ပြီးခဲ့တဲ့တစ်ပတ်တုန်းက Samsung Galaxy Note20 စီးရီးအကြောင်းသတင်းတွေထွက်တော့ Note20 ဟာ သာမန် Flat screen နဲ့ပဲဆိုတဲ့သတင်းလည်း ပါခဲ့ပါတယ်။ အဲဒီတုန်းကတော့ Non-Plus မဟုတ်တဲ့ အမျိုးအစားတွေမှာ Flat ပဲ သုံးမယ်ဆိုတဲ့ ကောလာဟလနဲ့ပတ်သက်ပြီး အတည်ပြုနိုင်ခြင်း မရှိခဲ့ပါဘူး။

အခုတော့ တူညီတဲ့သတင်းရင်းမြစ်ဖြစ်တဲ့ IceUniverse ဆီကနေ ထွက်လာတဲ့ ပုံရိပ်တွေကြောင့် Galaxy Note20 ဟာ Flat screen နဲ့ပဲဆိုတာကို အတည်ပြုနိုင်ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် Galaxy Note20 စီးရီးကို အလုံးအရင်းလိုက် ထုတ်လုပ်ဖို့ သိပ်မဝေးတော့ဘူးလို့လည်း IceUniverse က အခိုင်အမာ ပြောဆိုလိုက်ပါသေးတယ်။

Samsung ဟာ လာမယ့် သြဂုတ်လ ၅ ရက်မှာ Galaxy Note20 ကို Note20+, Galaxy Foold2 တို့နဲ့အတူ မိတ်ဆက်မယ်လို့ သတင်းထွက်ပေါ်ထားတာပါ။ Note20 နဲ့ Note20+ နှစ်မျိုးစလုံးမှာ 5nm Exynos 992 chipset တွေ သုံးထားမယ်လို့လည်း သိရပါတယ်။

ကနဦးပေါက်ကြားမှုတွေအရ Galaxy Note20 ဟာ 6.9-inch WQHD+ AMOLED display နဲ့ဖြစ်ပြီး 120Hz refresh rate နဲ့ဖြစ်မယ်လို့ သိရပါတယ်။ ကျောဘက်မှာတော့ 108MP အဓိကကင်မရာ၊ 12MP ultra-wide နဲ့ 13MP telephoto တွေပါဝင်မှာဖြစ်သလို 50x digital zoom လည်း ထောက်ပံ့ထားတယ်လို့ သိရပါတယ်။

Ref: GSM Arena