[Zawgyi]

Samsung ရဲ႕ လက္ရွိ ႀကိဳးမဲ့အားသြင္းစနစ္ေတြဟာ အျမန္ႏႈန္းအားျဖင့္ 10W-15W Speed ေတြသာ ရွိေနၾကတာ ျဖစ္ပါတယ္။ ဒါေၾကာင့္ အခုသတင္းအတိုင္း 20W ျမန္ႏႈန္းအထိ ေထာက္ပံ့ေပးႏိုင္မယ္ဆိုရင္ေတာ့ ကုမၸဏီရဲ႕ အျမန္ဆုံး ႀကိဳးမဲ့အားသြင္းစနစ္တစ္ခု ျဖစ္လာမယ္လို႔ ဆိုရပါလိမ့္မယ္။

Tipster တစ္ဦးျဖစ္တဲ့ Roland Quandt ကေတာ့ 20W အျမန္ႏႈန္းဟာ ေကာလာဟလမဟုတ္ဘူးလို႔ အခိုင္အမာ ေျပာဆိုခဲ့ပါတယ္။ FCC listing အရ ႀကိဳးမဲ့ကြိဳင္သစ္ဟာ EP-N5200 ေမာ္ဒယ္နံပါတ္နဲ႔ ျဖစ္ၿပီး S10 line နဲ႔လာတဲ့ EP-P5200 ထက္ ပိုမိုေကာင္းမြန္မယ္လို႔လည္း ဆိုႏိုင္ပါတယ္။

Samsung booth က ပုံေတြမွာ ျမင္ေတြ႕ရတာကလည္း စမတ္ဖုန္းကေန Wearable ဆီ ခ်ိတ္ဆက္ပို႔ေဆာင္တဲ့ Reverse ႀကိဳးမဲ့အားသြင္းစနစ္ဟာ 20W ျမန္ႏႈန္း ရွိေနတာလည္း ျဖစ္ပါတယ္။ ရွင္းရွင္းလင္းလင္း မသိရေသးတာကေတာ့ ဒီ 20W အျမန္အားသြင္းစနစ္ဟာ Galaxy Note 10 ဘယ္ေမာ္ဒယ္မွာ ပါဝင္လာမလဲဆိုတာပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ သိပ္မၾကာခင္အခ်ိန္အတြင္း ထုတ္ျပဖို႔ စီစဥ္ေနတာကေတာ့ သိသာထင္ရွားေနၿပီ ျဖစ္ပါတယ္။

MWC ရွန္ဟိုင္းမွာတုန္းကလည္း Samsung ဟာ 45W PD solution ကို ထုတ္ႂကြားခဲ့ပါေသးတယ္။ ဒီကတည္းက Note 10 လိုင္းေတြမွာ ပိုေကာင္း၊ ပိုျမန္တဲ့ ႀကိဳးမဲ့အားသြင္းစနစ္ ပါလာမယ္လို႔ သတင္းႀကီးခဲ့တာလို႔လည္း ေျပာႏိုင္ပါတယ္။ Galaxy Note 10 ကေတာ့ 6.4-inch ပုံမွန္အမ်ိဳးအစားနဲ႔ ပိုႀကီးတဲ့ 6.7-inch Note10+ ဆိုၿပီး ႏွစ္မ်ိဳး ႏွစ္စားထြက္ေပၚလာမယ္လို႔ သိရပါတယ္။

ေပါက္ၾကားမႈေတြအရ Note10+ ဟာ 5G ကြန္ရက္နဲ႔လည္း ခ်ိတ္ဆက္အသုံးျပဳႏိုင္မယ္လို႔ သိရပါတယ္။ Infinity-O punch hole ကိုမွ မ်က္ႏွာျပင္ရဲ႕ အေပၚဘက္ထိပ္ အလယ္တည့္တည့္မွာ ေနရာခ်ထားမယ္လို႔လည္း သတင္းထြက္ေပၚထားပါတယ္။ အျခားအခ်က္အလက္ေတြအျဖစ္ Sound on display နည္းပညာ၊ TOF ဆင္ဆနာဲ့ Three-stage variable aperture အဓိကကင္မရာ၊ 4,170 mAh ဘက္ထရီေတြ ပါဝင္လာမယ္ဆိုတာပဲ ျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

20W မြန်နှုန်းအထိပေးအပ်မယ့် Galaxy Note10 ရဲ့ Wireless Charger

Samsung ရဲ့ လက်ရှိ ကြိုးမဲ့အားသွင်းစနစ်တွေဟာ အမြန်နှုန်းအားဖြင့် 10W-15W Speed တွေသာ ရှိနေကြတာ ဖြစ်ပါတယ်။ ဒါကြောင့် အခုသတင်းအတိုင်း 20W မြန်နှုန်းအထိ ထောက်ပံ့ပေးနိုင်မယ်ဆိုရင်တော့ ကုမ္ပဏီရဲ့ အမြန်ဆုံး ကြိုးမဲ့အားသွင်းစနစ်တစ်ခု ဖြစ်လာမယ်လို့ ဆိုရပါလိမ့်မယ်။

Tipster တစ်ဦးဖြစ်တဲ့ Roland Quandt ကတော့ 20W အမြန်နှုန်းဟာ ကောလာဟလမဟုတ်ဘူးလို့ အခိုင်အမာ ပြောဆိုခဲ့ပါတယ်။ FCC listing အရ ကြိုးမဲ့ကွိုင်သစ်ဟာ EP-N5200 မော်ဒယ်နံပါတ်နဲ့ ဖြစ်ပြီး S10 line နဲ့လာတဲ့ EP-P5200 ထက် ပိုမိုကောင်းမွန်မယ်လို့လည်း ဆိုနိုင်ပါတယ်။

Samsung booth က ပုံတွေမှာ မြင်တွေ့ရတာကလည်း စမတ်ဖုန်းကနေ Wearable ဆီ ချိတ်ဆက်ပို့ဆောင်တဲ့ Reverse ကြိုးမဲ့အားသွင်းစနစ်ဟာ 20W မြန်နှုန်း ရှိနေတာလည်း ဖြစ်ပါတယ်။ ရှင်းရှင်းလင်းလင်း မသိရသေးတာကတော့ ဒီ 20W အမြန်အားသွင်းစနစ်ဟာ Galaxy Note 10 ဘယ်မော်ဒယ်မှာ ပါဝင်လာမလဲဆိုတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သိပ်မကြာခင်အချိန်အတွင်း ထုတ်ပြဖို့ စီစဉ်နေတာကတော့ သိသာထင်ရှားနေပြီ ဖြစ်ပါတယ်။

MWC ရှန်ဟိုင်းမှာတုန်းကလည်း Samsung ဟာ 45W PD solution ကို ထုတ်ကြွားခဲ့ပါသေးတယ်။ ဒီကတည်းက Note 10 လိုင်းတွေမှာ ပိုကောင်း၊ ပိုမြန်တဲ့ ကြိုးမဲ့အားသွင်းစနစ် ပါလာမယ်လို့ သတင်းကြီးခဲ့တာလို့လည်း ပြောနိုင်ပါတယ်။ Galaxy Note 10 ကတော့ 6.4-inch ပုံမှန်အမျိုးအစားနဲ့ ပိုကြီးတဲ့ 6.7-inch Note10+ ဆိုပြီး နှစ်မျိုး နှစ်စားထွက်ပေါ်လာမယ်လို့ သိရပါတယ်။

ပေါက်ကြားမှုတွေအရ Note10+ ဟာ 5G ကွန်ရက်နဲ့လည်း ချိတ်ဆက်အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ Infinity-O punch hole ကိုမှ မျက်နှာပြင်ရဲ့ အပေါ်ဘက်ထိပ် အလယ်တည့်တည့်မှာ နေရာချထားမယ်လို့လည်း သတင်းထွက်ပေါ်ထားပါတယ်။ အခြားအချက်အလက်တွေအဖြစ် Sound on display နည်းပညာ၊ TOF ဆင်ဆနာဲ့ Three-stage variable aperture အဓိကကင်မရာ၊ 4,170 mAh ဘက်ထရီတွေ ပါဝင်လာမယ်ဆိုတာပဲ ဖြစ်ပါတယ်။

Ref: GSMArena