[Zawgyi]

Samsung Galaxy Note 10 ရဲ႕ Render ေတြေပၚထြက္ခဲ့တာေတာ့ အေတာ္မ်ားေနပါၿပီ။ ဒါေပမယ့္ ဒီတစ္ေခါက္ ထြက္ေပၚလာတဲ့ Render မွာ Galaxy Note 10 ကို ပန္းေရာင္ကိုယ္ထည္နဲ႔ ျမင္ေတြ႕ရသလို၊ တရားဝင္ ပုံရိပ္ျဖစ္တယ္လို႔လည္း သိရပါတယ္။ ဒီအေရာင္ကို Pink ဒါမွမဟုတ္ Coral တစ္မ်ိဳးမ်ိဳး ေခၚေဝၚမယ္လို႔ ယူဆရပါတယ္။

လာမယ့္ ၾသဂုတ္လ ၇ ရက္ေန႔မွာ တရားဝင္မိတ္ဆက္မွာ ျဖစ္တဲ့အတြက္ ေပါက္ၾကားမႈေတြက ပိုၿပီးအရွိန္ျမင့္လာပါၿပီ။ Galaxy Note 10 ပန္းေရာင္ (ဒါမွမဟုတ္ သႏၲာေရာင္) ကို ဥေရာပေဈးကြက္မွာ ျဖန႔္ခ်ိမယ္လို႔ သိရပါတယ္။ ဒါေပမယ့္ အေမရိကန္ေဈးကြက္မွာ ေသခ်ာေပါက္ ေရာင္းခ်မယ္၊ မေရာင္းခ်ဘူးဆိုတာကေတာ့ ရွင္းရွင္းလင္းလင္း မသိေသးပါဘူး။

Galaxy Note 10 ဟာ ေက်ာဘက္ကင္မရာသုံးလုံးနဲ႔ျဖစ္ၿပီး အေရွ႕ဘက္မ်က္ႏွာျပင္မွာေတာ့ Infinity O နဲ႔အတူ Selfie ကင္မရာတစ္လုံးကို တပ္ဆင္ေပးထားတာ ျဖစ္ပါတယ္။ Galaxy Note 10 Plus နဲ႔ တူညီတဲ့ SoC ကို သုံးထားမွာျဖစ္တဲ့အတြက္ Note 10 ဟာ Snapdragon 855 Plus processor နဲ႔ပဲလို႔ ဆိုရမွာပါ။ RAM ကေတာ့ 8GB လို႔ ေမွ်ာ္လင့္ရၿပီး ဘက္ထရီကေတာ့ 3500 mAh လို႔ သတင္းထြက္ၿပီးသား ျဖစ္ပါတယ္။

အေသးစိတ္အခ်က္အလက္ေတြကိုေတာ့ အခုထိ မသိရေသးေပမယ့္ ဒီရက္ပိုင္းအတြင္း ထပ္မံေပါက္ၾကားဖြယ္ရွိေသးတယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ Galaxy Note 10 ဟာ အျခားအေရာင္ေတြအျဖစ္ Blue, Green, Black, White, Aura Glow စတာေတြလည္း ထုတ္လုပ္ထားၿပီး ေဈးကြက္အမ်ိဳးမ်ိဳးကို အေရာင္အမ်ိဳးမ်ိဳး ခြဲျခားေရာင္းခ်သြားမယ္လို႔လည္း သတင္းထြက္ေပၚထားပါတယ္။

Ref: Android Police

[Unicode]

ပန်းရောင်ကိုယ်ထည်နဲ့မြင်တွေ့ရတဲ့ Samsung Galaxy Note 10 Render

Samsung Galaxy Note 10 ရဲ့ Render တွေပေါ်ထွက်ခဲ့တာတော့ အတော်များနေပါပြီ။ ဒါပေမယ့် ဒီတစ်ခေါက် ထွက်ပေါ်လာတဲ့ Render မှာ Galaxy Note 10 ကို ပန်းရောင်ကိုယ်ထည်နဲ့ မြင်တွေ့ရသလို၊ တရားဝင် ပုံရိပ်ဖြစ်တယ်လို့လည်း သိရပါတယ်။ ဒီအရောင်ကို Pink ဒါမှမဟုတ် Coral တစ်မျိုးမျိုး ခေါ်ဝေါ်မယ်လို့ ယူဆရပါတယ်။

လာမယ့် သြဂုတ်လ ၇ ရက်နေ့မှာ တရားဝင်မိတ်ဆက်မှာ ဖြစ်တဲ့အတွက် ပေါက်ကြားမှုတွေက ပိုပြီးအရှိန်မြင့်လာပါပြီ။ Galaxy Note 10 ပန်းရောင် (ဒါမှမဟုတ် သန္တာရောင်) ကို ဥရောပဈေးကွက်မှာ ဖြန့်ချိမယ်လို့ သိရပါတယ်။ ဒါပေမယ့် အမေရိကန်ဈေးကွက်မှာ သေချာပေါက် ရောင်းချမယ်၊ မရောင်းချဘူးဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိသေးပါဘူး။

Galaxy Note 10 ဟာ ကျောဘက်ကင်မရာသုံးလုံးနဲ့ဖြစ်ပြီး အရှေ့ဘက်မျက်နှာပြင်မှာတော့ Infinity O နဲ့အတူ Selfie ကင်မရာတစ်လုံးကို တပ်ဆင်ပေးထားတာ ဖြစ်ပါတယ်။ Galaxy Note 10 Plus နဲ့ တူညီတဲ့ SoC ကို သုံးထားမှာဖြစ်တဲ့အတွက် Note 10 ဟာ Snapdragon 855 Plus processor နဲ့ပဲလို့ ဆိုရမှာပါ။ RAM ကတော့ 8GB လို့ မျှော်လင့်ရပြီး ဘက်ထရီကတော့ 3500 mAh လို့ သတင်းထွက်ပြီးသား ဖြစ်ပါတယ်။

အသေးစိတ်အချက်အလက်တွေကိုတော့ အခုထိ မသိရသေးပေမယ့် ဒီရက်ပိုင်းအတွင်း ထပ်မံပေါက်ကြားဖွယ်ရှိသေးတယ်လို့ မျှော်လင့်ရပါတယ်။ Galaxy Note 10 ဟာ အခြားအရောင်တွေအဖြစ် Blue, Green, Black, White, Aura Glow စတာတွေလည်း ထုတ်လုပ်ထားပြီး ဈေးကွက်အမျိုးမျိုးကို အရောင်အမျိုးမျိုး ခွဲခြားရောင်းချသွားမယ်လို့လည်း သတင်းထွက်ပေါ်ထားပါတယ်။

Ref: Android Police