Samsung Galaxy Note20 Series ကို ကြေညာဖို့ လအနည်းငယ်လိုပါသေးတယ်။ အခုတော့ Galaxy Note20+ 5G ကို Geekbench ရဲ့ ဒေတာဘေ့စ်မှာ တွေ့လာရပါပြီ။ မော်ဒယ်နံပါတ်က SM-N986U ဖြစ်ပြီး Geekbench မှာ အဲဒီ စမတ်ဖုန်းရဲ့ Specs တချို့ကို ဖော်ပြထားပါတယ်။

Galaxy Note20+ 5G မှာ Android 10 မောင်းနှင်ထားပြီး 8GB RAM ထည့်သွင်းထားပါတယ်။ 12GB RAM မော်ဒယ်လည်း ထုတ်လုပ်ထားနိုင်ပါတယ်။ Motherboard ကို “kona” လို့ ဖော်ပြထားတဲ့အတွက် Snapdragon 865 Chipset ဖြစ်နိုင်ပါတယ်။ CPU ဟာ 3.09GHz အမြန်နှုန်းရှိပြီး 865 ဟာ 2.84GHz ပဲရှိတဲ့အတွက် မကြေညာရသေးတဲ့ Snapdragon 865+ လည်း ဖြစ်နိုင်ပါတယ်။

Note10+ 5ရေဲ့ မော်ဒယ်နံပါတ်ဟာ SM-N976U ဖြစ်တဲ့ အတွက် SM-N986U ဟာ အ‌မေရိကန် ဗားရှင်း ဖြစ်နိုင်ပါတယ်။ Note20+ 5G ဟာ Single နဲ့ Multi Core Test မှာ  ၉၈၅ မှတ်နဲ့ ၃,၂၂၀ မှတ်ရထားပါတယ်။ အဲဒီဖုန်းဟာ လက်ရှိမှာ နမူနာမော်ဒယ် အဆင့်ပဲရှိနိုင်သေးပါတယ်။

Samsung ကတော့ Galaxy Note20 Series အကြောင်းကို မပြောသေးပါဘူး။ Note10 Series ကို အရင်နှစ် ဩဂုတ်လမှာ ကြေညာခဲ့တဲ့အတွက် ဒီနှစ်မှာလည်း Note20 Series ကို အဲဒီအချိန်လောက်မှာ ချပြနိုင်ပါတယ်။

Ref : gsmarena