Samsung က Note20 ရဲ့ ဓါတ်ပုံတွေကို ကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက်မှာ မတော်တဆ လွှင့်တင်ခဲ့ပြီးနောက်မှာ Samsung Leaker JimmyIsPromo က အနက်ရောင် Note20 ရဲ့ ဓါတ်ပုံတွေကို မျှဝေခဲ့ပါတယ်။ အဲဒီဖုန်းမှာ အနက်ရောင် ၁ မျိုးကိုပဲ သုံးထားပြီး တောက်ပြောင်တဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ Galaxy S20 Series မှာလို အရောင်တွေလည်း ထွက်လာနိုင်ပါတယ်။

ပေါက်ကြားထွက်ပေါ်ခဲ့တဲ့ ဓါတ်ပုံတွေအရ အနောက် ကင်မရာ ၃ လုံး ပါလာပြီး အောက်ဆုံးက ကင်မရာဟာ Periscope Zoom ကင်မရာ ဖြစ်ပါတယ်။ S20 Ultra မှာလို Space Zoom 100X တော့ မမြင်ရပါဘူး။ JimmyIsPromo က S Pen ပါလာမှာ ဖြစ်ပြီး အောက်ဘက်က USB-C Port ရဲ့ ဘယ်ဘက်ခြမ်းမှာ စပီကာတွေ တပ်ဆင်ထားမယ်လို့ ပြောထားပါတယ်။ ညာဘက်မှာ အသံနဲ့ ပါဝါ ခလုတ်တွေ တပ်ဆင်ထားမှာပါ။ Note10 နဲ့ Note10+ မှာတော့ ဘယ်ဘက်မှာ အဲဒီခလုတ်တွေ ထည့်ထားတာပါ။

အခုတော့ Samsung Galaxy Note20+ ကို FCC မှာတွေ့လာရပြီ ဖြစ်ပြီး မော်ဒယ်နံပါတ်က SM-N986U ဖြစ်ပါတယ်။ အဲဒီဖုန်းရဲ့ FCCID နံပါတ်က A3LSMN986U ဖြစ်ပြီး ဩဂုတ်လမှာ ကြေညာနိုင်ပါတယ်။

Ref : gsmarena