[Zawgyi]

Samsung ဟာ Lite အမ်ိဳးအစားေတြကို ေဈးကြက္ဆီပို႔ေဆာင္ခဲ့တာ ၿပီးခဲ့တဲ့ႏွစ္ေတြကတည္းကပါ။ အခုလည္း ေနာက္ထပ္ Lite အမ်ိဳးအစားစမတ္ဖုန္းသစ္ကို ေဈးကြက္ထဲ ပို႔ေဆာင္ေပးဦးမယ္လို႔ ေကာလာဟလ ထြက္ထားပါေသးတယ္။ အထူးသျဖင့္ Galaxy Note10 Lite နဲ႔ Galaxy S10 Lite တို႔က သတင္းႀကီးေနတာ ျဖစ္ပါတယ္။

ေနာက္ဆုံးထြက္လာတဲ့ သတင္းအရ Samsung Galaxy Note10 Lite ကို Geekbench မွာ ေတြ႕ျမင္ရၿပီဆိုတာပါပဲ။ ဒီဟန္းဆက္ဟာ ေမာ္ဒယ္နံပါတ္ SM-N770F နဲ႔ ထြက္ေပၚလာတာ ျဖစ္ပါတယ္။ ဒါ့အျပင္ Exynos 9810 chipset ကို အသုံးျပဳထားၿပီး မန္မိုရီ 6GB RAM နဲ႔ တြဲဖက္ထားတာကိုလည္း ေတြ႕ျမင္ရပါတယ္။

Chipset ကေတာ့ ေနာက္ဆုံးေပၚမဟုတ္ပါဘူး။ လြန္ခဲ့တဲ့ႏွစ္က Galaxy Note9 နဲ႔ ပြဲထြက္လာခဲ့တဲ့ Chipset ပါ။ ဒါေပမယ့္ သိပ္ၿပီးေခတ္ေနာက္က်က်န္ခဲ့ၿပီ၊ သိပ္ၿပီးအသုံးမဝင္ေတာ့ဘူးလို႔လည္း မေျပာႏိုင္ေသးတဲ့ အမ်ိဳးအစား ျဖစ္ပါတယ္။ ဒါဟာ Galaxy Note10 Lite အမ်ိဳးအစားအတြက္ေတာ့ သိပ္ၿပီးမလိုက္ဘက္တဲ့ အမ်ိဳးအစားေတာ့ မဟုတ္ပါဘူး။

Geekbench ေပၚက ဟန္းဆက္ကို Galaxy Note10 Lite လို႔ ေျပာႏိုင္တဲ့အခ်က္ထဲမွာ အေရးပါတဲ့အခ်က္တစ္ခုက ေမာ္ဒယ္နံပါတ္မွာ N အကၡရာပါဝင္ေနတာပါ။ N ဟာ Note ေတြအတြက္ အမွတ္အသားျဖစ္ပါတယ္။ Note ေတြရဲ႕ ေမာ္ဒယ္နံပါတ္တိုင္းက SM-Nxxx စတာေတြပဲ ျဖစ္ပါတယ္။

စိတ္ဝင္စားဖို႔ေကာင္းတာကေတာ့ ေမာ္ဒယ္နံပါတ္မွာ F အကၡရာနဲ႔ ဆုံးသြားတာပါပဲ။ ဒါဟာ ပုံမွန္အားျဖင့္ Global single-SIM device ေတြမွာပဲ သုံးေလ့ရွိတာပါ။ ဒါေၾကာင့္ Galaxy Note10 Lite ဟာ ျပည္တြင္းေဈးကြက္တစ္ခုတည္းအတြက္မဟုတ္ဘဲ ႏိုင္ငံတကာေဈးကြက္ကိုလည္း ျဖန႔္ခ်ိေရာင္းခ်ဖြယ္ရွိတယ္လို႔ သုံးသပ္ရပါတယ္။

Ref: GSM Arena

[Unicode]

Exynos 9810 နဲ့အတူ Geekbench မှာတွေ့လာရတဲ့ Samsung Galaxy Note10 Lite

Samsung ဟာ Lite အမျိုးအစားတွေကို ဈေးကွက်ဆီပို့ဆောင်ခဲ့တာ ပြီးခဲ့တဲ့နှစ်တွေကတည်းကပါ။ အခုလည်း နောက်ထပ် Lite အမျိုးအစားစမတ်ဖုန်းသစ်ကို ဈေးကွက်ထဲ ပို့ဆောင်ပေးဦးမယ်လို့ ကောလာဟလ ထွက်ထားပါသေးတယ်။ အထူးသဖြင့် Galaxy Note10 Lite နဲ့ Galaxy S10 Lite တို့က သတင်းကြီးနေတာ ဖြစ်ပါတယ်။

နောက်ဆုံးထွက်လာတဲ့ သတင်းအရ Samsung Galaxy Note10 Lite ကို Geekbench မှာ တွေ့မြင်ရပြီဆိုတာပါပဲ။ ဒီဟန်းဆက်ဟာ မော်ဒယ်နံပါတ် SM-N770F နဲ့ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဒါ့အပြင် Exynos 9810 chipset ကို အသုံးပြုထားပြီး မန်မိုရီ 6GB RAM နဲ့ တွဲဖက်ထားတာကိုလည်း တွေ့မြင်ရပါတယ်။

Chipset ကတော့ နောက်ဆုံးပေါ်မဟုတ်ပါဘူး။ လွန်ခဲ့တဲ့နှစ်က Galaxy Note9 နဲ့ ပွဲထွက်လာခဲ့တဲ့ Chipset ပါ။ ဒါပေမယ့် သိပ်ပြီးခေတ်နောက်ကျကျန်ခဲ့ပြီ၊ သိပ်ပြီးအသုံးမဝင်တော့ဘူးလို့လည်း မပြောနိုင်သေးတဲ့ အမျိုးအစား ဖြစ်ပါတယ်။ ဒါဟာ Galaxy Note10 Lite အမျိုးအစားအတွက်တော့ သိပ်ပြီးမလိုက်ဘက်တဲ့ အမျိုးအစားတော့ မဟုတ်ပါဘူး။

Geekbench ပေါ်က ဟန်းဆက်ကို Galaxy Note10 Lite လို့ ပြောနိုင်တဲ့အချက်ထဲမှာ အရေးပါတဲ့အချက်တစ်ခုက မော်ဒယ်နံပါတ်မှာ N အက္ခရာပါဝင်နေတာပါ။ N ဟာ Note တွေအတွက် အမှတ်အသားဖြစ်ပါတယ်။ Note တွေရဲ့ မော်ဒယ်နံပါတ်တိုင်းက SM-Nxxx စတာတွေပဲ ဖြစ်ပါတယ်။

စိတ်ဝင်စားဖို့ကောင်းတာကတော့ မော်ဒယ်နံပါတ်မှာ F အက္ခရာနဲ့ ဆုံးသွားတာပါပဲ။ ဒါဟာ ပုံမှန်အားဖြင့် Global single-SIM device တွေမှာပဲ သုံးလေ့ရှိတာပါ။ ဒါကြောင့် Galaxy Note10 Lite ဟာ ပြည်တွင်းဈေးကွက်တစ်ခုတည်းအတွက်မဟုတ်ဘဲ နိုင်ငံတကာဈေးကွက်ကိုလည်း ဖြန့်ချိရောင်းချဖွယ်ရှိတယ်လို့ သုံးသပ်ရပါတယ်။

Ref: GSM Arena