ဇူလိုင်လဆန်းတုန်းက Samsung ယူကရိန်းဟာ Galaxy Note20 Ultra ရဲ့ ပုံတွေကို မတော်တဆ လွှင့်တင်မိတဲ့ဖြစ်ရပ် ဖြစ်ပေါ်ခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက Galaxy Note20 Ultra ကို Mystic Bronze အရောင်နဲ့ တွေ့ခဲ့ရတာပါ။ ဒါပေမယ့် အခုထွက်လာတဲ့ သတင်းတွေအရတော့ Note20 Ultra မှာ Mystic black အပြင် Mystic White လည်းရှိနေပါသေးတယ်။

Samsung Galaxy Note20 Ultra ရဲ့ Mystic White အရောင်နဲ့ပုံတွေကိုဖော်ပြလာတာက နာမည်ကျော်ဝက်ဘ်တစ်ခုဖြစ်တဲ့ 91Mobiles ကပါ။ ဒါကြောင့် Note20 Ultra မှာ တတိယမြောက်အရောင် ရှိနေတယ်ဆိုတာကို ရာနှုန်းပြည့်နီးပါး ယုံကြည်နိုင်တယ်လို့ ဆိုရမှာပါ။

တောင်ကိုရီးယားကုမ္ပဏီကြီးဟာ Galaxy Note20 Ultra ကို လာမယ့် သြဂုတ်လ ၅ ရက်နေ့မှာ Online-only Unpacked Event ပြုလုပ်ပြီး ကြေညာသွားမှာ ဖြစ်ပါတယ်။ အခုအချိန်ထိတော့ ဒီ Flagship စမတ်ဖုန်းနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေက တရားဝင်ထွက်ပေါ်လာခြင်းမရှိသေးပါဘူး။ ဒါပေမယ့် ပေါက်ကြားမှုတွေအရ သိသင့်တာအတော်များများကို သိခဲ့ကြပြီး ဖြစ်ပါလိမ့်မယ်။

ဥရောပဈေးကွက်ဆီ တင်ပို့ရောင်းချမယ့် Galaxy Note20 Ultra တွေမှာတော့ Exynos 990 SoC အသုံးပြုထားမှာဖြစ်ပြီး 12GB of RAM နဲ့ 512GB Storage ကို ရရှိမယ်လို့ သိရပါတယ်။ 6.9-inch 120Hz WQHD+ AMOLED display နဲ့ ဒီစမတ်ဖုန်းဟာ မျက်နှာပြင်အလယ်က Punch-hole ထဲမှာ 10MP Selfie ကင်မရာတစ်လုံး တပ်ဆင်ပေးထားမှာ ဖြစ်ပါတယ်။

ကျောဘက်မှာတော့ 108MP အဓိကကင်မရာနဲ့အတူ 12MP ultrawide နဲ့ 12MP telephoto unite တွေ ပါဝင်မှာ ဖြစ်ပါတယ်။ 9ms latency နဲ့ S Pen လည်း ပါဝင်မှာဖြစ်ပြီး ဘက်ထရီကတော့ 4,500mAh ပမာဏ ဖြစ်တယ်လို့ သိရပါတယ်။

Ref: GSMArena