[Zawgyi]

ေနာက္ထပ္ထြက္လာမယ့္ Samsung ရဲ႕ Note10 လိုင္းထဲက Note10e နဲ႔ ပတ္သက္တဲ့ သတင္းတစ္ခုထြက္ေပၚလာပါတယ္။ အဲဒါကေတာ့ Galaxy Note10 e မွာ 3,400mAh ပမာဏရွိတဲ့ ဘက္ထရီကို တပ္ဆင္ေပးထားမယ္ဆိုတာပါပဲ။

Galaxy Note10 ဟာ အ႐ြယ္အစား ႏွစ္မ်ိဳးနဲ႔ ထြက္ေပၚလာမယ္ဆိုတဲ့သတင္းက လြန္ခဲ့တဲ့ ဧၿပီလ ဒုတိယပတ္ေလာက္ကတည္းက ထြက္ေပၚခဲ့တာပါ။ ေမာ္ဒယ္နံပါတ္ SM-N970 နဲ႔ တစ္လုံးက အေသးျဖစ္ၿပီး SM-N975 နံပါတ္နဲ႔ တစ္လုံးက အ႐ြယ္အစားပိုႀကီးတဲ့ အမ်ိဳးအစား ျဖစ္တယ္လို႔လည္း ေဖာ္ျပခဲ့ၿပီး ျဖစ္ပါတယ္။

အခုေတာ့ SM-N970 ျဖစ္တဲ့ အ႐ြယ္အစားငယ္တဲ့အမ်ိဳးအစားမွာ 3,400mAh ဘက္ထရီတပ္ဆင္ေပးထားမယ္လို႔ သတင္းထြက္လာတာပါ။ ဒီသတင္းကေတာ့ GalaxyClub.nl ကေန ေပၚထြက္လာတာျဖစ္ၿပီး ဘက္ထရီရဲ႕ေမာ္ဒယ္နံပါတ္ဟာ Note10e ရဲ႕ ေမာ္ဒယ္နံပါတ္နဲ႔ ကိုက္ညီတယ္လို႔ ေရးသားေဖာ္ျပခဲ့တာလည္း ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့လတုန္းကလည္း အခုထြက္ေပၚလာတဲ့ Note10e သတင္းနဲ႔ အလားတူသတင္းမ်ိဳး ထြက္ေပၚခဲ့ပါေသးတယ္။ အဲဒါကေတာ့ Galaxy Note10 Pro ဟာ 4,500mAh ဘက္ထရီကို တပ္ဆင္ထားမယ္ဆိုတာပါပဲ။ ထြက္ခဲ့ဖူးတဲ့ သတင္းေတြကို ျပန္ၾကည့္မယ္ဆိုရင္ေတာ့ Galaxy Note10 ဟာ 6.28-inch အ႐ြယ္အစားမ်က္ႏွာျပင္နဲ႔ျဖစ္ၿပီး Galaxy Note10 Pro ကေတာ့ 6.75-inch အ႐ြယ္အစား မ်က္ႏွာျပင္နဲ႔လို႔ သိရပါတယ္။ ေကာလာဟလအခ်ိဳ႕ကေတာ့ Galaxy Note10e ဟာ Galaxy S10e နဲ႔ ေဈးႏႈန္းခ်င္းသိပ္မကြာဘူးလို႔လည္းေဖာ္ျပေနၾကပါတယ္။

Ref: GSMArena

[Unicode]

Samsung Galaxy Note10e မှာ 3,400mAh ဘက်ထရီ တပ်ဆင်ထားမယ်လို့ သတင်းထွက်ပေါ်

နောက်ထပ်ထွက်လာမယ့် Samsung ရဲ့ Note10 လိုင်းထဲက Note10e နဲ့ ပတ်သက်တဲ့ သတင်းတစ်ခုထွက်ပေါ်လာပါတယ်။ အဲဒါကတော့ Galaxy Note10 e မှာ 3,400mAh ပမာဏရှိတဲ့ ဘက်ထရီကို တပ်ဆင်ပေးထားမယ်ဆိုတာပါပဲ။

Galaxy Note10 ဟာ အရွယ်အစား နှစ်မျိုးနဲ့ ထွက်ပေါ်လာမယ်ဆိုတဲ့သတင်းက လွန်ခဲ့တဲ့ ဧပြီလ ဒုတိယပတ်လောက်ကတည်းက ထွက်ပေါ်ခဲ့တာပါ။ မော်ဒယ်နံပါတ် SM-N970 နဲ့ တစ်လုံးက အသေးဖြစ်ပြီး SM-N975 နံပါတ်နဲ့ တစ်လုံးက အရွယ်အစားပိုကြီးတဲ့ အမျိုးအစား ဖြစ်တယ်လို့လည်း ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

အခုတော့ SM-N970 ဖြစ်တဲ့ အရွယ်အစားငယ်တဲ့အမျိုးအစားမှာ 3,400mAh ဘက်ထရီတပ်ဆင်ပေးထားမယ်လို့ သတင်းထွက်လာတာပါ။ ဒီသတင်းကတော့ GalaxyClub.nl ကနေ ပေါ်ထွက်လာတာဖြစ်ပြီး ဘက်ထရီရဲ့မော်ဒယ်နံပါတ်ဟာ Note10e ရဲ့ မော်ဒယ်နံပါတ်နဲ့ ကိုက်ညီတယ်လို့ ရေးသားဖော်ပြခဲ့တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လတုန်းကလည်း အခုထွက်ပေါ်လာတဲ့ Note10e သတင်းနဲ့ အလားတူသတင်းမျိုး ထွက်ပေါ်ခဲ့ပါသေးတယ်။ အဲဒါကတော့ Galaxy Note10 Pro ဟာ 4,500mAh ဘက်ထရီကို တပ်ဆင်ထားမယ်ဆိုတာပါပဲ။ ထွက်ခဲ့ဖူးတဲ့ သတင်းတွေကို ပြန်ကြည့်မယ်ဆိုရင်တော့ Galaxy Note10 ဟာ 6.28-inch အရွယ်အစားမျက်နှာပြင်နဲ့ဖြစ်ပြီး Galaxy Note10 Pro ကတော့ 6.75-inch အရွယ်အစား မျက်နှာပြင်နဲ့လို့ သိရပါတယ်။ ကောလာဟလအချို့ကတော့ Galaxy Note10e ဟာ Galaxy S10e နဲ့ ဈေးနှုန်းချင်းသိပ်မကွာဘူးလို့လည်းဖော်ပြနေကြပါတယ်။

Ref: GSMArena