Samsung Galaxy Note20 နဲ့ Note20 Ultra တို့ကို အဖွဲ့အစည်းများစွာမှာ မှတ်ပုံတင်ထားပြီ ဖြစ်ပြီး အခုတော့ ထိုင်းက NBTC Authority ကို ရောက်လာပါပြီ။ အဲဒီ စမတ်ဖုန်းတွေရဲ့ မော်ဒယ် နံပါတ်တွေဟာ SM-N980F/N985F တို့ ဖြစ်ပြီး ၂ လုံးစလုံးဟာ 4G မော်ဒယ်တွေ ဖြစ်ကြပါတယ်။

NBTC မှာ အဲဒီ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်း ၂ လုံးရဲ့ တခြား သတင်းအချက်အလက်တွေကို မဖော်ပြထားသေးပေမယ့် Samsung ဟာ အရွယ်သေး Galaxy Note20 နဲ့ အရွယ်ကြီး Galaxy Note20 Ultra ၂ လုံးကိုပဲ ထုတ်လုပ်ရောင်းချမှာကို အတည်ပြုထားပါတယ်။ အဲဒီအတွက် Galaxy Note20+ တော့ ထွက်လာမှာ မဟုတ်ပါဘူး။

အဲဒီ စမတ်ဖုန်း ၂ လုံးရဲ့ ကွာခြားချက်တွေကို မသိရသေးပေမယ့် Galaxy Note20 Ultra မှာပဲ Periscope ကင်မရာ ထည့်သွင်းထားမယ်လို့ ထင်ရပါတယ်။ Samsung ဟာ ဩဂုတ်လ ၅ ရက်နေ့မှာ Unpacked Event ကို ကျင်းပမှာ ဖြစ်ပြီး Samsung Galaxy Note20 နဲ့ Note20 Ultra တို့ကို ကြေညာတော့မှာ ဖြစ်ပါတယ်။ အဲဒီပွဲမှာပဲ Galaxy Z Fold 2, Galaxy Z Flip 5G, Galaxy Tab S7/S7+, Galaxy Watch3 နဲ့ Galaxy Buds Live တို့ကိုပါ မြင်ရနိုင်ပါတယ်။

Ref : gsmarena