[Zawgyi]
Ref : gsmarena
[Unicode]
Samsung Galaxy Note 10+ ရဲ့ Specs Sheet ထွက်ပေါ်လာ
Samsung Galaxy Note 10+ ရဲ့ သတင်းအချက်အလက်တွေ အနည်းငယ်စီ မကြာခဏ ပေါက်ကြားထွက်ပေါ်နေပါတယ်။ အခုတော့ အဲဒီဖုန်းရဲ့ သတင်းအချက်အလက်များစွာပါတဲ့ Specs Sheet တစ်ခု ထွက်ပေါ်လာပါတယ်။ ယုံကြည်ရတဲ့ သတင်းအရင်းအမြစ်တစ်ခုကနေ ထွက်လာတာပါ။ သူ့ရဲ့ ဓါတ်ပုံ တစ်ပုံလည်း ပါဝင်လာပါတယ်။ Samsung Galaxy Note 10+ မှာ QHD+ (1440 x 3040px) Display ထည့်သွင်းထားမှာ ဖြစ်ပြီး အလယ်မှာ Punch-hole Camera တစ်လုံး ပါလာနိုင်ပါတယ်။ မျက်နှာပြင် အရွယ်အစားက ၆.၈ လက်မ ဖြစ်မှာပါ။
နိုင်ငံအပေါ် မူတည်ပြီး Qualcomm Snapdragon 855+ သို့မဟုတ် the Exynos 9820 ထည့်သွင်းထားနိုင်ပါတယ်။ Three-Step Aperture (f/1.5, f/1.8, and f/2.4) ပါတဲ့ ပင်မ ကင်မရာ တစ်လုံး ထည့်သွင်းထားပြီး အလင်းရောင် နည်းပါးချိန်တွေမှာ ဓါတ်ပုံကောင်းတွေ ရိုက်ကူးပေးနိုင်ပါတယ်။ 12MP Telephoto Camera နဲ့ 16MP Ultrawide Camera တွေ ပါပါတယ်။ အရှေ့ကင်မရာက 10MP ဖြစ်ပါတယ်။
Galaxy Note 10+ အတွက် 12GB + 256GB နဲ့ 12GB + 512GB Model တွေ ထုတ်ထားပြီး UFS 3.0 Internal Storage ပါလာမှာပါ။ 45W Fast Charging ပါတဲ့ 4300mAh Battery ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ ကြိုးမဲ့ အားသွင်း စနစ်က 20W အထိ ထောက်ပံ့လာမှာပါ။ AKG-branded Stereo Speakers တွေက အလန်းစား အသံတွေကို ထုတ်လုပ်ပေးနိုင်ပါတယ်။
သြဂုတ်လ ၇ ရက်မှာ ကြေညာမှာ ဖြစ်ပြီး ကြေညာတဲ့နေ့မှာပဲ ကြိုတင်မှာယူခွင့်ပေးနိုင်ပါတယ်။ သြဂုတ်လ ၂၃ ရက်မှာ ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။ အရင် သတင်းတွေအရ Note 10 ရဲ့ အခြေခံ မော်ဒယ်မှာ 8/256GB ပါပြီး ယူရို ၉၉၉ ကျသင့်မယ်လို့ သိရပါတယ်။ မြန်မာငွေ ၁၆ သိန်းကျော်လောက် ရှိနိုင်ပါတယ်။
Ref : gsmarena