Samsung ကနေ လာမယ့် သြဂုတ်လဝန်းကျင်မှာ Flagship စမတ်ဖုန်းအသစ်တွေဖြစ်တဲ့ Galaxy Note 20 Series ဖုန်းတွေကို မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အခုလည်း Galaxy Note 20 Series ဖုန်းတွေထဲက Note 20+ ရဲ့ Camera နဲ့ သက်ဆိုင်တဲ့သတင်းတွေက ပေါက်ကြားလာခဲ့ပြန်ပါပြီ။

ယခုသတင်းကိုတော့ Samsung နဲ့ပတ်သက်ပြီးသတင်းတွေကို ပြောကြားနေကြဖြစ်တဲ့ Leaker Ice Universe ကနေ Weibo စာမျက်နှာမှာဖော်ပြခဲ့တာဖြစ်ပါတယ်။ ယခုဖော်ပြချက်အရ Galaxy Note 20+ စမတ်ဖုန်းဟာ 108MP HM1 Primary Sensor ကို အသုံးပြုလာမှာဖြစ်ပြီး Periscope Sensor အနေနဲ့ 13MP Sensor ၊ 12MP Ultrawide နဲ့ ToF Sensor အစား Laser Focus ကိုတပ်ဆင်ထားမယ်လို့သိရပါတယ်။

Samsung Galaxy Note 20+ မှာ Zoom အတွက် Periscope Telephoto Sensor ကို အသုံးပြုလာမယ်ဆိုပေမယ့်လည်း တစ်ခုရှိတာကတော့ Galaxy S20 Ultra လိုမျိုး 100X Space Zoom ကိုတော့ Support ပြုလုပ်တော့မှာမဟုတ်ဘဲ အများဆုံးအနေနဲ့ 50X Zoom ကိုပဲ Support ပြုလုပ်နိုင်မယ်လို့ သိရပါတယ်။ ဒါ့အပြင် ToF အစား Laser Focus ကိုအသုံးပြုလိုက်ရတာကလည်း Galaxy S20 Ultra မှာဖြစ်ပွားခဲ့တဲ့ Auto Focus Issue ကို ဖြေရှင်းဖို့ဖြစ်တယ်လို့ ယူဆရပါတယ်။

ဘာပဲဖြစ်ဖြစ် Samsung Galaxy Note 20+ ဟာ 5nm Architecture ကို အသုံးပြုထားတဲ့ Exynos 992 Chipset ကို အသုံးပြုလာနိုင်တယ်ဆိုပြီး သတင်းတွေထွက်ရှိနေတဲ့အတွက် Samsung အနေနဲ့ Galaxy Note 20 Series ကို ကင်မရာပိုင်းထက် စွမ်းဆောင်ရည်ကိုပဲ ပိုကောင်းအောင် ဆောင်ရွက်သွားမယ့်ပုံစံပါပဲ။

Ref – GSM Arena