Samsung က Galaxy Unpacked Event ကို ဩဂုတ်လ ၅ ရက်နေ့မှာ ကြေညာမယ်လို့ အတည်ပြုလိုက်ပြီး အရင် Galaxy Unpacked Event တွေလို နယူးယောက်မှာ ကျင်းပမှာ မဟုတ်ဘဲ အွန်လိုင်းကနေပဲ ကျင်းပမှာပါ။ News.samsung.com နဲ့ www.samsung.com/global/galaxy တို့ကနေ တိုက်ရိုက် ကြည့်ရှုနိုင်မှာပါ။

Samsung က အဲဒီပွဲမှာ ဘာကို ကြေညာမလဲဆိုတာ မပြောသေးပေမယ့် Galaxy Device အသစ်တွေ ပါလာမယ်ဆိုတာတော့ အသိပေးထားပါတယ်။ Samsung က Mystic Bronze အရောင် S Pen Stylus ကိုလည်း ဗီဒီယို ၁ ခုနဲ့ မျှဝေလိုက်တဲ့အတွက် ဩဂုတ်လ ၅ ရက်နေ့မှာ Galaxy Note20 Series တွေကို ကြေညာမှာ ပိုသေချာသွားပါတယ်။

Samsung ဟာ Galaxy Note20 Series နဲ့အတူ Galaxy Tab S7 , Galaxy Tab S7+ တက်ဘလက်တွေနဲ့ Galaxy Z Fold 2 , Galaxy Z Flip 5G တို့လို Foldable စမတ်ဖုန်းတွေကိုပါ အဲဒီနေ့မှာ ချပြနိုင်ပါတယ်။ ဒီလထဲမှာပဲ Galaxy Watch3 နဲ့ Galaxy Buds Live TWS နားကြပ်တို့ကိုပါ ကြေညာမယ်လို့ သတင်းထွက်နေပေမယ့် Samsung က ဘာမှမပြောသေးပါဘူး။

Ref : gsmarena