Samsung ကနေ Galaxy S Light Luxury နာမည်နဲ့ စမတ်ဖုန်းအသစ်တစ်ခုကို တရုတ်နိုင်ငံမှာ မိတ်ဆက်သွားခဲ့ပါတယ်။ အခု စမတ်ဖုန်းဟာ Samsung ရဲ့ မနှစ်က ထွက်ရှိခဲ့တဲ့ Samsung Galaxy S8 စမတ်ဖုန်းနဲ့ တူညီပေမယ့် ဈေးနှုန်း နဲ့ စွမ်းဆောင်ရည်ပိုင်း အနည်းငယ်လျော့ချလာခဲ့တာဖြစ်ပါတယ်။

Samsung Galaxy S Light Luxury ဖုန်းဟာ 5.8″ ရှိတဲ့ Super AMOLED Display ကိုပဲ အသုံးပြုထားပေးမယ့် Resolution ကတော့ Full HD+ ပဲရှိတော့မှာဖြစ်ပါတယ်။ ဒါပေမယ့် Infinity Display ကိုတော့ အသုံးပြုထားတုန်းပဲဖြစ်ပါတယ်။

Processor ပိုင်းမှာတော့ Qualcomm Snapdragon 660 Processor ကိုပဲ အသုံးပြုထားပြီးတော့ RAM 4GB နဲ့ Storage 64GB ထည့်သွင်းပေးထားတာကတော့ Samsung Galaxy S8 နဲ့ တူညီနေပါတယ်။ ကင်မရာပိုင်းကလည်း S8 အတိုင်း 12MP Back Camera နဲ့ Front 8MP Selfie Camera နဲ့ပါ။

ကျန်တဲ့အချက်တွေကတော့ Samsung Galaxy S8 အတိုင်းပဲဖြစ်ပြီးတော့ 3000mAh Battery ၊ IP68 Water Resistant ၊ Fingerprint Scanner ၊ Iris Scanner နဲ့ Bixby တွေလည်း ပါဝင်ဦးမှာပါ။

Samsung က အခု Galaxy S Light Luxury စမတ်ဖုန်းကို တရုတ်နိုင်ငံမှာပဲရောင်းချနေသေးပြီးတော့ စေျးနှုန်းအနေနဲ့ ဒေါ်လာ ၆၀၀ အောက်အတွင်းရှိတယ်လို့ သိရပါတယ်။