ဩဂုတ်လ ၅ ရက်နေ့မှာ ကြေညာမယ့် Samsung Galaxy Note20 ရဲ့ ဗီဒီယို အသစ် ၁ ခုကို နာမည်ကျော် Leakster ၁ ယောက်ဖြစ်တဲ့ Evan Blass က မျှဝေလိုက်ပြီး အဲဒီ စမတ်ဖုန်းကို ရှုထောင့်မျိုးစုံကနေ မြင်ရပါတယ်။ ဗီဒီယိုအရ Galaxy Note20 မျက်နှာပြင်ရဲ့ အလယ်မှာ Punch Hole ၁ ခု ပါလာပြီး အနောက်ဘက်မှာ ကင်မရာ ၃ လုံးနဲ့ Flash ကို လေးထောင့်ပုံ အကွက်ထဲမှာ ထည့်ထားပါတယ်။

အရင် ထွက်ပေါ်ခဲ့တဲ့ Galaxy Note20 ဓါတ်ပုံတွေမှာ စတုတ္ထမြောက် အနောက်ကင်မရာကို တွေ့ရပေမယ့် Blass ရဲ့ တိကျတဲ့ သမိုင်းကြောင်းကြောင့် Note20 မှာ အနောက်ကင်မရာ ၃ လုံးပဲ ပါလာနိုင်ပါတယ်။ ဗီဒီယို အရ ဖုန်းရဲ့ ညာဘက်မှာ ပါဝါနဲ့ အသံခလုတ်တွေကို တွေ့ရပြီး သေချာကြည့်ရင် အောက်ခြေက USB-C Port ရဲ့ ဘယ်ဘက်ဘေးမှာ S Pen Stylus ကို တွေ့ရပါတယ်။

အဲဒီ ဗီဒီယိုကို အောက်မှာ လေ့လာနိုင်ပါတယ်။

Samsung က Galaxy Note20 နဲ့အတူ Note20+ or Note20 Pro ကိုပါ ကြေညာမယ်လို့ သတင်းထွက်နေပါတယ်။ ဘယ်နာမည်နဲ့ ကြေညာမလဲဆိုတာ မသိရသေးပါဘူး။

Ref : gsmarena