Samsung ကနေ Galaxy Note 20 Series ဖုန်းတွေကို လာမယ့် သြဂုတ်လဝန်းကျင်မှာမိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အခုအချိန်မှာတော့ အဆိုပါ Galaxy Note 20 Series ဖုန်းတွေရဲ့ Camera Setup နဲ့ သတင်းတစ်ခုက ပေါက်ကြားလာခဲ့ပါပြီ။

ဒါကတော့ Galaxy Note 20 Series ဖုန်းတွေမှာ Galaxy S20 Ultra မှာ ပါဝင်ခဲ့တဲ့ 100x Space Zoom Feature ကို ထည့်သွင်းလာတော့မှာမဟုတ်တော့တာပဲဖြစ်ပါတယ်။ ဖြစ်နိုင်တာတစ်ခုကတော့ ပြီးခဲ့တဲ့ Galaxy S20 Ultra ရဲ့ Camera ဟာ Zoom ပိုင်းအပါအဝင် Autofocus ပိုင်းတွေမှာပါ ပြဿနာတွေကို ကြုံတွေ့ခဲ့ရတဲ့အတွက် အခုလိုမျိုး ဆုံးဖြတ်ခဲ့တာဖြစ်နိုင်ပါတယ်။

ဒါပေမယ့်လည်း Galaxy Note 20+ စမတ်ဖုန်းမှာ 108MP HM1 Sensor ကို ဆက်လက်အသုံးပြုထားမှာဖြစ်ပြီး Auto Focus ပြဿနာကို ဖြေရှင်းဖို့အတွက် နောက်ထပ် Sensor အသစ်ကိုထည့်သွင်းထားမယ်လို့ သိရပါတယ်။ ပုံမှန် Galaxy Note 20 ဖုန်းမှာတော့ မကြာသေးခင်ကမှ Samsung ကနေ မိတ်ဆက်ထားခဲ့တဲ့ 50MP GN1 Sensor အသစ်ကို အသုံးပြုလာဖွယ်ရှိနေပါတယ်။

ယခုသတင်းကို နာမည်ကြီး Leakster တစ်ဦးဖြစ်တဲ့ Ice Universe ကနေ ဖော်ပြခဲ့တာဖြစ်ပြီး တကယ့် Galaxy Note 20 Series ဖုန်းတွေမှာ အသုံးပြုလာမယ့် Camera Specs တွေကိုတော့ အတိအကျသိရှိရခြင်းမရှိသေးပါဘူး။

Ref – GSM Arena