မနှစ်ကထွက်ခဲ့တဲ့ Samsung Galaxy Note10 ဟန်းဆက်ဟာ 3,500 mAh ဘက္ထရီနဲ့ဖြစ်ပြီး အခုနှစ်မှာတော့ မျိုးဆက်သစ်ဖြစ်တဲ့ Note20 မှာ ပိုကြီးတဲ့ ဘက္ထရီသုံးစွဲလာမယ်လို့ သတင်းထွက်လာပါတယ်။

နယ်သာလန်ဘလော့တစ်ခုကနေ ထွက်လာတဲ့သတင်းထဲမှာ Galaxy Note20 ရဲ့ ဘက္ထရီအစိတ်အပိုင်းကို မော်ဒယ်နံပါတ် EB-BN980ABY အဖြစ်ဖော်ပြထားပြီး သူ့ရဲ့ပမာဏက 3,880 mAh လို့ဖော်ပြထားတာကြောင့် 4,000 mAh ဝန်းကျင်လို့ ပြောနိုင်ပါတယ်။ ဒါဟာ Galaxy S20 မှာပါဝင်တဲ့ ဘက္ထရီနဲ့လည်း အတူတူပါပဲ။

ပုံမှန် Note20 ဟန်းဆက်က ပိုကြီးတဲ့ဘက္ထရီ ရရှိလာတာကြောင့် Note20+ မှာလည်း သူ့ထက်ပိုကြီးမားတဲ့ ဘက္ထရီတစ်ခု ပါဝင်လာဖို့ မျှော်လင့်ရပါတယ်။ S20+ မှာတွေ့ရတဲ့ 4,500 mAh သို့မဟုတ် S20 Ultra မှာပါတဲ့ 5,000 mAh တို့ဖြစ်နိုင်ပါတယ်။

Note20 စီးရီးနဲ့ပတ်သက်တဲ့ အချက်အလက်တွေ သိပ်မထွက်လာသေးပေမယ့် အခုလအစောပိုင်းမှာတော့ Note20+ 5G မော်ဒယ်ကို Geekbench မှာမြင်တွေ့ခဲ့ရပြီး Android 10 OS, 8GB RAM နဲ့ Snapdragon 865+ ချစ်ပ်ဆက် တို့ပါဝင်ခဲ့ပါတယ်။

Galaxy Note20 စီးရီးကို ကိုဗစ်ရောဂါကြောင့် မတည်ငြိမ်သေးပေမယ့် လာမယ့်သြဂုတ်လမှာပဲ မိတ်ဆက်လာမယ်လို့ သတင်းထွက်ထားပါတယ်။ ဒါပေမယ့် အပြင်မှာ မိတ်ဆက်ပွဲလုပ်ဖို့ထက် အွန်လိုင်းကနေပဲ မိတ်ဆက်တာလည်း ဖြစ်နိုင်ပါတယ်။

Ref – GSM Arena