေကို ကြိုးမဲ့အားသွင်းပေးနိုင်တဲ့ Reverse Wireless Charging တွေ ထည့်ထားပါတယ်။

ကွန်ပြူတာမှာ ကစားနေတဲ့ ဂိမ်းကို ဖုန်းမှာ ဆက်ကစားနိုင်တဲ့ PlayGalaxy Link လုပ်ဆောင်ချက်က လန်းပါတယ်။ အပူလျှော့ချပေးတဲ့ Vapor Chamber ကလည်း လက်ရှိ ဖုန်းတွေထဲမှာ အပါးလွှာဆုံး ဖြစ်ပါတယ်။ Model ၂ ခုစလုံးကို ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး ဒီလ ၂၃ ရက်မှာ ရောင်းမှာပါ။ Aura Glow, Aura White နဲ့ Aura Black စတဲ့ အရောင် ၃ ခုကို အစောပိုင်းမှာ ရောင်းချမှာပါ။ တချို့နိုင်ငံတွေမှာ Note 10 ရဲ့ Aura Pink နဲ့ Note 10+ ရဲ့ Aura Blue ကို ဝယ်ယူနိုင်မှာပါ။ အမေရိကန်မှာ Galaxy Note 10 ရဲ့ တန်ဖိုးအနည်းဆုံး Model ကို ၉၄၉ ဒေါ်လာ နဲ့ Note 10+ ရဲ့ တန်ဖိုး အနည်းဆုံး Model ကို ၁၀၉၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ လက်ရှိ ငွေလဲလှယ်နှုန်းအရ မြန်မာငွေ ၁,၄၃၀,၀၀၀ နဲ့ ၁,၆၅၀,၀၀၀ လောက် အသီးသီး ကျသင့်နိုင်ပါတယ်။

Ref : gsmarena