[Zawgyi]

နာမည်ကျော် Leakster တစ်ဦး ဖြစ်တဲ့ Evan Blass (aka @evleaks) က နောက်ထုတ်မယ့် Galaxy Note 10 ရဲ့ Specs တွေကို မျှဝေလိုက်ပါတယ်။ Note 10 မှာ ၆.၃ လက်မ မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး 60Hz Refresh Rate ကို ထောက်ပံ့တဲ့ AMOLED Panel ဖြစ်မယ်လို့ ဆိုပါတယ်။ ဘက်ထရီက 3600mAh ပါ။ သူ့ရဲ့ အခြေခံ မော်ဒယ်မှာ 8GB RAM , 256GB Storage ပါလာမှာပါ။

အရင်သတင်းတွေအရ Qualcomm အသစ် ကြေညာထားတဲ့ Snapdragon 855 Plus ပါမှာ မဟုတ်ဘူးလို့ သိခဲ့ရပါတယ်။ Blass ကတော့ သူ့မှာ အဲဒီ Chipset ပါမယ်လို့ ပြောပါတယ်။ အရင်သတင်းများစွာက Note 10+ မှာသာ 45W Fast Charging ပါမယ်လို့ ပြောပါတယ်။ Blass က အရွယ်သေး Note 10 မှာလည်း ဒီစွမ်းရည် ပါမယ်လို့ ပြောပါတယ်။ ဒါ့အပြင် အခြား Device တွေကို အားသွင်းပေးမယ့် 15W Reverse Charging လည်း ပါလာမှာပါ။

Blass က Note 10+ မှာသာ microSD Card Slot ပါပြီး Note 10 မှာ မပါဘူးလို့ ပြောပါတယ်။ မော်ဒယ်နှစ်ခုစလုံးမှာ Air Gestures တွေပါတဲ့ S Pen ပါလာမှာပါ။ သူက Note 10+ မှာ ၆.၈ လက်မ မျက်နှာပြင်နဲ့ 4300mAh Battery ပါမယ်လို့ အတည်ပြုလိုက်ပါတယ်။

နောက်ထပ် နာမည်ကျော် Leakster တစ်ဦး ဖြစ်တဲ့ @onleaks က ကမ္ဘာ့နိုင်ငံ အများစုမှာ ရောင်းမယ့်  Note 10 မှာ Exynos 9825 SoC , 12MP(Wide) + 16 MP (Ultra-Wide) + 12 MP (Telephoto) Rear Camera System , UFS 3.0 Storage နဲ့ 25W Fast Charger တွေပါမယ်လို့ ပြောပါတယ်။ Note 10+ ရဲ့ တန်ဖိုး အနည်းဆုံး မော်ဒယ်မှာ 8GB/256GB ပါမယ်လို့ ဆိုပါတယ်။

Ref : gsmarena

[Unicode]

Samsung Galaxy Note 10 မှာ Snapdragon 855 Plus ပါလာနိုင်

နာမည်ကျော် Leakster တစ်ဦး ဖြစ်တဲ့ Evan Blass (aka @evleaks) က နောက်ထုတ်မယ့် Galaxy Note 10 ရဲ့ Specs တွေကို မျှဝေလိုက်ပါတယ်။ Note 10 မှာ ၆.၃ လက်မ မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး 60Hz Refresh Rate ကို ထောက်ပံ့တဲ့ AMOLED Panel ဖြစ်မယ်လို့ ဆိုပါတယ်။ ဘက်ထရီက 3600mAh ပါ။ သူ့ရဲ့ အခြေခံ မော်ဒယ်မှာ 8GB RAM , 256GB Storage ပါလာမှာပါ။ အရင် သတင်းတွေအရတော့ သူ့မှာ ပုံသေ အနေနဲ့ 12GB RAM နဲ့ 256GB Storage ပါမယ်လို့ သိခဲ့ရပါတယ်။

အရင် သတင်းတွေအရ Qualcomm အသစ် ကြေညာထားတဲ့ Snapdragon 855 Plus ပါမှာ မဟုတ်ဘူးလို့ သိခဲ့ရပါတယ်။ Blass ကတော့ သူ့မှာ အဲဒီ Chipset ပါမယ်လို့ ပြောပါတယ်။ အရင် သတင်းများစွာက Note 10+ မှာသာ 45W Fast Charging ပါမယ်လို့ ပြောပါတယ်။ Blass က အရွယ်သေး Note 10 မှာလည်း ဒီစွမ်းရည် ပါမယ်လို့ ပြောပါတယ်။ ဒါ့အပြင် အခြား Device တွေကို အားသွင်းပေးမယ့် 15W Reverse Charging လည်း ပါလာမှာပါ။

Blass က Note 10+ မှာသာ microSD Card Slot ပါပြီး Note 10 မှာ မပါဘူးလို့ ပြောပါတယ်။ မော်ဒယ်နှစ်ခုစလုံးမှာ Air Gestures တွေပါတဲ့ S Pen ပါလာမှာပါ။ သူက အရင်သတင်းထွက်ထားတဲ့ အတိုင်း Note 10+ မှာ ၆.၈ လက်မ မျက်နှာပြင်နဲ့ 4300mAh Battery ပါမယ်လို့ အတည်ပြုလိုက်ပါတယ်။

နောက်ထပ် နာမည်ကျော် Leakster တစ်ဦး ဖြစ်တဲ့ @onleaks က ကမ္ဘာ့ နိုင်ငံ အများစုမှာ ရောင်းမယ့် Note 10 မှာ Exynos 9825 SoC , 12MP(Wide) + 16 MP (Ultra-Wide) + 12 MP (Telephoto) Rear Camera System , UFS 3.0 Storage နဲ့ 25W Fast Charger တွေပါမယ်လို့ ပြောပါတယ်။ Note 10+ ရဲ့ တန်ဖိုး အနည်းဆုံး မော်ဒယ်မှာ 8GB/256GB ပါမယ်လို့ ဆိုပါတယ်။

Ref : gsmarena