Samsung Galaxy Note20+ ရဲ့ ဓါတ်ပုံတွေ မကြာခင်က ထွက်ပေါ်လာပြီးနောက် အခုတော့ အရောင်တွေ သိလာရပါတယ်။ အတွင်းပိုင်း သတင်းတွေအရ Note20 အတွက် အညို၊ အစိမ်းနဲ့ ကော့ပါး အရောင်တွေ၊ Note20+ အတွက် အနက်နဲ့ ကော့ပါး အရောင်တွေ ထုတ်လုပ်ထားပါတယ်။ Samsung ဟာ ဒီတစ်ကြိမ်မှာ တောက်တောက်ပြောင်ပြောင် အရောင်တွေ မသုံးထားဘဲ ရိုးရိုးရှင်းရှင်း အရောင်တွေကို ရွေးချယ်ထားတယ်လို့ ထင်ပါတယ်။ Samsung ဟာ အစောပိုင်း ရောင်းချပြီး နောက်ပိုင်းမှာ အရောင် အသစ်တွေကို ထုတ်လုပ် ရောင်းချနိုင်ပါတယ်။

ကော့ပါး အရောင်ဟာ Galaxy Note9 နဲ့ မတူညီဘူးလို့ သတင်းထွက်နေပါတယ်။ ကော့ပါး အရောင် အသစ်ဟာ ရွှေရောင်ဘက် ပိုသန်းပါတယ်။

အထက်မှာ ဖော်ပြထားတဲ့ အရောင်တွေဟာ တစ်စိတ်တစ်ပိုင်းပဲ ရှိသေးတယ်လို့ ထင်ရပါတယ်။ Samsung ဟာ Galaxy Note20 Series တွေအတွက် အရောင် ၄ မျိုးထက် ပိုပြီး ထုတ်လုပ် ရောင်းချနိုင်ပါတယ်။ Samsung က Galaxy Note20 Series တွေကို ကြေညာဖို့ လအနည်းငယ်ပဲလိုပြီး မိတ်ဆက်ပွဲ မတိုင်ခင်မှာ အဲဒီ စမတ်ဖုန်းတွေရဲ့ သတင်းအချက်အလက်တွေ ပိုမို ထွက်ပေါ်လာနိုင်ပါတယ်။

Ref : gsmarena