Samsung Galaxy Note20 Series ကို ဩဂုတ်လ ၅ ရက်နေ့မှာ ကြေညာမယ်လို့ သတင်းထွက်နေပါတယ်။ အခုတော့ NFC Forum မှာ မှတ်ပုံတင်လိုက်ပြီ ဖြစ်တဲ့အတွက် ကြေညာဖို့ တစ်စတစ်စ နီးစပ်လာပါပြီ။ NFC Forum Website မှာ မော်ဒယ် ၂ မျိုးကို စာရင်းတင်ထားပြီး SM-981U နဲ့ SM-986U တို့ ဖြစ်ပါတယ်။ Galaxy Note20 နဲ့ Note20+ တို့ အသီးသီး ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် Bluetooth S   IG Website မှာ SM-986U ကို Note20 Ultra လို့ ဖော်ပြထားတဲ့အတွက် Note20+ လားဆိုတာ မသေချာသေးပါဘူး။

NFC Forum Website ကစာရင်းမှာ အဲဒီ ဖုန်း ၂ လုံးရဲ့ Specs တွေကို မဖော်ပြထားပါဘူး။ ဒါပေမယ့် SM-986U ကို Geekbench မှာ ဧပြီလကတွေ့ခဲ့ရပြီး Android 10 , 8GB RAM ပါတယ်လို့ ဖော်ပြထားပါတယ်။ မကြေညာရသေးတဲ့ Snapdragon 865+ SoC မောင်းနှင်ထားနိုင်ပါတယ်။

SM-986U ကို မကြာခင်က HTML5 Test ပြုလုပ်ခဲ့ပြီး အဲဒီဖုန်းမှာ 19.3:9 3096×1444 Pixels မျက်နှာပြင် ပါတယ်လို့ ဖော်ပြထားပါတယ်။ 120Hz Refresh Rate ထောက်ပံ့ထားမှာပါ။ လာမယ့် ရက်သတ္တပတ်တွေအတွင်းမှာ Note20 Series တွေရဲ့ သတင်းအချက်အလက်တွေကို ပိုမို သိလာရတော့မှာ ဖြစ်ပါတယ်။

Ref : gsmarena