JerryRigEverything က Samsung Galaxy Note20 Ultra ရဲ့ အကြမ်းခံမှုကို စမ်းသပ်တဲ့ Video ကို မျှဝေလိုက်ပါတယ်။ အဲဒီ စမတ်ဖုန်းဟာ အလန်းစား ဖုန်း ဖြစ်တဲ့အတိုင်း အကြမ်းခံ စမ်းသပ်မှုများစွာကို ခံနိုင်တာတွေ့ရပါတယ်။ ဒါပေမယ့် မျက်နှာပြင်ကို မီးရှို့ကြည့်တဲ့အခါမှာတော့ ပျက်ဆီးသွားပါတယ်။

Corning Gorilla Glass Victus အသစ်ဟာလည်း အရင်မျိုးဆက်တွေလို မာကျောပြီး Mohs Hardness Scale မှာ Level 6 ရောက်မှ ခြစ်ရာထင်သွားတာပါ။

S Pen Stylus ရဲ့ ထိပ်ဘက်မှာ အရွယ်သေး Lithium-titanate (LTO) ဘက်ထရီနဲ့ ထိပ်ဖူးနားမှာ Charging Coil  တပ်ဆင်ထားပါတယ်။ Ultrasonic Under-display Fingerprint Scanner ရဲ့ အလုပ်လုပ်ပုံက အရမ်းကို ကောင်းမွန်ပြည့်စုံပြီး Level 7 ရောက်မှ ခြစ်ရာ ထင်သွားတာပါ။ ဖုန်းကို အားပြင်းပြင်းနဲ့ ကွေးညွှတ်တာကိုလည်း ခံနိုင်ရည်ရှိတာ တွေ့ရပါတယ်။

Ref : gsmarena