Samsung အနေနဲ့ Galaxy Note 20 မိသားစုတွေကို လာမယ့် သြဂုတ်လထဲမှာ တရားဝင်ကြေညာမယ်လို့ မျှော်လင့်ရပါတယ်။ ဒီထဲမှာ 108MP sensor တပ်ဆင်ထားမယ်လို့ နာမည်ကြီးနေတဲ့ Galaxy Note 20+ လည်း ပါဝင်လာမှာ ဖြစ်ပါတယ်။

နာမည်ကျော် Leakster ဖြစ်တဲ့ IceUniverse ကတော့ Galaxy Note20+ မှာ 108MP sensor တပ်ဆင်ထားမယ့်အပြင် ToF sensor ဟာ Laser focus sensor နဲ့ အစားထိုးခံရမယ်လို့ အခိုင်အမာပြောဆိုထားပါတယ်။ ဒီသတင်းက တွစ်တာမှာတင်မကဘဲ တရုတ်နိုင်ငံရဲ့ အထင်ကရပလက်ဖောင်းဖြစ်တဲ့ Weibo မှာလည် ပျံ့နှံ့နေပြီး ရာနှုန်းပြည့်နီးပါးမှန်ကန်တယ်လို့ ယူဆရပါတယ်။

Laser focus sensor ဟာ အဓိကကင်မရာကို အထောက်အကူပြုမှာဖြစ်ပါတယ်။ ဒီအာရုံခံကိရိယာဟာ 1/1.33 Samsung Bright HM1 ဖြစ်ဖွယ်ရှိတယ်လို့ သုံးသပ်ရပါတယ်။ ဒါဟာ Galaxy S20 Ultra မှာ တွေ့ခဲ့ရဖူးပါသေးတယ်။ Laser focus sensor ဟာ ToF sensor အစား အဓိကရုပ်ပုံနဲ့နောက်ခံမြင်ကွင်းတွေကို ပိုင်းခြားစိတ်ဖြာပေးမယ့်အလုပ်ကို လုပ်ဆောင်မှာပါ။

Ultrawide-angle မှန်ဘီလူးနောက်ကွယ်က အာရုံခံကိရိယာဟာ 12MP ISOCELL Fast 2L3 ဖြစ်ပြီး 1/2.55-inch အရွယ်အစားဖြစ်သလို PDAF နဲ့လည်း ဖြစ်ပါတယ်။ ပေါက်ကြားသတင်းအရဆိုရင်တော့ Periscope telephoto မှန်ဘီလူးလည်း ရှိမှာဖြစ်ပေမယ့် တရားဝင်နံပါတ်တွေအရ 13MP Samsung Slim 3M5 1/3-inch လို့ဖော်ပြထားပေမယ့် Universe Ice ကတော့ 1/3.4-inch လို့ ဆိုပါတယ်။

သေးငယ်တဲ့အာရုံခံကိရိယာဟာ Galaxy S20 Ultra နဲ့ နှိုင်းယှဉ်ရင် Zoom ဟာ 50X အထိပဲ ကန့်သတ်ထားနိုင်ပါတယ်။ Samsung အနေနဲ့ နောက်ထပ် 100X benchmark ကို မကြိုးစားတော့ဘူးလို့ ယူဆရပါတယ်။ ကနဦးသတင်းတွေအရ 5nm လုပ်ငန်းစဉ်ပေါ်အခြေခံထားတဲ့ Exynos 922 chipset ကို သုံးမယ်လို့သိရပါတယ်။

Ref: GSM Arena