[Zawgyi]

Samsung Galaxy Note 10 Pro အေၾကာင္းကို OnLeaks ထုတ္ေဖာ္မႈေတြေၾကာင့္ အေတာ္ေလး သိခဲ့ရၿပီး ျဖစ္မွာပါ။ ေပါက္ၾကားလာတဲ့ ဗီဒီယိုအရ Note 10 Pro ဟာ Note 10 လိုပုံစံမ်ိဳးပဲျဖစ္ၿပီး ေက်ာဘက္မွာ ကင္မရာေလးလုံး တပ္ဆင္ထားတာကို ေတြ႕ခဲ့ရပါတယ္။

OnLeaks ရဲ႕ ဗီဒီယိုအရ Galaxy Note 10 Pro ဟာ ေက်ာဘက္မွာ Fingerprint scanner မပါသလို ေအာက္ဘက္မွာလည္း 3.5mm audio jack မေတြ႕ရပါဘူး။ ၿပီးခဲ့တဲ့ရက္က ထပ္မံေပါက္ၾကားလာတဲ့ Note 10 Pro case render ေတြမွာလည္း 3.5mm audio jack အတြက္ အေပါက္ေဖာက္ထားတာကို မေတြ႕ရပါဘူး။

ဒီ Render ပုံရိပ္ေတြဟာ Third-party ထုတ္လုပ္မႈလုပ္ငန္းတစ္ခုစီက ျဖစ္ေပမယ့္ ျမင္ေတြ႕ရသမွ်ဟာ အေစာပိုင္းက ထြက္ေပၚထားတဲ့ ေကာလာဟလသတင္းေတြနဲ႔ ထပ္တူပဲ ျဖစ္ေနပါတယ္။ ထိပ္ဘက္မွာေတာ့ IR အတြက္ ေနရာျပဳလုပ္ထားတယ္လို႔ ယူဆရပါတယ္။ ေက်ာဘက္မွာလည္း ကင္မရာသုံးလုံးအတြက္ ေထာင္လိုက္အေပါက္ရွိေနၿပီး သူ႔ေဘးမွာေတာ့ ဖလက္ရွ္၊ ႏွလုံးခုန္ႏႈန္းနဲ႔ ေသြးဖိအားဆင္ဆာအတြက္လို႔ ယူဆရတဲ့ ေနရာျပဳလုပ္ထားတာကိုလည္း ေတြ႕ျမင္ရပါတယ္။

ကင္မရာသုံးလုံးဟာ Regular, Ultrawide နဲ႔ Telephoto ေတြျဖစ္ၿပီး စတုတၳေျမာက္ကေတာ့ 3D ToF sensor ျဖစ္မယ္လို႔ ဆိုပါတယ္။ Samsung ကလည္း Galaxy Note 10 Pro နဲ႔ ပတ္သက္လို႔ အတည္ျပဳခ်က္ေပးႏိုင္တဲ့ ဘာသတင္းမွ မထုတ္ထားေသးတာေၾကာင့္ ကင္မရာေတြနဲ႔ပတ္သက္ၿပီး ေကာလာဟလအျဖစ္သာ ရွိေနပါေသးတယ္။

Samsung Galaxy Note 10 Pro ဟာ 4,170mAh ဘက္ထရီကို တပ္ဆင္ထားမွာျဖစ္ၿပီး 6.8-inch Dynamic AMOLED မ်က္ႏွာျပင္နဲ႔ ထြက္ရွိလာမယ္လို႔လည္း သတင္းေတြမွာ ေဖာ္ျပထားၿပီး ျဖစ္ပါတယ္။ Pro version ကေတာ့ Snapdragon 855 ဒါမွမဟုတ္ Exynos 9825 ကို အသုံးျပဳလာဖြယ္ ရွိေနပါတယ္။ ၾသဂုတ္လ ဒုတိယပတ္ေလာက္မွာ တရားဝင္မိတ္ဆက္လာဖြယ္ရွိတာေၾကာင့္ ပိုတိက်တဲ့ အခ်က္အလက္ေတြကို ဆက္လက္ေစာင့္ဆိုင္းၾကရဦးမွာ ျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

ပေါက်ကြားလာတဲ့ Case Render တွေအရ Galaxy Note 10 Pro ရဲ့ ကောလာဟလသတင်းအချို့ ပိုမိုခိုင်မာလာပြီ

Samsung Galaxy Note 10 Pro အကြောင်းကို OnLeaks ထုတ်ဖော်မှုတွေကြောင့် အတော်လေး သိခဲ့ရပြီး ဖြစ်မှာပါ။ ပေါက်ကြားလာတဲ့ ဗီဒီယိုအရ Note 10 Pro ဟာ Note 10 လိုပုံစံမျိုးပဲဖြစ်ပြီး ကျောဘက်မှာ ကင်မရာလေးလုံး တပ်ဆင်ထားတာကို တွေ့ခဲ့ရပါတယ်။

OnLeaks ရဲ့ ဗီဒီယိုအရ Galaxy Note 10 Pro ဟာ ကျောဘက်မှာ Fingerprint scanner မပါသလို အောက်ဘက်မှာလည်း 3.5mm audio jack မတွေ့ရပါဘူး။ ပြီးခဲ့တဲ့ရက်က ထပ်မံပေါက်ကြားလာတဲ့ Note 10 Pro case render တွေမှာလည်း 3.5mm audio jack အတွက် အပေါက်ဖောက်ထားတာကို မတွေ့ရပါဘူး။

ဒီ Render ပုံရိပ်တွေဟာ Third-party ထုတ်လုပ်မှုလုပ်ငန်းတစ်ခုစီက ဖြစ်ပေမယ့် မြင်တွေ့ရသမျှဟာ အစောပိုင်းက ထွက်ပေါ်ထားတဲ့ ကောလာဟလသတင်းတွေနဲ့ ထပ်တူပဲ ဖြစ်နေပါတယ်။ ထိပ်ဘက်မှာတော့ IR အတွက် နေရာပြုလုပ်ထားတယ်လို့ ယူဆရပါတယ်။ ကျောဘက်မှာလည်း ကင်မရာသုံးလုံးအတွက် ထောင်လိုက်အပေါက်ရှိနေပြီး သူ့ဘေးမှာတော့ ဖလက်ရှ်၊ နှလုံးခုန်နှုန်းနဲ့ သွေးဖိအားဆင်ဆာအတွက်လို့ ယူဆရတဲ့ နေရာပြုလုပ်ထားတာကိုလည်း တွေ့မြင်ရပါတယ်။

ကင်မရာသုံးလုံးဟာ Regular, Ultrawide နဲ့ Telephoto တွေဖြစ်ပြီး စတုတ္ထမြောက်ကတော့ 3D ToF sensor ဖြစ်မယ်လို့ ဆိုပါတယ်။ Samsung ကလည်း Galaxy Note 10 Pro နဲ့ ပတ်သက်လို့ အတည်ပြုချက်ပေးနိုင်တဲ့ ဘာသတင်းမှ မထုတ်ထားသေးတာကြောင့် ကင်မရာတွေနဲ့ပတ်သက်ပြီး ကောလာဟလအဖြစ်သာ ရှိနေပါသေးတယ်။

Samsung Galaxy Note 10 Pro ဟာ 4,170mAh ဘက်ထရီကို တပ်ဆင်ထားမှာဖြစ်ပြီး 6.8-inch Dynamic AMOLED မျက်နှာပြင်နဲ့ ထွက်ရှိလာမယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားပြီး ဖြစ်ပါတယ်။ Pro version ကတော့ Snapdragon 855 ဒါမှမဟုတ် Exynos 9825 ကို အသုံးပြုလာဖွယ် ရှိနေပါတယ်။ သြဂုတ်လ ဒုတိယပတ်လောက်မှာ တရားဝင်မိတ်ဆက်လာဖွယ်ရှိတာကြောင့် ပိုတိကျတဲ့ အချက်အလက်တွေကို ဆက်လက်စောင့်ဆိုင်းကြရဦးမှာ ဖြစ်ပါတယ်။

Ref: GSMArena