Samsung Galaxy Note20 Ultra ကို ဩဂုတ်လ ၅ ရက်နေ့ ကြေညာမယ်လို့ သတင်းထွက်နေပြီး အခုတော့ နာမည်ကျော် Tipster ၁ ယောက် ဖြစ်တဲ့ Roland Quandt က အဲဒီ စမတ်ဖုန်းမှာ 108MP Main ကင်မရာ ပါမယ်လို့ သတင်းပေးလိုက်ပါတယ်။ Samsung Galaxy Note20 Ultra မှာ 108MP ကင်မရာ ပါမယ်ဆိုတဲ့ သတင်းဟာ အရင်ကလည်း ထွက်ပေါ်ခဲ့ဖူးပေမယ့် Quandt က အဲဒီ စမတ်ဖုန်းမှာ 108MP ကင်မရာ ပါမယ်ဆိုတဲ့ ခိုင်မာတဲ့ အထောက်အထား တွေ့ထားတယ်လို့ ပြောပါတယ်။

Samsung Galaxy Note20 Ultra နဲ့အတူ Samsung က ဩဂုတ်လ ပထမဆုံး အပတ်မှာ Note20 ကိုပါ ကြေညာမယ်လို့ ထင်ပါတယ်။ Note20+ နဲ့ Note20 Ultra ရဲ့ တူညီတဲ့ မော်ဒယ်နံပါတ် SM-986U ကို တွေ့ခဲ့ကြရတဲ့အတွက် Plus မော်ဒယ်ကိုပါ ကြေညာမလားဆိုတာ မသိရသေးပါဘူး။

SM-986U ကို Geekbench မှာ ဧပြီလကတွေ့ခဲ့ရပြီး Android 10 , 8GB RAM ပါတယ်လို့ ဖော်ပြထားပါတယ်။ မကြေညာရသေးတဲ့ Snapdragon 865+ SoC မောင်းနှင်ထားနိုင်ပါတယ်။ ဒါပေမယ့် Bluetooth SIG Website မှာ SM-986U ကို Note20 Ultra လို့ ဖော်ပြထားတဲ့အတွက် Note20+ ထွက်လာမလားဆိုတာ မသေချာသေးပါဘူး။ HTML5 Test အရ အဲဒီဖုန်းမှာ 120Hz Refresh Rate ပါလာမှာ ဖြစ်ပြီး 3096×1444 Pixels မျက်နှာပြင် ပါတယ်လို့ ဖော်ပြထားပါတယ်။ မကြာခင်မှာ Note20 Series တွေ အကြောင်း ပိုမို သိလာရတော့မှာပါ။

Ref : gsmarena