[Zawgyi]

Samsung Galaxy S10 စီးရီးနဲ႔ပတ္သတ္တဲ့ သတင္းေတြကေတာ့ တစ္မ်ိဴးၿပီး တစ္မ်ိဴး မ႐ိုးႏိုင္ေအာင္ ထြက္ၿပီးရင္း ထြက္လို႔ေနပါတယ္။ လက္ရွိ ၾကားသိေနရတဲ့ သတင္းေတြအရဆိုရင္ေတာ့ Samsung Galaxy S10 စီးရီးမွာ ပါဝင္မယ့္ နည္းပညာ အသစ္အဆန္းေတြက အမ်ားႀကီးပါ။

In-Display Hole Camera ပါဝင္ႏိုင္တယ္ဆိုတာကေတာ့ အားလုံးသိၿပီးသား ျဖစ္မွာပါ။ အဆိုပါ In-Display Hole Camera ေပၚမွာပဲ Swipe လုပ္ၿပီး အသုံးျပဳႏိုင္မယ့္ Gesture Feature နဲ႔ Android ဖုန္းေတြထဲမွာ အေသးဆုံး Chin ျဖစ္လာႏိုင္တဲ့ သတင္းေတြကလည္း မၾကာေသးခင္ကမွ ေလာေလာလတ္လတ္ထြက္ရွိထားတဲ့ ပူပူေႏြးေႏြး သတင္းေတြပါ။ ဒါ့အျပင္ Screen ထဲကေန အသံေတြထြက္လာမယ့္ Sound on Display (SoD) နည္းပညာကိုလည္း CES 2019 မွာ Samsung က ျပသသြားမယ္လို႔ သိရပါတယ္။ SoD နည္းပညာက Galaxy S10 စီးရီးမွာ စတင္ပါဝင္လာႏိုင္သလား ဆိုတာကို အတိအက် ေျပာလို႔မရေသးမယ့္ ေနာက္လာမယ့္ Galaxy စီးရီးေတြမွာေတာ့ ေသခ်ာေပါက္ပါဝင္လာမွာပါ။

အခုလည္း Samsung Galaxy S10 စီးရီးမွာ Face Unlock စနစ္အတြက္ 3D ToF (Time of Flight) Sensor ကို အသုံးျပဳထားတယ္ဆိုတဲ့ သတင္းေတြ ထပ္မံထြက္ေပၚလာျပန္ပါတယ္။ ToF Sensor ေတြဟာ Sensor နဲ႔ Object ၾကားက အကြာအေဝးေတြကို တိုင္းတာၿပီး 3D ပုံရိပ္ေတြအျဖစ္ ဖမ္းယူေပးတာ ျဖစ္ပါတယ္။ Face Unlock စနစ္အတြက္ အသုံးျပဳထားတဲ့ 3D ToF Sensor ေတြကို Xiaomi Mi 8 Explorer Edition နဲ႔ Huawei Mate 20 Pro တို႔မွာ ျမင္ေတြ႕ႏိုင္ပါတယ္။ Oppo R17 Pro မွာလည္း 3D ToF Sensor ပါဝင္ေပမယ့္ Face Unlock စနစ္အတြက္ ထည့္သြင္းထားတာ မဟုတ္ဘဲ AR Features ေတြကို အသုံးျပဳႏိုင္ဖို႔အတြက္ ေက်ာဘက္မွာ တပ္ဆင္ေပးထားတာ ျဖစ္ပါတယ္။ ေကာလဟလသတင္းေတြအရဆိုရင္ေတာ့ 3D ToF Sensor ကို Galaxy S10 စီးရီးရဲ႕ ေစ်းအႀကီး ေမာ္ဒယ္မွာပဲ အသုံးျပဳထားႏိုင္တယ္လို႔ သိရပါတယ္။

Ref : gadgets.ndtv

[Unicode]

Samsung Galaxy S10 စီးရီးမှာ 3D ToF Sensor ပါဝင်လာနိုင်

Samsung Galaxy S10 စီးရီးနဲ့ပတ်သတ်တဲ့ သတင်းတွေကတော့ တစ်မျိူးပြီး တစ်မျိူး မရိုးနိုင်အောင် ထွက်ပြီးရင်း ထွက်လို့နေပါတယ်။ လက်ရှိ ကြားသိနေရတဲ့ သတင်းတွေအရဆိုရင်တော့ Samsung Galaxy S10 စီးရီးမှာ ပါဝင်မယ့် နည်းပညာ အသစ်အဆန်းတွေက အများကြီးပါ။

In-Display Hole Camera ပါဝင်နိုင်တယ်ဆိုတာကတော့ အားလုံးသိပြီးသား ဖြစ်မှာပါ။ အဆိုပါ In-Display Hole Camera ပေါ်မှာပဲ Swipe လုပ်ပြီး အသုံးပြုနိုင်မယ့် Gesture Feature နဲ့ Android ဖုန်းတွေထဲမှာ အသေးဆုံး Chin ဖြစ်လာနိုင်တဲ့ သတင်းတွေကလည်း မကြာသေးခင်ကမှ လောလောလတ်လတ်ထွက်ရှိထားတဲ့ ပူပူနွေးနွေး သတင်းတွေပါ။ ဒါ့အပြင် Screen ထဲကနေ အသံတွေထွက်လာမယ့် Sound on Display (SoD) နည်းပညာကိုလည်း CES 2019 မှာ Samsung က ပြသသွားမယ်လို့ သိရပါတယ်။ SoD နည်းပညာက Galaxy S10 စီးရီးမှာ စတင်ပါဝင်လာနိုင်သလား ဆိုတာကို အတိအကျ ပြောလို့မရသေးမယ့် နောက်လာမယ့် Galaxy စီးရီးတွေမှာတော့ သေချာပေါက်ပါဝင်လာမှာပါ။

အခုလည်း Samsung Galaxy S10 စီးရီးမှာ Face Unlock စနစ်အတွက် 3D ToF (Time of Flight) Sensor ကို အသုံးပြုထားတယ်ဆိုတဲ့ သတင်းတွေ ထပ်မံထွက်ပေါ်လာပြန်ပါတယ်။ ToF Sensor တွေဟာ Sensor နဲ့ Object ကြားက အကွာအဝေးတွေကို တိုင်းတာပြီး 3D ပုံရိပ်တွေအဖြစ် ဖမ်းယူပေးတာ ဖြစ်ပါတယ်။ Face Unlock စနစ်အတွက် အသုံးပြုထားတဲ့ 3D ToF Sensor တွေကို Xiaomi Mi 8 Explorer Edition နဲ့ Huawei Mate 20 Pro တို့မှာ မြင်တွေ့နိုင်ပါတယ်။ Oppo R17 Pro မှာလည်း 3D ToF Sensor ပါဝင်ပေမယ့် Face Unlock စနစ်အတွက် ထည့်သွင်းထားတာ မဟုတ်ဘဲ AR Features တွေကို အသုံးပြုနိုင်ဖို့အတွက် ကျောဘက်မှာ တပ်ဆင်ပေးထားတာ ဖြစ်ပါတယ်။ ကောလဟလသတင်းတွေအရဆိုရင်တော့ 3D ToF Sensor ကို Galaxy S10 စီးရီးရဲ့ စျေးအကြီး မော်ဒယ်မှာပဲ အသုံးပြုထားနိုင်တယ်လို့ သိရပါတယ်။

Ref : gadgets.ndtv