Unicode

ပြီးခဲ့တဲ့လတုန်းက Samsung ဟာ Star Wars Theme နဲ့ Galaxy Note10+ ကို ထုတ်ပြခဲ့ပြီး ယနေ့မှာတော့ Star Wars ပရိသတ်တွေဟာ ဒီဖုန်းသစ်ကို အကြိုမှာယူနိုင်ပြီဖြစ်ပါတယ်။

ဒီ Bundle ထဲမှာ 12/256GB မန်မိုရီအတွဲနဲ့ Note10+ တစ်လုံးပါဝင်ပြီး သူ့အပေါ်မှာ နောက်ဆုံး Trilogy ထဲက အဓိကဇာတ်ကောင် Kylo Ren ပုံကို ရေးဆွဲထားကာ Sith တွေရဲ့ Lightsaber လိုလို အနီရောင် S Pen နဲ့ တွဲဖက်သုံးစွဲရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အနက်နဲ့အနီရောင်ဘူးထဲက Galaxy Buds တစ်စုံလည်း ပါဝင်မှာပါ။ Limited Edition ဖြစ်တာနဲ့အညီ Star Wars ပရိသတ်တွေကို အပီအပြင်ဆွဲဆောင်ဖို့ Box ကအစ Kylo Ren ပုံနဲ့ ထည့်သွင်းထားပါတယ်။

မူရင်း Galaxy Note10+ မှာ 6.8” လက်မ Dynamic AMOLED Display ပါဝင်ပြီး အလယ်တည့်တည့်က Punch-hole ထဲမှာ 10MP Selfie ကင်မရာငယ်ပါဝင်ပါတယ်။ အတွင်းမှာ Snapdragon 855 ချစ်ပ်ဆက်ကို အသုံးပြုထားပြီး နောက်ဘက် Quad-cam က 12MP + 12MP +16MP + ToF Sensor အတွဲပါ။

Galaxy Note10+ Star Wars Edition ဟာ ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ဈေးကွက်ထဲ ဖြန့်ချိလာမှာဖြစ်ပြီး ဈေးနှုန်းက ဒေါ်လာ ၁၂၉၉ (မြန်မာငွေ ၁၉ သိန်းခွဲ) သတ်မှတ်လာပါတယ်။

Ref – GSM Arena

Zawgyi

ၿပီးခဲ့တဲ့လတုန္းက Samsung ဟာ Star Wars Theme နဲ႔ Galaxy Note10+ ကို ထုတ္ျပခဲ့ၿပီး ယေန႔မွွာေတာ့ Star Wars ပရိသတ္ေတြဟာ ဒီဖုန္းသစ္ကို အႀကိဳမွာယူႏုိင္ၿပီျဖစ္ပါတယ္။

ဒီ Bundle ထဲမွာ 12/256GB မန္မုိရီအတြဲနဲ႔ Note10+ တစ္လုံးပါဝင္ၿပီး သူ႕အေပၚမွာ ေနာက္ဆုံး Trilogy ထဲက အဓိကဇာတ္ေကာင္ Kylo Ren ပုံကုိ ေရးဆြဲထားကာ Sith ေတြရဲ႕ Lightsaber လိုလို အနီေရာင္ S Pen နဲ႔ တြဲဖက္သုံးစြဲရမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ အနက္နဲ႔အနီေရာင္ဘူးထဲက Galaxy Buds တစ္စုံလည္း ပါဝင္မွာပါ။ Limited Edition ျဖစ္တာနဲ႔အညီ Star Wars ပရိသတ္ေတြကို အပီအျပင္ဆြဲေဆာင္ဖို႔ Box ကအစ Kylo Ren ပုံနဲ႔ ထည့္သြင္းထားပါတယ္။

မူရင္း Galaxy Note10+ မွာ 6.8” လက္မ Dynamic AMOLED Display ပါဝင္ၿပီး အလယ္တည့္တည့္က Punch-hole ထဲမွာ 10MP Selfie ကင္မရာငယ္ပါဝင္ပါတယ္။ အတြင္းမွာ Snapdragon 855 ခ်စ္ပ္ဆက္ကို အသုံးျပဳထားၿပီး ေနာက္ဘက္ Quad-cam က 12MP + 12MP +16MP + ToF Sensor အတြဲပါ။

Galaxy Note10+ Star Wars Edition ဟာ ဒီဇင္ဘာ ၁၃ ရက္ေန႔မွာ ေစ်းကြက္ထဲ ျဖန္႔ခ်ိလာမွာျဖစ္ၿပီး ေစ်းႏႈန္းက ေဒၚလာ ၁၂၉၉ (ျမန္မာေငြ ၁၉ သိန္းခြဲ) သတ္မွတ္လာပါတယ္။

Ref – GSM Arena