[Zawgyi]

ၿပီးခဲ့တဲ့လေတြတုန္းကေတာ့ Samsung ရဲ႕ လာမယ့္ Flagship ဟာ Galaxy Note 10 Pro ျဖစ္လိမ့္မယ္လို႔ပဲ ေျပာခဲ့ၾကတာ ျဖစ္ပါတယ္။ အခုအခ်ိန္ကစၿပီး Galaxy Note 10 Pro အေၾကာင္း မေျပာေတာ့ဘဲ Galaxy Note 10+ အေၾကာင္းပဲ ေျပာရေတာ့မွာပါ။

အရင္က ေျပာေနၾကတဲ့ Galaxy Note 10 Pro ဟာ Galaxy Note 10+ ဆိုတဲ့ နာမည္နဲ႔ ထြက္လာမယ္ဆိုတဲ့ သတင္းကလည္း လက္ခံႏိုင္စရာအခ်က္ေတြ ရွိေနတာပါပဲ။ ဒါဟာ Galaxy S10 Series ေတြမွာ Regular နဲ႔ Plus ဆိုၿပီး အမည္ေပးတဲ့ စနစ္နဲ႔ တူညီတယ္လို႔ပဲ ဆိုရမွာပါ။

Series အေၾကာင္း ေျပာတဲ့အခါမွာလည္း လာမယ့္ Note Series မွာ အမ်ိဳးအစား သုံးမ်ိဳးထြက္လာဖြယ္ရွိတယ္လို႔ ဆိုရပါဦးမယ္။ တစ္ခုက 6.4-inch နဲ႔ Galaxy Note 10 ပါ။ ေနာက္တစ္ခုက 6.7-inch Galaxy Note 10+ ျဖစ္ၿပီးေတာ့ 5G အမ်ိဳးအစားလည္း ထြက္လာႏိုင္တယ္ဆိုတာပါ။ လက္ရွိေပါက္ၾကားလာတဲ့ ဓါတ္ပုံကေတာ့ Galaxy Note 10+ ရဲ႕ ပုံပဲ ျဖစ္ပါတယ္။

ေပါက္ၾကားလာတဲ့ ဓါတ္ပုံေတြက အရည္အေသြးေကာင္းတဲ့ ဓါတ္ပုံေတြ မဟုတ္ပါဘူး။ ဒါ့အျပင္ ဒီဓါတ္ပုံေတြကလည္း Galaxy Note 10+ နဲ႔ ပတ္သက္တဲ့ အခ်က္အလက္ေတြကို ေဖာ္ျပႏိုင္ျခင္း မရွိပါဘူး။ ဓါတ္ပုံ႐ိုက္ကူးတဲ့ ရည္႐ြယ္ခ်က္ကိုက နာမည္ကိုပဲ အဓိကထား ေဖာ္ျပခ်င္တယ္လို႔ဆိုရမွာ ျဖစ္ပါတယ္။ မ်က္ႏွာျပင္ရဲ႕ အလယ္တည့္တည့္မွာ Selfie ကင္မရာတစ္လုံး ရွိေနတာရယ္၊ ေက်ာဘက္မွာ ကင္မရာသုံးလုံး တပ္ဆင္ထားတာရယ္ကိုေတာ့ ျမင္ေတြ႕ရပါတယ္။

Ref: GSMArena

[Unicode]

Samsung Note 10+ ရဲ့ ဓာတ်ပုံပေါက်ကြားပေါ်ထွက်လာ

ပြီးခဲ့တဲ့လတွေတုန်းကတော့ Samsung ရဲ့ လာမယ့် Flagship ဟာ Galaxy Note 10 Pro ဖြစ်လိမ့်မယ်လို့ပဲ ပြောခဲ့ကြတာ ဖြစ်ပါတယ်။ အခုအချိန်ကစပြီး Galaxy Note 10 Pro အကြောင်း မပြောတော့ဘဲ Galaxy Note 10+ အကြောင်းပဲ ပြောရတော့မှာပါ။

အရင်က ပြောနေကြတဲ့ Galaxy Note 10 Pro ဟာ Galaxy Note 10+ ဆိုတဲ့ နာမည်နဲ့ ထွက်လာမယ်ဆိုတဲ့ သတင်းကလည်း လက်ခံနိုင်စရာအချက်တွေ ရှိနေတာပါပဲ။ ဒါဟာ Galaxy S10 Series တွေမှာ Regular နဲ့ Plus ဆိုပြီး အမည်ပေးတဲ့ စနစ်နဲ့ တူညီတယ်လို့ပဲ ဆိုရမှာပါ။

Series အကြောင်း ပြောတဲ့အခါမှာလည်း လာမယ့် Note Series မှာ အမျိုးအစား သုံးမျိုးထွက်လာဖွယ်ရှိတယ်လို့ ဆိုရပါဦးမယ်။ တစ်ခုက 6.4-inch နဲ့ Galaxy Note 10 ပါ။ နောက်တစ်ခုက 6.7-inch Galaxy Note 10+ ဖြစ်ပြီးတော့ 5G အမျိုးအစားလည်း ထွက်လာနိုင်တယ်ဆိုတာပါ။ လက်ရှိပေါက်ကြားလာတဲ့ ဓါတ်ပုံကတော့ Galaxy Note 10+ ရဲ့ ပုံပဲ ဖြစ်ပါတယ်။

ပေါက်ကြားလာတဲ့ ဓါတ်ပုံတွေက အရည်အသွေးကောင်းတဲ့ ဓါတ်ပုံတွေ မဟုတ်ပါဘူး။ ဒါ့အပြင် ဒီဓါတ်ပုံတွေကလည်း Galaxy Note 10+ နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ဖော်ပြနိုင်ခြင်း မရှိပါဘူး။ ဓါတ်ပုံရိုက်ကူးတဲ့ ရည်ရွယ်ချက်ကိုက နာမည်ကိုပဲ အဓိကထား ဖော်ပြချင်တယ်လို့ဆိုရမှာ ဖြစ်ပါတယ်။ မျက်နှာပြင်ရဲ့ အလယ်တည့်တည့်မှာ Selfie ကင်မရာတစ်လုံး ရှိနေတာရယ်၊ ကျောဘက်မှာ ကင်မရာသုံးလုံး တပ်ဆင်ထားတာရယ်ကိုတော့ မြင်တွေ့ရပါတယ်။

Ref: GSMArena