Samsung Galaxy Note20 နဲ့ Galaxy Note20 Ultra ကို ကြေညာထားတာ ရက်ပိုင်းပဲ ရှိသေးပြီး မရောင်းချပေးသေးပါဘူး။ အခုတော့ အဲဒီစမတ်ဖုန်းတွေအတွက် ပထမဆုံး Software Update ကို ဖြန့်ချိပေးလိုက်ပြီ ဖြစ်ပါတယ်။

Update ရဲ့ အရွယ်အစားဟာ 500MB ဖြစ်ပြီး Changelog မှာ ၂၀၂၀ ခုနှစ် ဩဂုတ်လ Android Security Patch ကိုပဲ ဖော်ပြထားတဲ့အတွက် Firmware အသစ်မှာ ဘာတွေ ထည့်သွင်းထားသလဲဆိုတာ အတိအကျ မသိရသေးပါဘူး။ ဒါပေမယ့် စွမ်းဆောင်ရည် တိုးမြှင့်ပေးထားနိုင်ပြီး Bug တွေ ပြင်ဆင်ပေးထားနိုင်ပါတယ်။ အဲဒီ စမတ်ဖုန်းတွေကို ဝယ်ယူသူတွေဟာ ဘူးထဲက ထုတ်ပြီးတာနဲ့ ပထမဆုံး Software Update ကို တင်နိုင်မှာ ဖြစ်ပါတယ်။

Note20 နဲ့ Note20 Ultra မှာ နိုင်ငံအပေါ်မူတည်ပြီး Exynos 990 or Snapdragon 865+ Chipset ထည့်သွင်းထားပါတယ်။ Android 10 အခြေပြု One UI 2.5 ပါလာပြီး Note20 ၂ လုံးအတွက် Samsung က Major OS Update ၃ ခုအထိ ထုတ်လုပ်ပေးမယ်လို့ ကတိပေးထားပါတယ်။

Ref : gsmarena