[Zawgyi]

Samsung အေနနဲ႔ ၂၀၁၉ခုႏွစ္အတြက္ Galaxy S စီးရီး Flagship စမတ္ဖုန္းေတြကို ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလတုန္းက မိတ္ဆက္ၿပီးသြားၿပီဆိုေတာ့ ေနာက္ထပ္အလွည့္က်လာသူက Galaxy Note စီးရီး Flagship စမတ္ဖုန္းပဲ ျဖစ္ပါတယ္။ ဒီေန႔မွာေတာ့ Galaxy Note စီးရီးရဲ႕ ၂၀၁၉ခုႏွစ္ထုတ္ Flagship စမတ္ဖုန္းျဖစ္လာမယ့္ Galaxy Note 10 ရဲ႕ သတင္းေတြဟာ ေတာင္ကိုရီးယားႏိုင္ငံအေျခစိုက္ နည္းပညာ မီဒီယာတစ္ခုျဖစ္တဲ့ ETNews ကေန တဆင့္ ထြက္ေပၚလာပါတယ္။

ETNews ရဲ႕ အဆိုေတြအရဆိုရင္ Galaxy Note 10 မွာ ႏွိပ္စရာ ဘာခလုတ္မွ မပါဝင္ဘူးလို႔ သိရပါတယ္။ ဒါ့အျပင္ လက္ရွိစမတ္ဖုန္းေတြမွာ အသုံးျပဳေနတဲ့ ခလုတ္ေတြအစား Touch Sensor ဒါမွမဟုတ္ Gestures Key ေတြကို ေျပာင္းလဲ အစားထိုး အသုံးျပဳႏိုင္ေၾကာင္းကိုလည္း ေဖာ္ျပထားပါေသးတယ္။ ဒါ့ေၾကာင့္ ဒီသတင္းသာမွန္ခဲ့တယ္ဆိုရင္ Galaxy Note 10 မွာ အသံ တိုး/ခ်ဲ႕ ခလုတ္၊ ပါဝါ အဖြင့္/အပိတ္ ခလုတ္ နဲ႔ Bixby ခလုတ္ေတြ ပါဝင္ေတာ့မွာ မဟုတ္ပါဘူး။ အလားတူ နည္းပညာမ်ိဴးကို ေရွ႕ေျပး စမတ္ဖုန္းေတြအျဖစ္ ထြက္ရွိထားတဲ့ Vivo Apex 2019 နဲ႔ Meizu Zero တို႔မွာ ျမင္ေတြ႕ႏိုင္ပါတယ္။

ETNews ကေတာ့ Samsung အေနနဲ႔ ခလုတ္ေတြေနရာမွာ Touch Sensor ဒါမွမဟုတ္ Gestures Key ေတြ အစားထိုး အသုံးျပဳမယ့္ နည္းပညာကို Galaxy Note 10 မွာ စတင္အသုံးမျပဳဘဲ Galaxy A စီးရီးေတြမွာ စတင္အသုံးျပဳႏိုင္ေၾကာင္း ခန္႔မွန္းေျပာဆိုထားပါတယ္။ Galaxy A စီးရီးေတြဟာ Samsung ရဲ႕ Flagship စမတ္ဖုန္းေတြအတြက္ အစမ္းသပ္ခံ ေမာ္ဒယ္ေတြလို႔ ေျပာရမွာပါ။ Dual Camera Setup, Triple Camera Setup နဲ႔ Punch-hole လိုမ်ိဴး နည္းပညာေတြကို Galaxy A ေမာ္ဒယ္ေတြမွာ စတင္အသုံးျပဳခဲ့ၿပီး၊ ေနာက္ပိုင္းမွ Flagship ေမာ္ဒယ္ေတြမွာ ထည့္သြင္းအသုံးျပဳလာတာကိုလည္း ကြၽန္ေတာ္တို႔ေတြ ျမင္ေတြ႕ခဲ့ၿပီး ျဖစ္ပါတယ္။ ဒါ့အျပင္ Galaxy Note 10 မွာ Quad Camera Setup (ကင္မရာ ၄လုံးတြဲ စနစ္) အသုံးျပဳမယ္ဆိုတဲ့ သတင္းေတြလည္း ထြက္ေပၚထားပါေသးတယ္။

Samsung အေနနဲ႔ သူတို႔ရဲ႕ Galaxy Note စီးရီးေတြကို ၾသဂုတ္ ဒါမွမဟုတ္ စက္တင္ဘာလ ေလာက္မွာ မိတ္ဆက္ေလ့ ရွိပါတယ္။ ဒါ့ေၾကာင့္ Galaxy Note 10 နဲ႔ ပတ္သတ္ၿပီး ယခုထက္ပိုၿပီး တိက်မွန္ကန္တဲ့ သတင္းေတြကို ၾကားသိရဖို႔အတြက္ အခ်ိန္အနည္းငယ္ၾကာ ေစာင့္ဆိုင္းရဦးမွာ ျဖစ္ပါတယ္။

Ref : Xda-developers

[Unicode]

Samsung Galaxy Note 10 မှာ နှိပ်စရာ ဘာခလုတ်မှ မပါဝင်ဘူးလို့ ဆို

Samsung အနေနဲ့ ၂၀၁၉ခုနှစ်အတွက် Galaxy S စီးရီး Flagship စမတ်ဖုန်းတွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက မိတ်ဆက်ပြီးသွားပြီဆိုတော့ နောက်ထပ်အလှည့်ကျလာသူက Galaxy Note စီးရီး Flagship စမတ်ဖုန်းပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ Galaxy Note စီးရီးရဲ့ ၂၀၁၉ခုနှစ်ထုတ် Flagship စမတ်ဖုန်းဖြစ်လာမယ့် Galaxy Note 10 ရဲ့ သတင်းတွေဟာ တောင်ကိုရီးယားနိုင်ငံအခြေစိုက် နည်းပညာ မီဒီယာတစ်ခုဖြစ်တဲ့ ETNews ကနေ တဆင့် ထွက်ပေါ်လာပါတယ်။

ETNews ရဲ့ အဆိုတွေအရဆိုရင် Galaxy Note 10 မှာ နှိပ်စရာ ဘာခလုတ်မှ မပါဝင်ဘူးလို့ သိရပါတယ်။ ဒါ့အပြင် လက်ရှိစမတ်ဖုန်းတွေမှာ အသုံးပြုနေတဲ့ ခလုတ်တွေအစား Touch Sensor ဒါမှမဟုတ် Gestures Key တွေကို ပြောင်းလဲ အစားထိုး အသုံးပြုနိုင်ကြောင်းကိုလည်း ဖော်ပြထားပါသေးတယ်။ ဒါ့ကြောင့် ဒီသတင်းသာမှန်ခဲ့တယ်ဆိုရင် Galaxy Note 10 မှာ အသံ တိုး/ချဲ့ ခလုတ်၊ ပါဝါ အဖွင့်/အပိတ် ခလုတ် နဲ့ Bixby ခလုတ်တွေ ပါဝင်တော့မှာ မဟုတ်ပါဘူး။ အလားတူ နည်းပညာမျိူးကို ရှေ့ပြေး စမတ်ဖုန်းတွေအဖြစ် ထွက်ရှိထားတဲ့ Vivo Apex 2019 နဲ့ Meizu Zero တို့မှာ မြင်တွေ့နိုင်ပါတယ်။

ETNews ကတော့ Samsung အနေနဲ့ ခလုတ်တွေနေရာမှာ Touch Sensor ဒါမှမဟုတ် Gestures Key တွေ အစားထိုး အသုံးပြုမယ့် နည်းပညာကို Galaxy Note 10 မှာ စတင်အသုံးမပြုဘဲ Galaxy A စီးရီးတွေမှာ စတင်အသုံးပြုနိုင်ကြောင်း ခန့်မှန်းပြောဆိုထားပါတယ်။ Galaxy A စီးရီးတွေဟာ Samsung ရဲ့ Flagship စမတ်ဖုန်းတွေအတွက် အစမ်းသပ်ခံ မော်ဒယ်တွေလို့ ပြောရမှာပါ။ Dual Camera Setup, Triple Camera Setup နဲ့ Punch-hole လိုမျိူး နည်းပညာတွေကို Galaxy A မော်ဒယ်တွေမှာ စတင်အသုံးပြုခဲ့ပြီး၊ နောက်ပိုင်းမှ Flagship မော်ဒယ်တွေမှာ ထည့်သွင်းအသုံးပြုလာတာကိုလည်း ကျွန်တော်တို့တွေ မြင်တွေ့ခဲ့ပြီး ဖြစ်ပါတယ်။ ဒါ့အပြင် Galaxy Note 10 မှာ Quad Camera Setup (ကင်မရာ ၄လုံးတွဲ စနစ်) အသုံးပြုမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ထားပါသေးတယ်။

Samsung အနေနဲ့ သူတို့ရဲ့ Galaxy Note စီးရီးတွေကို သြဂုတ် ဒါမှမဟုတ် စက်တင်ဘာလ လောက်မှာ မိတ်ဆက်လေ့ ရှိပါတယ်။ ဒါ့ကြောင့် Galaxy Note 10 နဲ့ ပတ်သတ်ပြီး ယခုထက်ပိုပြီး တိကျမှန်ကန်တဲ့ သတင်းတွေကို ကြားသိရဖို့အတွက် အချိန်အနည်းငယ်ကြာ စောင့်ဆိုင်းရဦးမှာ ဖြစ်ပါတယ်။

Ref : Xda-developers