Zawgyi

Samsung Galaxy Note 9 နဲ႔ Galaxy S9+ တို႔ဟာ Samsung ရဲ႕ ေနာက္ဆုံးထြက္ Flagship စမတ္ဖုန္းမ်ား ျဖစ္ၾကပါတယ္။ Samsung Galaxy S9+ ကို ၂၀၁၈ခုႏွစ္ ေဖေဖာ္ဝါရီလတုန္းက မိတ္ဆက္ခဲ့တာ ျဖစ္ၿပီး Galaxy Note 9 ကိုေတာ့ မၾကာေသးမီက မိတ္ဆက္ခဲ့တာ ျဖစ္ပါတယ္။

ပထမဦးဆုံး Display အပိုင္းကို အရင္ ႏႈိင္းယွဥ္ၾကည့္လိုက္ရေအာင္။ Galaxy Note 9 ရဲ႕ မ်က္ႏွာျပင္က ၆.၄လက္မရွိၿပီး Galaxy S9+ ရဲ႕ မ်က္ႏွာျပင္ကေတာ့ ၆.၂လက္မ ရွိပါတယ္။ ေမာ္ဒယ္ ၂မ်ိဴးစလုံးရဲ႕ Display အပိုင္းအတြက္ Super AMOLED Display အမ်ိဴးအစားကို အသုံးျပဳထားၿပီး Resolution ကေတာ့ 1440 x 2960 pixels ရွိပါတယ္။ အလားတူ ေမာ္ဒယ္ ၂မ်ိဴးစလုံးရဲ႕ Processor အပိုင္းကိုလည္း Exynos 9810 SoC နဲ႔ Snapdragon 845 SoC ေတြကို အသုံးျပဳထားတာ ျဖစ္ပါတယ္။ Exynos 9810 SoC အသုံးျပဳ ေမာ္ဒယ္ေတြကို ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံ အပါအဝင္ ဥေရာပ၊ အေရွ႕အလယ္ပိုင္းနဲ႔ အာဖရိကႏိုင္ငံေတြမွာ တင္သြင္းေရာင္းခ်တာ ျဖစ္ၿပီး Snapdragon 845 SoC အသုံံးျပဳ ေမာ္ဒယ္ေတြကိုေတာ့ အေမရိကနဲ႔ တ႐ုတ္ႏိုင္ငံေတြမွာ တင္သြင္းေရာင္းခ်တာ ျဖစ္ပါတယ္။ RAM အေနနဲ႔ Galaxy Note 9 မွာ 6GB နဲ႔ 8GB ၂မ်ိဴး ထုတ္လုပ္ထားၿပီး Galaxy S9+ မွာေတာ့ 6GB တစ္မ်ိဴးတည္းသာ ထုတ္လုပ္ထားပါတယ္။

Galaxy Note 9 ရဲ႕ ကင္မရာအပိုင္းကို Galaxy S9+ မွာ အသုံးျပဳခဲ့တဲ့ Sensor ေတြျဖစ္တဲ့ 12MP (f/1.5-2.4) + 12MP (f/2.4) Camera ေတြကို ေနာက္ေက်ာဘက္မွာ တပ္ဆင္ထားၿပီး ေရွ႕ဘက္မ်က္ႏွာျပင္မွာေတာ့ 8MP (f/1.7) Camera ကို တပ္ဆင္ထားပါတယ္။ ဒီေတာ့ Galaxy Note 9 နဲ႔ Galaxy S9+ တို႔မွာ အသုံးျပဳထားတဲ့ Camera Sensor ေတြက တူညီေနၿပီး ဒီဇိုင္းပိုင္းသာ ေျပာင္းလဲသြားမွာ ျဖစ္ပါတယ္။

ဘက္ထရီ သိုေလွာင္မႈ ပမာဏအေနနဲ႔ Galaxy Note 9 မွာ 4000mAh ထည့္သြင္းေပးထားၿပီး Galaxy S9+ မွာေတာ့ 3500mAh ထည့္သြင္းေပးထားပါတယ္။ Galaxy Note 9 ရဲ႕ အေလးခ်ိန္က ၂၀၁ဂရမ္ ရွိၿပီး Galaxy S9+ ရဲ႕ အေလးခ်ိန္ကေတာ့ ၁၈၉ဂရမ္ ရွိပါတယ္။ Galaxy Note 9 မွာေတာ့ အဆင့္ျမႇင့္တင္မႈမ်ား ျပဳလုပ္ထားတဲ့ Bluetooth S-pen ပါရွိမွာပါ။ Galaxy S9+ ရဲ႕ 128GB ေမာ္ဒယ္ကို ျမန္မာေငြ ၁၂၇,၉၀၀၀ က်ပ္ျဖင့္ ေရာင္းခ်လ်က္ရွိၿပီး Galaxy Note 9 ရဲ႕ 128GB ေမာ္ဒယ္ကိုေတာ့ ျမန္မာေငြ ၁၄၉,၉၀၀၀ က်ပ္ျဖင့္ ေရာင္းခ်ေနတယ္လို႔ သိရပါတယ္။

Unicode

Samsung Galaxy Note 9 နဲ့ Samsung Galaxy S9+ တို့အား နှိုင်းယှဥ်ကြည့်ခြင်း

Samsung Galaxy Note 9 နဲ့ Galaxy S9+ တို့ဟာ Samsung ရဲ့ နောက်ဆုံးထွက် Flagship စမတ်ဖုန်းများ ဖြစ်ကြပါတယ်။ Samsung Galaxy S9+ ကို ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလတုန်းက မိတ်ဆက်ခဲ့တာ ဖြစ်ပြီး Galaxy Note 9 ကိုတော့ မကြာသေးမီက မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။

ပထမဦးဆုံး Display အပိုင်းကို အရင် နှိုင်းယှဥ်ကြည့်လိုက်ရအောင်။ Galaxy Note 9 ရဲ့ မျက်နှာပြင်က ၆.၄လက်မရှိပြီး Galaxy S9+ ရဲ့ မျက်နှာပြင်ကတော့ ၆.၂လက်မ ရှိပါတယ်။ မော်ဒယ် ၂မျိူးစလုံးရဲ့ Display အပိုင်းအတွက် Super AMOLED Display အမျိူးအစားကို အသုံးပြုထားပြီး Resolution ကတော့ 1440 x 2960 pixels ရှိပါတယ်။ အလားတူ မော်ဒယ် ၂မျိူးစလုံးရဲ့ Processor အပိုင်းကိုလည်း Exynos 9810 SoC နဲ့ Snapdragon 845 SoC တွေကို အသုံးပြုထားတာ ဖြစ်ပါတယ်။ Exynos 9810 SoC အသုံးပြု မော်ဒယ်တွေကို ကျွန်တော်တို့ မြန်မာနိုင်ငံ အပါအဝင် ဥရောပ၊ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကနိုင်ငံတွေမှာ တင်သွင်းရောင်းချတာ ဖြစ်ပြီး Snapdragon 845 SoC အသုံံးပြု မော်ဒယ်တွေကိုတော့ အမေရိကနဲ့ တရုတ်နိုင်ငံတွေမှာ တင်သွင်းရောင်းချတာ ဖြစ်ပါတယ်။ RAM အနေနဲ့ Galaxy Note 9 မှာ 6GB နဲ့ 8GB ၂မျိူး ထုတ်လုပ်ထားပြီး Galaxy S9+ မှာတော့ 6GB တစ်မျိူးတည်းသာ ထုတ်လုပ်ထားပါတယ်။

Galaxy Note 9 ရဲ့ ကင်မရာအပိုင်းကို Galaxy S9+ မှာ အသုံးပြုခဲ့တဲ့ Sensor တွေဖြစ်တဲ့ 12MP (f/1.5-2.4) + 12MP (f/2.4) Camera တွေကို နောက်ကျောဘက်မှာ တပ်ဆင်ထားပြီး ရှေ့ဘက်မျက်နှာပြင်မှာတော့ 8MP (f/1.7) Camera ကို တပ်ဆင်ထားပါတယ်။ ဒီတော့ Galaxy Note 9 နဲ့ Galaxy S9+ တို့မှာ အသုံးပြုထားတဲ့ Camera Sensor တွေက တူညီနေပြီး ဒီဇိုင်းပိုင်းသာ ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။

ဘက်ထရီ သိုလှောင်မှု ပမာဏအနေနဲ့ Galaxy Note 9 မှာ 4000mAh ထည့်သွင်းပေးထားပြီး Galaxy S9+ မှာတော့ 3500mAh ထည့်သွင်းပေးထားပါတယ်။ Galaxy Note 9 ရဲ့ အလေးချိန်က ၂၀၁ဂရမ် ရှိပြီး Galaxy S9+ ရဲ့ အလေးချိန်ကတော့ ၁၈၉ဂရမ် ရှိပါတယ်။ Galaxy Note 9 မှာတော့ အဆင့်မြှင့်တင်မှုများ ပြုလုပ်ထားတဲ့ Bluetooth S-pen ပါရှိမှာပါ။ Galaxy S9+ ရဲ့ 128GB မော်ဒယ်ကို မြန်မာငွေ ၁၂၇,၉၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး Galaxy Note 9 ရဲ့ 128GB မော်ဒယ်ကိုတော့ မြန်မာငွေ ၁၄၉,၉၀၀၀ ကျပ်ဖြင့် ရောင်းချနေတယ်လို့ သိရပါတယ်။