Samsung ဟာ မကြာခင်က Galaxy S10e, S10 နဲ့ S10+ အတွက် Android 12 အခြေပြု One UI 4 Stable Update ကို ဖြန့်ချိပေးခဲ့ပြီး အခုတော့ Galaxy S10 5G ရဲ့ အလှည့်ရောက်လာပါပြီ။

Samsung Galaxy S10 5G gets Android 12-based One UI 4 stable update, S21  series receiving it in China - GSMArena.com news

အဲဒီ Update ရဲ့ Firmware Version က  G977BXXUBGULB ဖြစ်ပြီး Android 12 နဲ့ One UI 4 လုပ်ဆောင်ချက်တွေ ပါလာပါတယ်။ Galaxy S10 5G ရဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွက် Android Security Patch လည်း ထည့်သွင်းပေးထားပါတယ်။

Samsung Galaxy S10 5G မှာ Night Mode ရပြီ – MyTech Myanmar

One UI 4 Stable Build ကို လက်ရှိ ဆွစ်ဇာလန်မှာ ဖြန့်ချိပေးနေပြီ ဖြစ်ပြီး ၁ ပတ်၊ ၂ ပတ်အတွင်း တခြား ဥရောပနိုင်ငံတွေမှာ ရရှိတော့မှာ ဖြစ်ပါတဘ်။ သင့် စမတ်ဖုန်းမှာ Update Notification မပေါ်လာရင် Settings> Software Update ထဲမှာ Update ရပြီလားဆိုတာ စစ်ဆေးနိုင်ပါတယ်။

Galaxy S10 5G အတွက် ဆွစ်ဇာလန်မှာ One UI 4 Stable Update ကို ဖြန့်ချိပေးလိုက်တဲ့အပြင် Samsung ဟာ တရုတ်က Galaxy S21 , S21+ နဲ့ S21 Ultra အတွက်လည်း One UI 4 ကို ဖြန့်ချိပေးလိုက်ပြီး Firmware Version က G99x0ZCU2BUL3 ဖြစ်ကာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွက် Android Security Update ထည့်သွင်းထားပါတယ်။

Ref : gsmarena