Samsung ကနေ Galaxy Note 20 Series ဖုန်းတွေကို လာမယ့် သြဂုတ်လဝန်းကျင်မှာ မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက Galaxy Note 20 နဲ့ ပတ်သက်ပြီး သတင်းတွေထွက်ပေါ်သွားခဲ့ပေမယ့် Galaxy Note 20+ အစား Note 20 Ultra ဆိုပြီး ခေါ်ဆိုသွားဖို့များနေပါတယ်။

အခုလည်း Samsung နဲ့ ပတ်သက်တဲ့သတင်းတွေကို ထုတ်ဖော်ပြောကြားနေကြ Ice Universe ကနေ Galaxy Note 20 Ultra အကြောင်းကို Twitter စာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်။ Ice Universe ရဲ့ ပြောကြားချက်အရတော့ အဆိုပါ Galaxy Note 20 Ultra စမတ်ဖုန်းဟာ Note 10+ ရဲ့ မျိုးဆက်သစ်ဖုန်းဖြစ်လာမယ်လို့လည်းသိရပါတယ်။

Specification ပိုင်းအနေနဲ့ကတော့ Qualcomm Snapdragon 865+ Chipset ကို အသုံးပြုထားမှာဖြစ်ပြီး LTPO Display နည်းပညာအသစ်ကို အသုံးပြုထားတဲ့အတွက် QHD+ Resolution ကို အသုံးပြုနေတယ်ဆိုရင်လည်း 120Hz Refresh Rate ကို Support ပေးနိုင်မှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ SPen ကိုလည်း အသစ်ပြောင်းလဲထားမှာဖြစ်ပြီး Feature အသစ်တွေအများအပြားပါဝင်လာဦးမှာပါ။

Galaxy Note 20 Ultra ဟာ ပြီးခဲ့တဲ့ Note 10+ ဖုန်းနဲ့ နှိုင်းယှဥ်မယ်ဆိုရင် 0.3mm ပိုပါးလွှာမှာဖြစ်ပြီး ဘေးဘောင်တွေအနေနဲ့ 0.29mm ၊ အပေါ်နဲ့ အောက်ဖက်ဘောင်တွေအနေနဲ့ကတော့ 0.4mm အထိ ပိုပါးလွှာသွားမယ်လို့ သိရပါတယ်။ Selfie Camera အတွက် Punch-hole ကိုလည်း 1mm အချင်းအထိ လျော့ချနိုင်ခဲ့တာဖြစ်ပါတယ်။

လောလောဆယ်မှာ Qualcomm အနေနဲ့ Snapdragon 865+ Chipset ကို တရားဝင်မမိတ်ဆက်ရသေးပေမယ့် ယခုသတင်းသာသေချာလာခဲ့ရင် Galaxy Note 20 Ultra ဖုန်းဟာ ယခုနှစ်အတွက် အကောင်းဆုံး Flagship ဖုန်းတစ်လုံးဖြစ်လာနိုင်ခြေများနေပါတယ်။

Ref – GSM Arena