Samsung ကနေ ပြီးခဲ့တဲ့ရက်သတ္တပတ်တုန်းက Galaxy S10 Lite စမတ်ဖုန်းအတွက် OneUI 2.1 Update ကို ထုတ်ပေးခဲ့ပါတယ်။ အခုအချိန်မှာတော့ Samsung ကနေ Galaxy Note 10 Lite ဖုန်းအတွက်ပါ OneUI 2.1 Update ကို ထုတ်ပေးလိုက်ပါပြီ။

အခု Galaxy Note 10 Lite ဖုန်းအတွက် OneUI 2.1 Update ဟာ ယခင် Galaxy S10 Lite ဖုန်းအတွက်ရရှိခဲ့တဲ့ OneUI 2.1 Update နဲ့တူညီတဲ့ Feature အသစ်တွေကိုရရှိလာတယ်လို့တောင် ပြောလို့ရပါတယ်။ Software Version အသစ်ကတော့ N770FXXU2BTD4 အနေနဲ့ထွက်ရှိလာတာဖြစ်ပြီး April 2020 Security Patch Level ပါ ပါဝင်လာမှာဖြစ်ပါတယ်။

လောလောဆယ်မှာ Spain နဲ့ UAE မှာ အရင်ဆုံးရရှိနေတယ်လို့သိရပြီးတေ့ာ နောက်ပိုင်းမှာ တခြားသော Region တွေမှာပါ Update ရရှိလာမှာပါ။ အဲ့ဒီအတွက် မြန်မာနိုင်ငံအပါအဝင် တချို့သောနိုင်ငံတွေကတော့ ရက်အနည်းငယ်စောင့်ဆိုင်းရဖွယ်ရှိနေပါတယ်။

အဆိုပါ OneUI 2.1 နဲ့အတူ Galaxy S20 Series စမတ်ဖုန်းတွေမှာပါဝင်တဲ့ Camera Feature တွေဖြစ်တဲ့ Single Take ၊ Pro Mode for Video ၊ My Filters ၊ Selfie Tone ၊ AR Zone စတဲ့ Feature အသစ်တွေပါဝင်လာမှာပါ။ ဒါတင်မဟုတ်သေးဘဲ Quick Share ၊ Music Share ၊ AR Emoji အသစ်တွေနဲ့ Samsung Keyboard မှာ Multilingual Translation Feature တွေပါဝင်လာမှာပဲဖြစ်ပါတယ်။

Ref – GSM Arena