Samsung Galaxy Note20 Ultra ဖုန်းဟာ ယနေ့မှာ FCC အတည်ပြုချက်ရယူခဲ့ပြီး အချက်အလက်တစ်ချို့ကို အတည်ပြုပေးနိုင်ခဲ့ပါတယ်။ ဒီဖုန်းမှာ Qualcomm SM8250 ချစ်ပ်ဆက်ကို အသုံးပြုထားပြီး Snapdragon 865+ ဗားရှင်းလို့ ယူဆရပါတယ်။

X55 Modem လည်းပါဝင်ပြီး Sub-6 GHz ကိုသာ ထောက်ပံ့ပေးနိုင်ပေမယ့် mmWave လည်း ရရှိနိုင်မှာပါ။ FCC ပေါ် ရောက်လာတဲ့ ဖုန်းရဲ့မော်ဒယ်နံပါတ်က SM-N986U ဖြစ်ပြီး Note20 Ultra ရဲ့ အမေရိကန်စျေးကွက်ဗားရှင်းဖြစ်ပါတယ်။

FCC စမ်းသပ်မှုတွေက Samsung LED View Cover အသစ်ကိုလည်း ပြသခဲ့ပြီး Cover ရဲ့ရှေ့ဘက်က LED ကို ဆက်သွယ်စွမ်းအားပေးဖို့ NFC နဲ့အသုံးပြုရမှာပါ။

ဒီပလက်ဖောင်းပေါ်မှာ S Pen နဲ့ သူ့ရဲ့သုံးစွဲမှုကိုလည်း စမ်းသပ်ခဲ့ပါတယ်။ Stylus ဟာ ဖုန်းနဲ့ Bluetooth ကနေ ချိတ်ဆက်အသုံးပြုရမှာဖြစ်ပြီး လက်ရှိ Note ဟန်းဆက်တွေလိုပဲ Stylus အတွင်းက ဘက္ထရီကို ကြိုးမဲ့စနစ်ဖြင့် အားသွင်းရမှာပါ။ S Pen အသုံးပြုပုံအသစ်တစ်ချို့ ပါဝင်လာမှာဖြစ်ပြီး သတင်းတွေက သူ့ကို Pointer အဖြစ်လည်း အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။

Galaxy Note20 Ultra ဟန်းဆက်ရဲ့ ဒီဇိုင်းကို ၃၆၀ ဒီဂရီရှုထောင့်ကနေလည်း ကြည့်ရှုနိုင်ပါပြီ။ ကုမ္ပဏီကတော့ တရားဝင် ဘာမှအတည်မပြုသေးတာကြောင့် ဩဂုတ် ၅ ရက်နေ့ Unpacked Event ထိ စောင့်ရဦးမှာ ဖြစ်ပါတယ်။

Ref – GSMArena