Zawgyi

Samsung Galaxy P30 နဲ႔ ပတ္သတ္ၿပီး ေကာလဟလ သတင္းေတြက မၾကာခဏဆိုသလို ေပါက္ၾကားထြက္ေပၚခဲ့ပါတယ္။ မၾကာေသးမီက ထြက္ေပၚခဲ့တဲ့ သတင္းေတြအရဆိုရင္ Galaxy P30 ဟာ Samsung ရဲ႕ ပထမဦးဆုံး In-display Fingerprint Sensor အသုံးျပဳ စမတ္ဖုန္း ျဖစ္လာႏိုင္ပါတယ္။ ဒီေန႔မွာေတာ့ Galaxy P30 ကို Galaxy A6s အမည္နဲ႔ မိတ္ဆက္ႏိုင္သလို In-display Fingerprint နည္းပညာလည္း ပါဝင္လာႏိုင္ဖြယ္ မရွိတဲ့ သတင္းမ်ား ထပ္မံ ထြက္ေပၚလာျပန္ပါတယ္။

Samsung အေနနဲ႔ အဆိုပါ Galaxy A6s စမတ္ဖုန္းကို လာမယ့္ ေအာက္တိုဘာလ ၁၁ရက္ေန႔မွာ မိတ္ဆက္သြားႏိုင္ေၾကာင္း PhoneArena ရွိ သတင္းမ်ားအရ သိရပါတယ္။ ဒါ့အျပင္ အဆိုပါ မိတ္ဆက္ပြဲမွာ Galaxy A6s အျပင္ Galaxy A9 Pro (2018) ကိုပါ ျမင္ေတြ႕ႏိုင္ေၾကာင္း ခန႔္မွန္းေျပာဆိုထားပါေသးတယ္။ Galaxy A6s ဆိုတာက အာရွေစ်းကြက္မွာ ေရာင္းခ်သြားမယ့္ နာမည္ျဖစ္ႏိုင္ၿပီး ကမာၻအႏွံ႔အျပားကို ျဖန္႔ခ်ီသြားမယ္ဆိုရင္ေတာ့ တျခား နာမည္တစ္ခုနဲ႔ မိတ္ဆက္ႏိုင္တယ္လို႔ သိရပါတယ္။

Galaxy P30 (A6s) နဲ႔ ပတ္သတ္ၿပီး TENAA ကေန တစ္ဆင့္ ေပါက္ၾကားထြက္ေပၚခဲ့တဲ့ အခ်က္အလက္မ်ားလည္း ရွိပါေသးတယ္။ TENAA က ဓာတ္ပုံေတြအရဆိုရင္ Galaxy P30 မွာ In-display Fingerprint နည္းပညာ မပါဝင္ဘဲ ေနာက္ေက်ာဘက္ Fingerprint Sensor သာ တပ္ဆင္ထားတာ ေတြ႕ရပါတယ္။ ဒါ့အျပင္ Display အပိုင္းအတြက္ ၅.၉၈ လက္မ မ်က္ႏွာျပင္ အက်ယ္ရွိ Infinity Display ကို အသုံးျပဳထားႏိုင္ၿပီး ဘက္ထရီ သိုေလွာင္မႈ ပမာဏ 3300mAh ပါဝင္တယ္လို႔ သိရပါတယ္။ ေနာက္ေက်ာဘက္မွာ Dual Camera ကို ေဒါင္လိုက္တပ္ဆင္ထားတာ ေတြ႕ရၿပီး တျခား Specification ေတြကိုေတာ့ အတိအက် မသိရေသးပါဘူး။ ဒါေပမယ့္လည္း လာမယ့္ ေအာက္တိုဘာလ ၁၁ရက္ေန႔မွာ မိတ္ဆက္သြားႏိုင္တယ့္အတြက္ အၾကာႀကီး ေစာင့္စရာေတာ့ လိုအပ္မွာ မဟုတ္ပါဘူး။

Ref : indianexpress

Unicode

Samsung Galaxy P30 ကို Galaxy A6s အဖြစ် ကင်ပွန်းတပ်ပြီး အောက်တိုဘာလ ၁၁ရက်နေ့မှာ မိတ်ဆက်နိုင်ဖွယ်ရှိ

Samsung Galaxy P30 နဲ့ ပတ်သတ်ပြီး ကောလဟလ သတင်းတွေက မကြာခဏဆိုသလို ပေါက်ကြားထွက်ပေါ်ခဲ့ပါတယ်။ မကြာသေးမီက ထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရဆိုရင် Galaxy P30 ဟာ Samsung ရဲ့ ပထမဦးဆုံး In-display Fingerprint Sensor အသုံးပြု စမတ်ဖုန်း ဖြစ်လာနိုင်ပါတယ်။ ဒီနေ့မှာတော့ Galaxy P30 ကို Galaxy A6s အမည်နဲ့ မိတ်ဆက်နိုင်သလို In-display Fingerprint နည်းပညာလည်း ပါဝင်လာနိုင်ဖွယ် မရှိတဲ့ သတင်းများ ထပ်မံ ထွက်ပေါ်လာပြန်ပါတယ်။

Samsung အနေနဲ့ အဆိုပါ Galaxy A6s စမတ်ဖုန်းကို လာမယ့် အောက်တိုဘာလ ၁၁ရက်နေ့မှာ မိတ်ဆက်သွားနိုင်ကြောင်း PhoneArena ရှိ သတင်းများအရ သိရပါတယ်။ ဒါ့အပြင် အဆိုပါ မိတ်ဆက်ပွဲမှာ Galaxy A6s အပြင် Galaxy A9 Pro (2018) ကိုပါ မြင်တွေ့နိုင်ကြောင်း ခန့်မှန်းပြောဆိုထားပါသေးတယ်။ Galaxy A6s ဆိုတာက အာရှစျေးကွက်မှာ ရောင်းချသွားမယ့် နာမည်ဖြစ်နိုင်ပြီး ကမ္ဘာအနှံ့အပြားကို ဖြန့်ချီသွားမယ်ဆိုရင်တော့ တခြား နာမည်တစ်ခုနဲ့ မိတ်ဆက်နိုင်တယ်လို့ သိရပါတယ်။

Galaxy P30 (A6s) နဲ့ ပတ်သတ်ပြီး TENAA ကနေ တစ်ဆင့် ပေါက်ကြားထွက်ပေါ်ခဲ့တဲ့ အချက်အလက်များလည်း ရှိပါသေးတယ်။ TENAA က ဓာတ်ပုံတွေအရဆိုရင် Galaxy P30 မှာ In-display Fingerprint နည်းပညာ မပါဝင်ဘဲ နောက်ကျောဘက် Fingerprint Sensor သာ တပ်ဆင်ထားတာ တွေ့ရပါတယ်။ ဒါ့အပြင် Display အပိုင်းအတွက် ၅.၉၈ လက်မ မျက်နှာပြင် အကျယ်ရှိ Infinity Display ကို အသုံးပြုထားနိုင်ပြီး ဘက်ထရီ သိုလှောင်မှု ပမာဏ 3300mAh ပါဝင်တယ်လို့ သိရပါတယ်။ နောက်ကျောဘက်မှာ Dual Camera ကို ဒေါင်လိုက်တပ်ဆင်ထားတာ တွေ့ရပြီး တခြား Specification တွေကိုတော့ အတိအကျ မသိရသေးပါဘူး။ ဒါပေမယ့်လည်း လာမယ့် အောက်တိုဘာလ ၁၁ရက်နေ့မှာ မိတ်ဆက်သွားနိုင်တယ့်အတွက် အကြာကြီး စောင့်စရာတော့ လိုအပ်မှာ မဟုတ်ပါဘူး။

Ref : indianexpress