Samsung Galaxy Note 20+ ဖြစ်နိုင်ခြေရှိတယ်လို့ ခိုင်ခိုင်မာမာယူဆရတဲ့ မော်ဒယ်နံပါတ် SM-N986U နဲ့ ဟန်းဆက်ဟာ HTML5 Test ကို ဖြတ်သန်းခဲ့ပြီး၊ ဒီစမ်းသပ်မှုဟာ ထူးဆန်းတဲ့ မျက်နှာပြင် Resolution စမ်းသပ်မှုတစ်ခုလည်း ပါဝင်တာ ဖြစ်ပါတယ်။

စမ်းသပ်မှုမှာတွေ့ရတာက ဟန်းဆက်ရဲ့ မျက်နှာပြင်ဟာ 1440p ဝန်းကျင်မှာရှိနေတာကိုတွေ့ရပါတယ်။ ဒါက အံ့သြစရာမဟုတ်ပေမယ့် Aspect ratio ကတော့ စိတ်ဝင်စားဖို့ကောင်းတယ်လို့ ဆိုရပါမယ်။ Resolution ကတော့ အတိအကျပြောရမယ်ဆိုရင် 3096 x 1444px ဖြစ်ပြီး ဒီကိန်းကဏန်းတွေက လေ့လာသုံးသပ်သူတွေရေးသားဖော်ပြတဲ့ နံပါတ်တွေနဲ့ ကိုက်ညီနေပါတယ်။

သတိပြုရမှာကတော့ Note20 ဟာ 1080+ display ရှိမှာဖြစ်ပြီး သူ့ရဲ့ မိသားစုဝင်ဖြစ်တဲ့ Plus ကလည်း တူညီတဲ့ Aspect Ratio ရှိမှာပါ။ မြင်တွေ့ရတာကတော့ Aspect Ratio ဟာ Galaxy Note 10 နဲ့ S10 Pro တို့ရဲ့ 19:9 အချိုးထက်ပိုရှည်ပေမယ့်  Galaxy S20 သုံးမျိုးရဲ့ 20:9 အချိုးတွေလောက်မရှိတဲ့ 19.3:9 ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင်တော့ iPhone 11 Pro Max ရဲ့ 19.5:9 နဲ့ တော်တော်လေး နီးစပ်တာပါပဲ။

ဒီလိုမျိုးရှည်လျားတဲ့ အချိုးဟာ ကြီးမားတဲ့မျက်နှာပြင်ရဲ့ ထောင့်ဖြတ်အတိုင်းအတာနဲ့ ဆက်စပ်နေပါတယ်။ Galaxy Note20+ ရဲ့ 6.87-inch အရွယ်အစားမျက်နှာပြင်ဟာ Galaxy Note10+ ရဲ့ 6.8-inch နဲ့ အများကြီး ကွာဟမနေပါဘူး။ နောက်ဆုံးရလဒ်အရ မျက်နှာပြင်သစ်ဟာ တူညီတဲ့ အတိုင်းအတာရှိပေမယ့် ၂ မီလီမီတာ ပိုကြီးနေတာကိုတွေ့ရပါတယ်။

Ref: GSM Arena