Samsung ဟာ Galaxy S20 Ultra ရဲ့ 108MP Main ကင်မရာက Focus ပြဿနာကို ပြင်ဆင်ပြီးပြီလို့ သတင်းထွက်လာပါတယ်။ သုံးစွဲသူနဲ့ ဝေဖန်ရေးဆရာများစွာက 108MP ကင်မရာရဲ့ Focus ဟာ Galaxy S20/S20+ ရဲ့ 12MP Main ကင်မရာထက် နှေးတယ်လို့ ထောက်ပြခဲ့ကြပါတယ်။ အထူးသဖြင့် အလင်းရောင် နည်းပါးတဲ့ အခြေအနေတွေမှာ ပိုဆိုးပါတယ်။ အဲဒီ AF စွမ်းရည် နိမ့်ကျတဲ့ ပြဿနာဟာ Dual-pixel Phase Detect Autofocus မပါတဲ့ 108MP ကင်မရာကြောင့် ဖြစ်ပါတယ်။ Samsung က Dual-pixel PDAF ကို ထည့်ပေးလိုက်တာလား၊ ဒါမှမဟုတ် နောက် ၁ နည်းနဲ့ ဖြေရှင်းလိုက်တာလား ဆိုတာ မသိရသေးပါဘူး။

အခုတော့ နာမည်ကျော် IceUniverse က Galaxy Note20 Series တွေက 108MP ကင်မရာမှာ Focus က ပြဿနာ မရှိဘူးလို့ သတင်းပေးလိုက်ပါတယ်။ Samsung Galaxy Note20 Series မှာ Snapdragon 865+ Chipset ထည့်ထားမှာ ဖြစ်ပြီး  Galaxy Tab S7,  Galaxy Fold 2 , Z Flip 5G နဲ့အတူ ဒီနှစ်နှောင်းပိုင်းမှာ ကြေညာမှာ ဖြစ်ပါတယ်။

အရင်နှစ်ကတော့ Galaxy Note10 Series မှာ 855+ အစား Snapdragon 855 Chipset ထည့်ထားပါတယ်။ ဒီနှစ်မှာတော့ Samsung ဟာ တချို့နိင်ငံမှာ ရောင်းမယ့် Galaxy Note20 တွေမှာ ကိုယ်ပိုင် Exynos 992 Chipset သုံးထားမယ်လို့ သတင်းထွက်နေပါတယ်။ ဩဂုတ်လ ၅ ရက်နေ့မှာ Galaxy Note20 Series တွေကို Unpacked Event နဲ့ ကြေညာမှာပါ။

Ref : gsmarena